အနောက်ကမ္ဘာမီဒီယာကို တန်ပြန်ချေဖျက်စွမ်းမည့် BRICS မီဒီယာဖိုရမ်နှင့် Innovation Diary

Type

 

မိုးမြင့်

ယနေ့ကမ္ဘာ့မီဒီယာလောကသည် အနောက်အုပ်စုနှင့် အမေရိကန်နိုင်ငံတို့၏ အခြယ်လှယ်ခံဘဝ ရောက်နေသည်မှာ   ကြာမြင့်ခဲ့ပါပြီ။   အနောက်ကမ္ဘာမီဒီယာသည် ကမ္ဘာ့တိုင်းပြည်များစွာ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်စုံတွင် ဝင်ဆံ့သည်၊ ဩဇာလွှမ်းသည်။ အနောက်အုပ်စု၏ ခြယ်လှယ်မှုအောက်မှာ ဖွံ့ဖြိုးဆဲနိုင်ငံ၊ နိုင်ငံငယ်များသည်  သူတို့၏နစ်နာမှု၊  သူတို့အတွက်   အပေါင်းလက္ခဏာမဆောင်သည့် ထင်မြင် ချက်၊ မဟုတ်မမှန်သည်များအပေါ် ထောက်ပြဝေဖန်ခွင့်မရ၊ ဖြေရှင်းခွင့်မရ အရာမထင်ဖြစ်နေရသည်။

အနောက်အုပ်စု အထူးသဖြင့် အမေရိကန်သည် သူ၏ပြိုင်ဘက်နိုင်ငံများ   အထူးသဖြင့်     ရုရှားနှင့် တရုတ်နိုင်ငံတို့အပေါ်    ဝါဒဖြန့်ချိရေးစစ်ပွဲများကို ခေတ်အဆက်ဆက်  ဆင်နွှဲခဲ့သည်၊၊   သူတို့မီဒီယာ များသာ  အမှန်ဖြစ်၍    ဆန့်ကျင်ဘက်နိုင်ငံများ၏ မီဒီယာများကိုမူ    တံဆိပ်အမျိုးမျိုးတပ်   ပုတ်ခတ် စွပ်စွဲလေ့ရှိသည်။ တရုတ်နိုင်ငံ၏  The   Global Times   သတင်းစာကြီးကို  တရုတ်အမျိုးသားရေး ဝါဒီတို့၏ လူပြိန်းကြိုက်သတင်းစာအဖြစ် သမုတ် ခဲ့ပြီး ရုရှားနိုင်ငံ၏ RT သတင်းဌာနကို ကရင်မလင် သြဇာ‌ညောင်းသည့်  နိုင်ငံပိုင်သတင်းဌာနတစ်ခု အဖြစ် လိမ်ညာတံဆိပ်ကပ်ကြသည်။  
အမေရိကန်နိုင်ငံကိုယ်၌ရှိ        နာမည်ကြီး သတင်းစာအချို့သည်    အစိုးရအာဘော်ကိုသာ ထင်ဟပ်ပြီး   ဘက်လိုက်သည့်သတင်းများကိုသာ ဖော်ပြကြကာ  မီဒီယာလောကကို    လက်ဝါးကြီး အုပ်ထားသည်ဟုဆိုသည်။ နိုင်ငံရေးပါတီတစ်ခုခု၏ ထိန်းချုပ်ခံသတင်းစာများအဖြစ်လည်း  ဆိုစမှတ် ပြုခံရသည်။ ဥပမာ-   The   New   York   Times သတင်းစာကြီးဆိုလျှင် အစိုးရဘက်လိုက်သတင်း များကိုသာ  ဖော်ပြလေ့ရှိပြီး    ဒီမိုကရက်တို့က ထိန်းချုပ်ထားသည့်သတင်းစာအဖြစ်   ထင်ဟပ် ခံရသည်။ 
မှိုင်းတိုက်သတင်းဌာနတစ်ခုအဖြစ် နာမည်ကြီး
