
နေပြည်တော် မေ ၁၈
မေ ၁၈ ရက် မြန်မာစံတော်ချိန် ၀၅ နာရီ ၁၉ မိနစ် ၅၆ စက္ကန့် တွင် နမ့်စန်မြေငလျင်စခန်းမှ အရှေ့မြောက်ဘက် ၇၈ မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ကျိုင်းတုံမြို့၏ အနောက်မြောက်ဘက် ၅၆ မိုင် ခန့်အကွာ)၊ မြောက်လတ္တီတွဒ် ၂၁ ဒသမ ၅၄ ဒီဂရီ၊ အရှေ့ လောင်ဂျီတွဒ် ၉၈ ဒသမ ၇၅ ဒီဂရီ၊ အနက် ၃၂ ကီလိုမီတာ ကို ဗဟိုပြု၍ အင်အားရစ်(ချ်)တာစကေး ၄ ဒသမ ၉ အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှား သွားကြောင်း တိုင်းထွာရရှိ သည်။
မိုး/ဇလ