
နေပြည်တော် မတ် ၂၂
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့ မွန်းလွဲပိုင်းတွင် ဒုတိယ ဝန်ကြီးများဖြစ်ကြသည် ဒေါက်တာ ဇော်မြင့်၊ ဦးဇော်ဝင်း၊ တာဝန်ရှိ သူများနှင့်အတူ နေပြည်တော် ဥတ္တရသီရိမြို့နယ် အမှတ် (၁၂) အခြေခံပညာ အထက်တန်း ကျောင်းနှင့် ပုဗ္ဗသီရိမြို့နယ် အမှတ် (၁၃) အခြေခံပညာအထက် တန်းကျောင်းတို့တွင် ဖွင့်လှစ် ထားသည့် အခြေခံပညာမူလတန်း ကျောင်းအုပ်ကြီးများ အတွက် စီမံအုပ်ချုပ်ရေး (စီမံ၊ ဘဏ္ဍာ၊ ပညာ) အရည်အသွေးမြှင့် မွမ်းမံ သင်တန်းများ (မြို့နယ်အဆင့်) သို့ သွားရောက်ကြည့်ရှု အားပေး သည်။
မွမ်းမံသင်တန်းများသို့ သွား ရောက်ကြည့်ရှုစဉ် ပြည်ထောင်စု ဝန်ကြီးသည် ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံ ၍ နွေရာသီပူပြင်းသည့် ကာလ ဖြစ်သော်လည်း အရည်အသွေး မြှင့်မွမ်းမံသင်တန်းသို့ တက်ရောက် ကြသည့် ကျောင်းအုပ်ကြီးများကို ကျေးဇူးတင်ပါကြောင်း၊ သင်တန်း တွင် မိတ်ဆွေ ဆရာ၊ ဆရာမများ၊ ကျောင်းအုပ်များ အချင်းချင်း ပြန်လည်တွေ့ဆုံ၍ အတွေ့အကြုံ များ ဖလှယ်ကြကာ မိမိတို့နိုင်ငံ၏ ပညာအရည်အသွေး မြှင့်တင်နိုင် ရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် ကြမည်ဟု ယုံကြည်ပါကြောင်း၊ အခြေခံပညာ ကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်း ပတ်ဝန်းကျင် သန့်ရှင်းသာယာ ရေး၊ ကျောင်းဥပဓိရုပ် ကောင်းမွန် ရေးအတွက် ကြိုတင်ပြင်ဆင်နေ ကြပြီဖြစ်ပါကြောင်း၊ ကျောင်းများ ပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်ချက်များ တင်ပြရာတွင် အောက်ခြေ၌ အမှန်တကယ် လိုအပ်သည့်အရာများကို ရဲရဲဝံ့ဝံ့ တင်ပြတောင်းခံရန် လိုသကဲ့သို့ သက်ဆိုင်ရာ တာဝန်ရှိသူ အဆင့်ဆင့်အနေဖြင့် လိုအပ်ချက် များကို လုပ်ထုံးလုပ်နည်းနှင့်အညီ မြန်မြန်ဆန်ဆန် ဖြည့်ဆည်း ပေးကြမည်ဖြစ်ပါကြောင်း။
ဆရာ၊ ဆရာမ ဆိုသည်မှာ အနာဂတ် သားကောင်းရတနာ များ၏ ပဲ့ကိုင်ရှင်များဖြစ်ကြသဖြင့် ပဲ့ကိုင်ရှင်များ၏ ပဲ့ကိုင်သွန်သင် ဆုံးမလမ်းပြမှု မှန်ကန်လျှင် သားကောင်း တစ်ယောက်၊ ကျောက်ကောင်းတစ်စေ့ အဖြစ် ထွန်းပေါက်လာကြမည် ဖြစ်ပါ ကြောင်း၊ အနာဂတ်မျိုးဆက်သစ် ကျောင်းသား လူငယ်များကို မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံ များနှင့်အညီ ဂါရဝတရားရှိကြ စေရေး၊ ဟီရိဩတ္တပ္ပ အရှက် အကြောက်တရားများ ရှိစေရေး အတွက် သွန်သင်ဆုံးမလေ့ကျင့် ပေးကြစေလိုပါကြောင်း၊ ကျောင်း များ ပြန်လည်ဖွင့်လှစ်သည့်အခါ ကျောင်းသားကျောင်းသူများကို စာတတ်အောင် သင်ပေးကြစေလို ပါကြောင်း၊ အချို့သော CDM လှုပ်ရှားမှုတွင် ပါဝင်နေသည့် ဆရာ၊ ဆရာမများကို နိုင်ငံ့ ဝန်ထမ်း စည်းမျဉ်းစည်းကမ်း နှင့်အညီ ပြန်လည်တာဝန် ထမ်းဆောင်၍ ဘာသာရပ် မွမ်းမံသင်တန်းများ ဖွင့်လှစ် သည့်အခါ တက်ရောက်ကြရန် နှိုးဆော် တိုက်တွန်းပေးကြစေလို ပါကြောင်း၊ အကြောင်းအမျိုးမျိုး ကြောင့် CDM လှုပ်ရှားမှုမှ ပြန်လည် တာဝန်ထမ်းဆောင်လာ ကြသည့် ဆရာ၊ ဆရာမများကို လည်း နွေးနွေးထွေးထွေး ကြိုဆို ကြစေလိုပါကြောင်း၊ ကျောင်း သား၊ ဆရာအချိုးနှင့် ကိုက်ညီ သည့် စာသင်ခုံ၊ စာသင်ခန်း၊ စာကြည့်တိုက်၊ သန့်စင်ခန်း၊ ရေစင်၊ ရေပိုက်လိုင်းများ ဖြည့်ဆည်းပေး မည်ဖြစ်ကြောင်း ပြောကြားပြီး သင်တန်းသား မူလတန်းကျောင်း အုပ်များ၏ တင်ပြချက်များကို ညှိနှိုင်းဖြည့်ဆည်းပေးသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိသူများသည် ကျောင်းဥပဓိရုပ် ကောင်းမွန်ရေး အတွက် ပြင်ဆင်ဆောင်ရွက်နေမှု များကို ကြည့်ရှုပြီး လိုအပ်သည် များကို မှာကြားခဲ့သည်။
သတင်းစဉ်