
၁။ ကျန်းမာရေးဝန်ကြီးဌာနသည် အရည်အသွေး စစ်မှန်ကောင်းမွန်ပြီး ဘေးဥပဒ်အန္တရာယ် ကင်းရှင်း ကာ အကျိုးအာနိသင်ရှိသော တိုင်းရင်းဆေးဝါးများကို အများပြည်သူတို့ သုံးစွဲနိုင်ရန် စဉ်ဆက်မပြတ် စနစ်တကျ စစ်ဆေးလျက်ရှိပါသည်။
၂။ ယင်းသို့စစ်ဆေးရာတွင် ဈေးကွက်အတွင်း ထပ်မံတွေ့ရှိရသော အာရှရွှေကြယ်အမှတ်တံဆိပ် အဆစ်အမျက်ရောင်ရောဂါ သောက်ဆေးသည် ပင်ရင်းလိပ်စာဖော်ပြမထားခြင်း၊ အခြားဆေး၏ တိုင်းရင်းဆေးဝါး မှတ်ပုံတင်အမှတ်- TMR နံပါတ် အား ထည့်သွင်းအသုံးပြုထားခြင်း၊ ဓာတ်ခွဲစစ်ဆေး စမ်းသပ်ချက်အရ ဆေးထုပ်တွင်ဖော်ပြထားသော ဆင်တုံးမနွယ်၊ ကွမ်းရွက်နှင့် နနွင်းခါးမတွေ့ရှိခြင်း၊ ဆေးထုပ်တွင် ဖော်ပြမထားသော နံသာဖြူ၊ နံသာနီ၊ ခရေ၊ လေးညှင်း၊ ပဲနံသာ၊ ကွမ်းစားဂမုန်း၊ နွယ်ချို၊ ကံ့ကော်ဝတ်ဆံတို့ကို တွေ့ရှိရခြင်းနှင့် အနောက် တိုင်းဆေး Paracetamol ပါဝင်နေသည်ကို စစ်ဆေး တွေ့ရှိရသဖြင့် စစ်မှန်အစွမ်းထက်မှုကို အာမခံချက် မပေးနိုင်သောကြောင့် အများပြည်သူများ သုံးစွဲရန် မသင့်လျော်ကြောင်း အသိပေးအပ်ပါသည်။
၃။ တိုင်းရင်းဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးသည့် လုပ်ငန်းများနှင့် ဆေးဝါးရောင်းချသည့် ဆေးဆိုင် များသည် တိုင်းရင်းဆေးပညာ ဦးစီးဌာနတွင် မှတ်ပုံတင်ထားခြင်းမရှိသော တိုင်းရင်းဆေးဝါးများ၊ ဆေးဝါးအတုများ၊ စံမညီတိုင်းရင်းဆေးဝါးများ၊ အများပြည်သူ သုံးစွဲရန်မသင့်ကြောင်း ကြေညာ ထားသည့် တိုင်းရင်းဆေးဝါးများ တင်သွင်းဖြန့်ဖြူး ရောင်းချခြင်းများကို ကျင့်ဝတ်(Ethic)အရ လုံးဝ (လုံးဝ)မပြုလုပ်ရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိ ပါက တိုင်းရင်းဆေးဝါးဥပဒေပုဒ်မ (၃၁)၊ (၃၂) အရ တရားစွဲဆိုအရေးယူမည်ဖြစ်ကြောင်း အသိပေးအပ်ပါ သည်။
ကျန်းမာရေးဝန်ကြီးဌာန