အနောက်နှင့် ဗဟိုအာဖရိကဒေသတစ်ဝန်း ရေကြီးမှုကြောင့် လူ ၁၄၀၀ သေဆုံးပြီး နောက်ထပ် နေရပ်စွန့်ခွာသူ ၂ ဒသမ ၉ သန်းရှိ

 

ဂျီနီဗာ ဒီဇင်ဘာ ၁၇
အနောက်အာဖရိကနှင့်   ဗဟို အာဖရိကဒေသတစ်ဝန်း မိုးသည်း ထန်စွာရွာသွန်းမှုနှင့်အတူ  ရေကြီး ရေလျှံမှုများကြောင့်     လူပေါင်း ၁၄၀၀  သေဆုံးပြီး  နောက်ထပ် နေရပ်စွန့်ခွာသူ  ၂ ဒသမ ၉ သန်း  ရှိလာကြောင်း      ကုလသမဂ္ဂ   လူသားချင်း စာနာထောက်ထားမှု အဖွဲ့က   ဒီဇင်ဘာ ၁၆ ရက်တွင် ပြောသည်။ 
ဒေသတစ်ဝန်းရှိ နိုင်ငံပေါင်း ၂၀  တွင်   နှစ်များစွာအတွင်း အဆိုးရွားဆုံး  ရေကြီးရေလျှံမှုဖြစ် ပေါ်ခဲ့ပြီး လူပေါင်း ၈ ဒသမ ၂ သန်း ၏ အသက်အိုးအိမ်များ၊ ၎င်းတို့၏ မွေးမြူရေးတိရစ္ဆာန်များ၊ ပိုင်ဆိုင်မှု နှင့်       လယ်ယာမြေများစွာကို ထိခိုက်ပျက်စီးမှု ဖြစ်ပွားခဲ့သည်ဟု ကုလသမဂ္ဂ    လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေး ရုံး (အိုစီအိတ်ချ်အေ) က ပြော သည်။ 
ထို့အပြင် ဆက်လက်ဖြစ်ပေါ် နေသော     ရေကြီးရေလျှံမှုကြောင့် အိုးအိမ် ၅၁၃၀၀၀ ကျော်ကို ပျက် စီးစေခဲ့ကြောင်း  အိုစီအိတ်ချ်အေ က  ဆက်ပြောသည်။   ထို့အပြင် ဗဟိုအာဖရိက၏  ဒေသအများ အပြားတွင်           စားနပ်ရိက္ခာ မလုံလောက်မှု၊ အာဟာရချို့တဲ့မှု၊ မတည်ငြိမ်မှု၊ အကြမ်းဖက်မှုများ နှင့်        ကြီးကြီးမားမား  ရင်ဆိုင် ကြုံတွေ့ရကြောင်း အဆိုပါရုံးက ပြောသည်။  အစိုးရတာဝန်ရှိသူ များနှင့် ဒေသဆိုင်ရာ အာဏာပိုင် များသည်    လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ  အေဂျင်စီ များ၏    ထောက်ပံ့ကူညီမှုဖြင့်     တုံ့ပြန်ဆောင်ရွက်မှုများ    လုပ် ဆောင်လျက်ရှိကြောင်း     သိရ သည်။                           ဆင်ဟွာ