ထို့အတူ  VOA သတင်းဌာန... ထိုသတင်းဌာန သည်လည်း    အမေရိကန်အစိုးရအဆက်ဆက်က ထောက်ပံ့ထားသည့်       သတင်းဌာနသာဖြစ်၍  ထုတ်လွှင့်သမျှသည်   အမေရိကန်အစိုးရအာဘော် သာဖြစ်ရပြီး ပြိုင်ဘက်ပါတီ သို့မဟုတ် ပြိုင်ဘက် မည်သည့်နိုင်ငံ၏      မှန်ကန်သောသတင်းကိုမျှ ကိုယ်စားပြုခွင့်မရှိပါ။ နောက်ဥပမာတစ်ခုက BBC ဖြစ်သည်၊၊   “The    Biased   Broadcasting Corporation” ဘက်လိုက်၊  အစွဲမကင်း၊  အလိမ် အညာ မှိုင်းတိုက်သတင်းဌာနတစ်ခုအဖြစ် နာမည် ထွက်သည့်သတင်းဌာနအဖြစ် နာမည်ကြီးသည်။ အခြေအမြစ်မရှိသည့် သတင်းအချက်အလက်များ ကို အဓိကအခြေပြုသည့်အတွက် လူထုကိုလှည့်စား ကာ ထင်ယောင်ထင်မှားဖြစ်စေသည်၊၊ BBC သည် ရုရှား၊  တရုတ်နိုင်ငံတို့နှင့်ပတ်သက်၍  အမြဲလိုလို အနုတ်လက္ခဏာဆောင်သော အဆိုးမြင်များကိုသာ ဖော်ပြလေ့ရှိကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ၏ မှတ်ချက်တစ်ခုကို မှတ်သားမိဖူးသည်။ တကယ် တမ်းမှာ BBC သည် အနောက်အုပ်စု၏ ဝါဒဖြန့်ချိရေး ကိရိယာတစ်ခုသာဖြစ်နေခြင်းက အားလုံးအတွက် အငြင်းပွားစရာမလိုသည့်အချက်ဖြစ်သည်။
အနောက်အုပ်စုမီဒီယာအများစုသည်    သူတို့ ကျင့်သုံး‌သော နိုင်ငံရေးစနစ်မှ ထုတ်လုပ်လိုက်သော ထုတ်ကုန်များသာဖြစ်သည်။  သူတို့အုပ်စု၊   သူတို့ ကျင့်သုံးသော နိုင်ငံရေး၊  လူမှုရေးစနစ်နှင့်   စံနှုန်း များကို အတင်းအဓမ္မသွတ်သွင်းလိုသည့် လက်နက် တစ်ခုအဖြစ်ထက်မပိုပါ။ VOA၊ BBC၊ Radio Free Europe  စသည့်သတင်းဌာနများသည် စစ်အေး ခေတ်ကာလအတွင်း   ဆိုဗီယက်ယူနီယံကို ဖြိုခွဲရာ တွင် အစွမ်းထက်သော လက်နက်များဖြစ်ခဲ့သည်။ အရင်းရှင်နှင့်       လစ်ဘရယ်အားကောင်းသည့်‌ ခေတ်ဦးကာလများကို ပြန်ကြည့်လျှင် အမေရိကန် နှင့်  နေတိုးနိုင်ငံများ၏  ကျူးကျော်စစ်များအပေါ် အနောက်နိုင်ငံက   စစ်ဆန့်ကျင်ရေးပြည်သူများ၊ အတိုက်အခံလက်ဝဲစစ်ဆန့်ကျင်ရေးအသံများမှာ စစ်လိုလားသူစစ်ဝါဒီများပိုင်ဆိုင်သော   လက်ကိုင် မီဒီယာများ၏ ဖိနှိပ်မှုအောက်တွင် တိတ်ဆိတ်သွား ခဲ့ရသည်။ 
နိုင်ငံတကာရေးရာ၌  တစ်လေသံတည်းထွက်
