အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ(Inn National League Party)ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
ကြေညာချက်အမှတ် ( ၂၀ / ၂၀၂၃ )
၁၃၈၅ ခုနှစ် ၊ ကဆုန်လပြည့်ကျော်  ၁၃   ရက်
( ၂၀၂၃ ခုနှစ် ၊ မေလ   ၁၆   ရက် )
အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ (Inn National League Party) ကို 
နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခြင်း
ရှမ်းပြည်နယ် (တောင်ပိုင်း)၊  ညောင်ရွှေမြို့၊  ကံသာရပ်၊  တိတ်နန်းတံတားအနီး၊  ရုံးကြီးလမ်းတွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားရှိသော  အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ (Inn National League Party) ကို ၂၀၂၃ ခုနှစ်၊ မေလ ၁၆ ရက်နေ့မှစ၍ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင် ခွင့်ပြုကြောင်း ကြေညာလိုက်သည်။
အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ (Inn National League Party) ၏   မှတ်ပုံတင်အမှတ်မှာ  (၁၅) ဖြစ်ပါသည်။

    ( ပုံ ) သိန်းစိုး
    ဥက္ကဋ္ဌ
    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်