အနောက်တောင်တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက်တပ်ရင်း၊ တပ်ဖွဲ့များ၌ ကျောင်းသား ကျောင်းသူများအတွက် နွေရာသီ သင်တန်းများဖွင့်လှစ်

 

 

နေပြည်တော်   ဧပြီ   ၁၈
နိုင်ငံတကာသုံး ဘာသာစကားဖြစ် သည့်  အင်္ဂလိပ်စာကို  အခြေခံမှ စ၍  ကျွမ်းကျင်တတ်မြောက်စေ ရန်၊     ကွန်ပျူတာကျွမ်းကျင် စေရန်နှင့်     မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရန်၊   ဇာတိ သွေး၊    ဇာတိမာန်   ထက်မြက် မြင့်မားစေရန်နှင့်     မြန်မာ့သိုင်း ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင် နိုင်စေရန် ရည်ရွယ်၍ အနောက် တောင်တိုင်း    စစ်ဌာနချုပ်ရှိ တပ်မတော်သား    မိသားစုဝင် သားသမီးများအတွက်  ဖွင့်လှစ် သည့် အခြေခံအင်္ဂလိပ်စာ သဒ္ဒါနှင့် စကားပြောသင်တန်း၊  ကွန်ပျူတာ သင်တန်းနှင့်       မြန်မာ့သိုင်း သင်တန်းဖွင့်ပွဲ ကို   ယနေ့ မွန်းလွဲ ပိုင်းတွင်     တိုင်းစစ်ဌာနချုပ် ဧရာဝတီခန်းမ၌      ပြုလုပ်ရာ    တိုင်းမှူး ဗိုလ်ချုပ် အောင်အောင် နှင့် အဖွဲ့ဝင်များ၊ သင်တန်းနည်းပြ များနှင့်  သင်တန်းသား၊  သင်တန်း သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အဖွင့်အမှာ စကားပြောကြားသည်။ ထို့နောက်  တိုင်းမှူးနှင့်     အဖွဲ့ဝင်များက သင်တန်း  တက်ရောက်ကြမည့်     သင်တန်းသား၊  သင်တန်းသူများ ကို  လိုက်လံနှုတ်ဆက်ကြသည်။ အဆိုပါသင်တန်းများတွင် အခြေခံ အင်္ဂလိပ်စာသဒ္ဒါနှင့်  စကားပြော သင်တန်းကို    သင်တန်းသား၊ သင်တန်းသူ ၂၄ ဦး၊   ကွန်ပျူတာ သင်တန်းကို     သင်တန်းသား၊ သင်တန်းသူ ၅၅ ဦးနှင့် မြန်မာ့ သိုင်းသင်တန်းကို သင်တန်းသား၊    သင်တန်းသူ   ၆၂  ဦးတို့ဖြင့်   မေ ၁၃ ရက်အထိ ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရှိရ သည်။
အလားတူ   ယဉ်ကျေးလိမ္မာ သင်တန်းများကိုလည်း    တိုင်းစစ် ဌာနချုပ်နှင့်    ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့အသီးသီး၌ ယနေ့ မှ    စတင်ဖွင့်လှစ်သင်ကြားပေး လျက်ရှိရာ       သင်တန်းသား၊ သင်တန်းသူ  စုစုပေါင်း ၄၇၃ ဦး ကို  မေ ၁၃ ရက်အထိ  သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရ သည်။                      သတင်းစဉ်