မတူကွဲပြားမှုကို        လက်ခံကြသော်လည်း နိုင်ငံတကာရေးရာ၌       အနောက်မီဒီယာများက တစ်လေသံတည်းသာ ထွက်ကြသည်။  ရုရှားနှင့် တရုတ်နိုင်ငံတို့တွင် တည်ငြိမ်မှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ တရားဥပဒေစိုးမိုးမှုတို့ အကောင်းဆုံးအခြေအနေမှာ ရောက်ရှိနေသည့်တိုင် ၎င်းနိုင်ငံများကို အာဏာရှင် အဖြစ် ပုံဖော်၍ကောင်းတုန်း၊ မနှစ်မြို့စရာများအဖြစ် မတရားဖော်ပြ၍မဆုံးဖြစ်ရသည်။ အကြမ်းဖက်ကို လုံးဝမနှစ်မြို့ဟုဆိုသည့် အနောက်တိုင်းစာနယ်ဇင်း များသည် တရုတ်၊ ရုရှား၊  အီရန်၊ မြန်မာ စသည့်နိုင်ငံ များအတွင်း   တရားဥပဒေစိုးမိုးရေးကို  ရက်ရက် စက်စက်ချိုးဖောက်ကြသည့်    အကြမ်းဖက်စစ်စစ် များကိုမူ ဒီမိုကရေစီသူရဲကောင်းများအဖြစ် ကင်ပွန်း တပ်ကြပြန်သည်။
  အစိုးရပြိုလဲသည်အထိ ဝင်ရောက်စွက်ဖက်
 အမေရိကန်ဦးဆောင်သည့်  အနောက်အုပ်စု သည်    သူတို့၏ဩဇာအရှိန်အဝါကို    ပြသရန် မီဒီယာကို ကောင်းစွာအသုံးချခဲ့ကြသည်။    သူတို့ မကြိုက်သည့်အစိုးရများပြိုလဲသည်အထိ မီဒီယာ ဖြင့် ဝင်ရောက်စွက်ဖက်ခဲ့ကြသည်။ အစိုးရနှင့် ပြည်သူ၊ ပြည်သူပြည်သူချင်း မီဒီယာဖြင့် ရန်တိုက်ခဲ့ကြသဖြင့် စည်းလုံးညီညွတ်မှုများ    ပြိုကွဲရသည်။   အမှားကို အမှန်၊  အမှန်ကို အမှား  ဖုံးဖိခဲ့ကြသည်။  မီဒီယာကို တလွဲအသုံးချသော       အနောက်တိုင်းသားများ ကြောင့် တိုင်းပြည်များ  ပျက်စီး၊   စနစ်များပျက်စီး ရသည်။ စစ်ပွဲများဖြစ်ရသည်၊ လူအများသေကျေ ရသည်။ ဆေးရုံ၊   ကျောင်း၊   တံတား၊    လမ်းများ ပျက်စီးရသည်။ အိုးမဲ့အိမ်မဲ့ အငတ်ဘေးစစ်ပြေးဘဝ ရောက်ကြရသည်။ 
ရန်ဘက်များအကြား ညီညွတ်မှုမရှိ၊ စည်းဝေး ညှိနှိုင်းအဖြေရှာခွင့်မရအောင် မီဒီယာဖြင့် သွေးထိုး ပေးသည်။ မီဒီယာလက်နက်ဖြင့် နိုင်ငံငယ်များ၏ ကြွယ်ဝသည့်   သယံဇာတများကို   ကုပ်သွေးစုပ် အမြတ်ထုတ်ကြသည်။ ပစ်မှတ်နိုင်ငံတွင် ပြဿနာ မဖြစ်ဖြစ်အောင်ဖန်တီး၍      ပြည်တွင်းမငြိမ်မသက် ဖြစ်၊  ပြည်တွင်းစစ်ဖြစ်နေပြီဟု ကမ္ဘာကို သတင်းမှား ဖန်တီးကာ ငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ် အမည် ဖြင့်    