အနာဂတ်ပို၍လှပဖို့ အတူတကွရေးဆွဲစို့ ခေါင်းစဉ်ဖြင့် ဒုတိယအကြိမ် တရုတ် - အာဆီယံ လူငယ်ပန်းချီပြပွဲ - ၂၀၂၂ ကျင်းပမည်

 

နေပြည်တော်    ဧပြီ    ၂၈


တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပြည်ပနိုင်ငံများနှင့် ချစ်ကြည်ရေးအသင်း (ကွမ်ရှီးနိုင်ငံခြားရေးရုံး)သည် ကွေ့ကျိုးပြည်နယ် ပြည်ပနိုင်ငံများနှင့် ချစ်ကြည်ရေးအသင်း၊ တရုတ်-အာဆီယံပညာရေး ပူးပေါင်းဆောင်ရွက်မှု ရက်သတ္တပတ် အတွင်းရေးမှူးရုံးတို့ ပူးပေါင်း၍ ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် Online မှတစ်ဆင့် “We together paint a better future” “အနာဂတ်ပို၍လှပဖို့အတူတကွရေးဆွဲစို့” ခေါင်းစဉ်ဖြင့် ဒုတိယအကြိမ် တရုတ်- အာဆီယံလူငယ်ပန်းချီပြပွဲ ၂၀၂၂ အား ကျင်းပသွားမည်ဖြစ်သည်။

 


တရုတ် - အာဆီယံအဖွဲ့ဝင်နိုင်ငံများရှိ လူငယ်များအကြား အပြန် အလှန်နားလည်မှုနှင့်   ချစ်ကြည်ရင်းနှီးမှုကို     မြှင့်တင်နိုင်ရန်နှင့် ပြည်သူချင်းချိတ်ဆက်မှုကို  တိုးမြှင့်ရန်ရည်ရွယ်၍  ဒုတိယအကြိမ် တရုတ် - အာဆီယံလူငယ်ပန်းချီပြပွဲ  ၂၀၂၂  အား အကောင်းမွန်ဆုံး သော ပန်းချီ လက်ရာများဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အသက်  သုံးနှစ်မှ ၁၂  နှစ်အတွင်းရှိ   ကလေးအုပ်စုနှင့်  အသက်   ၁၃  နှစ်မှ ၂၂ နှစ် အတွင်းရှိ လူငယ်အုပ်စုဟူ၍ အုပ်စု (၂) စုခွဲ၍ ကျင်းပသွား မည်ဖြစ်ရာ ပါဝင်ယှဉ်ပြိုင်လိုသည့် လူငယ်ကိုယ်စားလှယ်များအနေဖြင့် ပြိုင်ပွဲနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက Ms. Zhao, Tel:5645 989, 15878805008, Fax:5626203 သို့ ဆက်သွယ်မေးမြန်းနိုင်ပြီး ပြိုင်ပွဲဝင်   အီး - ပန်းချီကားများကို  scan   ဖတ်၍  ၂၀၂၂ ခုနှစ် မေ ၁ ရက် နောက်ဆုံးထားကာ gxpaffc@wsb.gxzf.gov.cn မှတစ်ဆင့် ပေးပို့ယှဉ်ပြိုင်သွားရမည်ဖြစ်သည်။

 


အဆိုပါ    ပြိုင်ပွဲနှင့်ပတ်သက်၍    ဆက်သွယ်မေးမြန်းလိုပါက အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန    လူငယ်ရေးရာဦးစီးဌာန တယ်လီဖုန်းအမှတ် ၀၆၇-၃၄၁၃၉၄၇၊ ၀၉-၇၇၇၃၃၃၅၄၅၊ ၀၉-၄၂၅၃၂၅၁၃၃  များသို့   ရုံးချိန်အတွင်း    ဆက်သွယ်မေးမြန်းနိုင် ကြောင်း သိရသည်။                   

 

သတင်းစဉ်