အနာဂတ်ကို မျှော်ကြည့်ရင်း ကမ္ဘာလုံးဆိုင်ရာ စည်းလုံးညီညွတ်မှုရအောင် ဆောင်ရွက်ကြရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် တောင်းဆို

 

ဂျီနီဗာ   ဒီဇင်ဘာ     ၂၉


ကုလသမဂ္ဂ  အထွေထွေအတွင်း ရေးမှူးချုပ်   အန်တိုနီယို   ဂူတာ ရက်စ်က ၂၀၂၄ ခုနှစ်ကို ယုံကြည် မှုနှင့်   မျှော်လင့်ချက်    တည် ဆောက်ပြီး     ကမ္ဘာလုံးဆိုင်ရာ    စည်းလုံး    ညီညွတ်မှုရအောင် ဆောင်ရွက်ကြရန်    တောင်းဆို လိုက်သည့်   နှစ်သစ်ကူး  ဗီဒီယို သဝဏ်လွှာကို ဒီဇင်ဘာ ၂၈ ရက် က ထုတ်ပြန်ခဲ့သည်။


၂၀၂၃ ခုနှစ်သည် ပြင်းထန်လှ သည့် ဆင်းရဲဒုက္ခများ၊  အကြမ်း ဖက်မှုများနှင့် ရာသီဥတုဆိုင်ရာ မငြိမ်မသက်မှုများ    ပြည့်နှက် နေသည့်      နှစ်တစ်နှစ်ဖြစ်ခဲ့ ကြောင်း၊ ၂၀၂၃ ခုနှစ်သည် စံချိန် တင် အပူဆုံးနှစ်လည်း ဖြစ်သကဲ့ သို့ ကြီးထွားလာနေသော ဆင်းရဲ မွဲတေမှုနှင့် ငတ်မွတ်မှုတို့ကြောင့် လူပေါင်းများစွာ       ထိခိုက်ခဲ့ရ ကြောင်း၊    ထို့အပြင်    စစ်ပွဲများ ၏  ရက်စက်ကြမ်းကြုတ်မှုများ နှင့်       အရေအတွက်လည်း  တိုးပွားလာခဲ့ကြောင်း     ဂူတာ ရက်စ်က နှစ်သစ်ကူးသဝဏ်လွှာ တွင်      မှတ်ချက်ပြုပြောကြား သည်။


ထို့ကြောင့်  လူသားများ၏ မတူကွဲပြားမှုများကို ဖြတ်ကျော် ပြီး   အတူတကွစုစည်းရပ်တည် နိုင်မည်ဆိုပါက      အင်အား အကောင်းဆုံးလူသားများ ဖြစ်ပေါ်  လာမည်ဖြစ်ကြောင်း၊  ထို့ကြောင့် ကုလသမဂ္ဂအနေဖြင့် ကမ္ဘာကြီး အတွက် ငြိမ်းချမ်းရေး၊ ရေရှည် တည်တံ့ခိုင်မြဲသော      ဖွံ့ဖြိုး တိုးတက်ရေးနှင့် လူ့အခွင့်အရေး အတွက် ဆက်လက်ချီတက်သွား မည်ဖြစ်ကြောင်း ဂူတာရက်စ်က ပြောကြားထားသည်။


အင်န်အိတ်ချ်ကေ