နိုင်ငံတွင်းဝင်ရောက်တပ်စွဲ၍   ထိုနိုင်ငံ၏ ပြည်တွင်းရေးတွင်  ဝင်ရောက်နှောင့်ယှက်ကြပြန် သည်။   လူ့အခွင့်အရေးအကြောင်းပြ၊   သတင်း လွတ်လပ်ခွင့် တစာစာအော်၊  သူတို့မလိုလားသော   အစိုးရများကို  အဆိုးမြင်အောင် အမျိုးမျိုးခေါင်းစဉ် တပ်   ပြဿနာရှာပြီး အချုပ်အခြာကို  ထိပါးခွင့်ရ အောင်  မီဒီယာဖြင့် ပုံဖော်ကြသည်။ 
တစ်ဖက်သတ် အရေးယူဖို့သာ စိုင်းပြင်း
အမှားကို အမှန်၊ အမှန်ကို  အမှားထင်အောင် သတင်းမှန်ကိုဖုံးဖိ၊  သတင်းတု၊ သတင်းမှားများ အသုံးပြု၍ ကမ္ဘာ့ပြည်သူများ ထင်ယောင်ထင်မှား သံသယဖြစ်သည်အထိ အမေရိကန်တို့ လုပ်ခဲ့ကြ သည့်  သမိုင်းအဖြစ်အပျက် သာဓကပေါင်းများစွာ ရှိခဲ့သည်။ မိမိပြည်တွင်းရေးသည် ပြည်တွင်းရေးသက်သက်သာဖြစ်ကြောင်း၊ ဒေသတွင်းလုံခြုံရေး နှင့် ငြိမ်းချမ်းရေးကို ဘယ်လိုမျှ မထိခိုက်ကြောင်း တာဝန်ရှိသူများက ဘယ်လိုပြောပြော  အနောက် အားပေးမီဒီယာများကပေးသော  မှားယွင်းသည့် အချက်အလက်များ၊  မမှန်သတင်းများကို  သိသိ ကြီးနှင့်သော်လည်းကောင်း၊ မသိချင်ယောင်ဆောင် ၍လည်းကောင်း       အနောက်အုပ်စုလွှမ်းမိုးသော  ကုလသမဂ္ဂအေဂျင်စီများက   မျက်စိမှိတ်ယုံကြ သည်၊ ပြဿနာကို ပုံကြီးချဲ့၍ တစ်ဖက်သတ် အရေး ယူဖို့သာ စိုင်းပြင်းသည်။ 
ယခုဖြစ်ပွားနေသော    ယူကရိန်းပဋိပက္ခတွင် လည်း   အနောက်အုပ်စုမီဒီယာ  လွှမ်းမိုးမှုကသာ အားကောင်းနေခဲ့သည်။ ရုရှားက အရေးနိမ့်နေပြီး ယူကရိန်းက  အရေးသာနေသယောင်   ကမ္ဘာနှင့် ယူကရိန်းပြည်သူများကို   မျက်လှည့်ပြနေသည်။ ရုရှားနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ အောင်မြင် နေကြောင်း၊ ပိတ်ဆို့မှုများကြောင့် ရုရှားစီးပွားရေး ပျက်စီးနေပြီဖြစ်ကြောင်း မမှန်သတင်းများ လွှင့်ကြ သည်။ မီဒီယာအား‌ကြောင့် ရုရှား - ယူကရိန်းပဋိပက္ခ မှာ ကမ္ဘာကြီးက  ရုရှားကိုသာ ကျူးကျော်သူအဖြစ် မြင်ကြသည်။ 
အနောက်နိုင်ငံများကို   ပြန်လည်ဆန့်ကျင်
အီရတ်မှာ အစုလိုက်အပြုံလိုက်လက်နက်များရှိသည်ဟု  သတင်းလိမ်ဖြင့်   ကမ္ဘာကို   ယုံအောင် မျက်လှည့်ပြပြီး အီရတ်ကို အဓမ္မဝင်တိုက်၊ ဆက်ဒန် ဟူစိန်ကိုဖြုတ်ချခဲ့သည့် တကယ့်တရားခံကျူး‌ကျော် အစစ်ကို ကမ္ဘာ့ပြည်သူများ မမေ့သင့်ပါ။ တရားခံ အစစ်ကို အဆိုးမမြင်နိုင်လောက်အောင် အနောက် မီဒီယာလက်နက်အစွမ်းက         ပြင်းလှသည်။ ထို့ကြောင့်   ရုရှားတို့က  အနောက်အုပ်စုမီဒီယာ များလောက်  အားမကောင်းသည့် Sputnik ၊ Tass စသည့် သတင်းဌာနများ၊ တယ်လီဂရမ်ချန်နယ်များ မှ    နေ့စဉ်စစ်မြေပြင်တိုက်ပွဲသတင်းမှန်များကို အချိန်နှင့်တစ်ပြေးညီ    ကြိုးစားထုတ်လွှင့်ပေးနေရ သည်ဟု  ဆိုပါသည်။ ထို့ပြင် ရွေးကောက်ပွဲများတွင် မီဒီယာဖိအားဖြင့် မိမိတို့အားပေးသော အနောက် ဩဇာခံပါတီများ  အနိုင်ရအောင်ပြုလုပ်ကြသည့် သာဓကများလည်း    ရှိနေခဲ့၊     ရှိနေဆဲဖြစ်သည်။ သုံးနှစ်တာကာလအတွင်း     အနောက်အာဖရိကရှိ ဆင်းရဲသည့်နိုင်ငံများတွင် မီဒီယာအားဖြင့် တက်လာ သော  အစိုးရများကို ပြန်လည်ဖြုတ်ချနေကြသည့်      မြင်ကွင်းများကား အဖိနှိပ်ခံနိုင်ငံများဘက်က ဖိနှိပ်သူ အနောက်နိုင်ငံများကို   ပြန်လည်ဆန့်ကျင်သည့် ပြယုဂ်များပင် ဖြစ်ပါတော့သည်။ 
မီဒီယာအားဖြင့် အနောက်တိုင်းယဉ်ကျေးမှုများ နိုင်ငံငယ်များသို့  အထူးသဖြင့် အရှေ့တိုင်းနိုင်ငံများ ၏ ယဉ်ကျေးမှု၊   ဘာသာတရား၊    ဓလေ့ထုံးတမ်း နယ်ပယ်များသို့  များစွာထိုးဖောက်မွှေနှောက်သွား သည်မှာ  ဝမ်းနည်းဖွယ်ရာဖြစ်သည်။   အရှေ့တိုင်း သည်   Westernization   ခေါ်   အနောက်တိုင်း၏ ယဉ်ကျေးမှုတိုက်စားခြင်းခံရသည်မှာ  ကြာခဲ့ပါပြီ။   
အနောက်တိုင်းနိုင်ငံရေးနယ်ပယ်ကလာသော မတူ ကွဲပြားမှုကို လက်ခံခြင်း၊ ဘာသာပေါင်းစုံအယူအဆ၊ လွတ်လပ်စွာပြောဆိုရေးသားခွင့်၊   လူ့အခွင့်အရေး စသည့် အယူအဆများသည် အရှေ့တိုင်းသားတို့ တန်ဖိုးထားသော စံတန်ဖိုးများအတွက် စိန်ခေါ်မှု များအဖြစ်    ရှိနေဆဲဖြစ်သည်။   မီဒီယာအားဖြင့် ထိုးဖောက်ဝင်ရောက်လာသော ၎င်းစကားလုံးများ အယူဝါဒများသည် အစဉ်အလာကိုတန်ဖိုးထားသော ယဉ်ကျေးလူ့အဖွဲ့အစည်းအတွင်းက ခေတ်မီခြင်းကို တလွဲအသုံးချလိုသော လူငယ်လူရွယ်များအတွက်မူ သည်းခြေကြိုက်ဖြစ်နေမည်မှာ မလွဲပါ။
ထို့ကြောင့်လည်းထင်သည်၊    ယခုရက်ပိုင်း အတွင်း  ကမ္ဘာကြီးအတွက်   အပြုသဘောဆောင် သည့်  သတင်းမှတ်ချက်များကား ကျင်းပပြီးစီးခဲ့ သည့်       BRICS     အစည်းအဝေးကြီးနှင့်အတူ တစ်ပြိုင်နက်ထွက်ပေါ်လာခဲ့ပြီဖြစ်သည်။    ဆဋ္ဌမ အကြိမ်မြောက် BRICS မီဒီယာဖိုရမ်က‌ အနောက် မီဒီယာများ၏      ဝါဒဖြန့်လှုံ့ဆော်မှုများအပေါ် စစ်ကြေညာလိုက်ခြင်းတစ်မျိုးဟုပင် ယူဆပါသည်။ ထိုသတင်းများနှင့်အတူ အနောက်အုပ်စု၏ မီဒီယာ အားကိုးဖြင့်     ကမ္ဘာကြီးအပေါ်     စိတ်တိုင်းကျ ခြယ်လှယ်နေမှုများ  တဖြည်းဖြည်းလျော့ပါးသွား တော့မည်လား တွေးနေမိသည်။ 
မီဒီယာကို မီဒီယာဖြင့် ပြန်လည်တုံ့ပြန်ကြရမည်
အထူးသဖြင့် BRICS အဖွဲ့ဝင် တရုတ်နှင့် ရုရှား နိုင်ငံတို့က ဦးဆောင်တိုက်ပွဲဝင်မည့်အနေအထား ဖြစ်လာသည်။ အမေရိကန်သည်  တရုတ်နှင့်   ရုရှား အပါအဝင် မြောက်ကိုရီးယား၊  အီရန်၊  မြန်မာစသည့် အဖိနှိပ်ခံနိုင်ငံများအပေါ်      သမိုင်းတစ်လျှောက် အပြင်းအထန်ဖိအားပေးလာသည်မှာ ယခုကာလ တွင် အဆိုးရွားဆုံးအနေအထား၌ ရောက်ရှိနေသည့် အတွက် ယခုကဲ့သို့  တန်ပြန်အရေးယူဆောင်ရွက် မှုများမှာ နောက်ကျနေသည်ဟုပင် ဆိုရမည်ဖြစ် သည်။ အနောက်နိုင်ငံများမှ အတ္တသမားနယ်ချဲ့နိုင်ငံ ရေးသမားများ၊  ပညာရှင်များ၏  လိုရာဆွဲဘက်လိုက် သည့်မူဝါဒများ  မှားယွင်း‌နေသောအမြင်များစွာကို စုပေါင်းတိုက်ဖျက်ကြရပေတော့မည်။     သူတို့၏ တစ်ဖက်သတ်     စော်ကားပုတ်ခတ်မှုများသည် ကြာလေဆိုးလေဖြစ်လာသည်။  ကမ္ဘာ့ပြည်သူများ အပေါ်  ဆိုးကျိုးသက်ရောက်မှု  များသည်ထက် များလာပြီဖြစ်၍ လက်ပိုက်ကြည့်၍မဖြစ်တော့ပါ။ အနောက်တိုင်းမီဒီယာများကြောင့်  ကမ္ဘာ့ပြည်သူ များအချင်းချင်း     အာဃာတအမုန်းတရားများ ကြီးစိုးလာသည့် အခြေအနေကို  ယနေ့ BRICS အဖွဲ့ဝင်နိုင်ငံများက    ဦးဆောင်ပြီး      ပြန်လည် ကိုင်တွယ်ဖြေရှင်းကြရပါတော့မည်။   မီဒီယာကို မီဒီယာဖြင့်ပင် ပြန်လည်တုံ့ပြန်ကြရမည်ဖြစ်သည်။
အနောက်မီဒီယာများ၏ သားကောင်များဖြစ်
အာဖရိကနှင့်    အာရှမှ     ပြည်သူများသည် အနောက်မီဒီယာများ၏ အစဉ်အဆက် သားကောင် များဖြစ်ခဲ့ကြပြီး  အာဏာရှင်များအောက်မှ    ဒုက္ခ ရောက်နေသည့် ဆင်းရဲသားများသဖွယ် သဘော ထားခံရကာ   အနောက်အရင်းရှင်များအနေဖြင့် သူတို့ကိုယ်သူတို့    မဟာကရုဏာရှင်များအဖြစ် ဆက်လက် ဟန်‌ဆောင်နေကြဦးမည်သာဖြစ်သည်။  သူတို့ ဖန်တီးသည့်စစ်ပွဲများကြောင့် နိုင်ငံများစွာတွင် ဒုက္ခရောက်ကြရသည့်         အခြေအနေဆိုးများကို မသိကျိုးကျွန်ပြု၍   သူတို့ကိုယ်သူတို့    ကယ်တင်ရှင် creators  များအဖြစ်   ဆက်လက်စွက်ဖက်ဦးမှာ သေချာသည်။  အဓိကက   မီဒီယာလက်နက်ပင် ဖြစ်သည်။   အနောက်နိုင်ငံများတွင်    တိုးတက် များပြားလာသော ဆင်းရဲမှုနှုန်းများ၊ ဆိုးရွားလာ သော အခြေအနေမဲ့များ၊    ခွဲခြားဖိနှိပ်မှုအခြေအနေ များကိုမူ    သူတို့မီဒီယာများက   ရေငုံနှုတ်ပိတ် နေကြသည်။ မသိချင်ယောင်ဆောင်နေကြသည်။ 
ထို့ကြောင့် ကမ္ဘာ့အခြားနေရာမှ ပြည်သူများ  သူတို့မသိရသေးသော၊  သိခွင့်မရသော သတင်းမှန် များကို ကြားခွင့်သိခွင့်ရနိုင်မည့် အခွင့်အလမ်းတစ်ခု ပေါ်လာခဲ့ပြီဟုသာဆိုရပါမည်။    မကြာသေးမီက ဂျိုဟန်နက်စဘတ်တွင် ကျင်းပပြီးစီးခဲ့သော (၆) ကြိမ်မြောက်   BRICS    Media    Forum    က  Innovation Diary အင်တာနက်စာမျက်နှာတစ်ခု ဖွင့်လှစ်၍ ဖွံ့ဖြိုးဆဲကမ္ဘာ၏ အသံများကို ကြားနိုင်၊ မြင်နိုင်မည့် စင်မြင့်တစ်ခုကို  တည်ထောင်ပေးပါ တော့မည်။    လက်ဝါးကြီးအုပ်မှု     မခံချင်သည့် ခေါင်းဆောင်များက မှန်ကန်သည့် ဦးတည်ချက်ဖြင့် အမှန်တရားဘက်မှ ခိုင်ခိုင်မာမာ ရပ်တည်ပေးကြ တော့မည်ဖြစ်သည်။ ကာလရှည်ဖုံးကွယ်ထားသော အမှန်တရားများကို ကြိုးစားတူးဆွ ဖွင့်ဟနိုင်ခြင်း အားဖြင့် အနောက်ကမ္ဘာက   ထုတ်လွှင့်နေသော အက်ကြောင်းထပ်နေသည့် ပဋိပက္ခအသံဗလံများ၊ မဟုတ်မဟတ်ယုံတမ်းများ၊ ဖျက်လိုဖျက်ဆီးရေးသား ထားသော စာသားများသည်  တဖြည်းဖြည်းမှေးမှိန် ပျောက်ကွယ်တော့မှာ သေချာပါသည်။ ထိုဆန်းသစ် သော အစီအစဉ်များကြောင့် အိန္ဒိယ၏ တိုးတက် လာသော အာကာသအစီအစဉ်များ၊ တရုတ်နိုင်ငံ၏ အစိမ်းရောင်  ပြန်လည်ပြည့်ဖြိုးမြဲအစီအစဉ်များ၊  တောင်အာဖရိကမှ   ဆင်းရဲမှုနှုန်း   လျှော့ချမည့် ကျန်းမာရေးစောင့်ရှောက်မှုများ စသည့်ဖွံ့ဖြိုးရေး လုပ်ငန်းများကို ကမ္ဘာ့ပြည်သူများ ကြားခွင့်သိခွင့် ရပါတော့မည်။
အနောက်ကမ္ဘာ၏       မီဒီယာများကတော့ သူတို့သန္ဓေတည်ရာပုံစံအတိုင်း    မပြောင်းမလဲ တရစပ်ဝါဒဖြန့်ချိနေဦးမှာပါပဲ။ Unipolar ဝင်ရိုး တန်းတစ်ခုအဖြစ်မှ  ဖြာထွက်လာမည့် Multipolar world ကြီးကို ဘယ်လိုမှ နှစ်မြို့ကြမည်မဟုတ်ပါ။ ထင်ထင်ရှားရှား   ထွက်ပေါ်လာသည့်    BRICS ဦးဆောင် ရုရှားနှင့် တရုတ် နှစ်နိုင်ငံအနေဖြင့်လည်း အမေရိကန်နှင့် လစ်ဘရယ်အုပ်စုကြီး၏ ထီးတည်း ပစ်မှတ်များအဖြစ်  ဆက်လက်ရှိနေမှာ သေချာပါ သည်။ ရုရှား၊ တရုတ်နှင့် မိတ်ဖက်နိုင်ငံများစွာသည် အ‌မေရိကန်၏ တစ်ဖက်သတ်ရန်လိုမှုကို အတူတကွ ရင်ဆိုင်ကြရဦးမည်ဖြစ်သည်။ သို့သော် ကမ္ဘာကြီး ကား ပြောင်းလဲလာနေပါပြီ။ တိုက်ကြီးအားလုံး၊  ဒေသအားလုံး အကျုံးဝင်လွှမ်းခြုံသည့် အလွှာစုံမှ နိုင်ငံတကာပြည်သူများ   စုစည်းလာနေကြပါပြီ။ သူတို့သည် သူတို့၏အသံကို တစ်သံတည်းဖြစ်အောင် ကြိုးစားနေပါပြီ။ ဤတွင် BRICS ၏ ရလဒ်တစ်ခု ဖြစ်သည့် Innovation   Diary  ဆိုသော Internet webpage တစ်ခုသည် ကမ္ဘာ့ဖွံ့ဖြိုးဆဲမိသားစုများ ၏အသံများ    တစုတစည်းပေါ်ထွက်ရာစင်္ကြံတစ်ခု ဖြစ်လာသည်။ 
သူက  ဖွံ့ဖြိုးဆဲတို့၏   အမှန်အကန်တိုးတက် ဖြစ်ထွန်းမှုများကို ကိုယ်စားပြုဖွင့်ဟပေးတော့မည် ဖြစ်သည်။ နေရာစုံမှ ကမ္ဘာ့ပြည်သူများ  ကြားနိုင်၊ မြင်နိုင်အောင် ကြိုးစားဆောင်ရွက်ပေးကြတော့မည်။ အဓိကအချက်မှာ မိမိအကျိုးစီးပွားသက်သက်ကို   အဓိကမထားဘဲ စည်းလုံးညီညွတ်မှု၊ မျှဝေဖလှယ်မှု၊   ပေါင်းစည်းမှုနှင့်   တာဝန်ယူမှုတို့ကို အခြေခံရန်ပင် ဖြစ်သည်။ 
ထို့အတွက်   တရားမျှတသည့်   နိုင်ငံတကာ အခင်းအကျင်းမှ လူသားတို့၏ ပဲ့တင်သံကို ယခုကဲ့သို့   အပြန်အလှန်မျှဝေကြမည့်အစီအစဉ်တွင် တက်ကြွ စည်းလုံးစွာ  ပါဝင်ထမ်းရွက်ကြမည့် မြင်ကွင်းများစွာ ကို အပြုသဘောဖြင့် မျှော်လင့်နေမိပါတော့သည်၊၊