
ဝါရှင်တန် ဩဂုတ် ၁၉
ဂျပန်၊ တောင်ကိုရီးယားနှင့် အမေရိကန်နိုင်ငံတို့မှ ခေါင်းဆောင်များသည် နိုင်ငံတကာအစည်းအဝေးများ အတွင်း ကြိမ်ဖန်များစွာ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်။ သို့သော်လည်း ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါ၊ တောင်ကိုရီးယားသမ္မတ ယွန်ဆက်ယိုးလ်နှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်တို့သည် အနာဂတ်ကို အတူတကွရင်ဆိုင်သွားလိုကြောင်း ပြောကြားသည်။
အဆိုပါ ခေါင်းဆောင်များသည် မိတ်ဖက်ဆက်ဆံရေး ခိုင်မာအားကောင်းစေရေးနှင့် ပတ်သက်ပြီး ၎င်းတို့၏ သုံးပွင့်ဆိုင်ထိပ်သီးအစည်းအဝေးတစ်ခု၌ ပထမဆုံးအကြိမ်အဖြစ် ဩဂုတ် ၁၈ ရက်တွင် စုရုံး တွေ့ဆုံခဲ့ကြောင်းနှင့် သမ္မတဘိုင်ဒင်က အရေးပါဆုံး အာရှမဟာမိတ်နိုင်ငံများကို မေရီလန်းပြည်နယ် Camp David သမ္မတအပန်းဖြေစခန်းတွင် ကြိုဆိုခဲ့ကြောင်း သိရသည်။
ဒေသတွင်း လုံခြုံရေးခြိမ်းခြောက်မှုကဲ့သို့သော စိန်ခေါ်မှုများကို ဖြေရှင်းရာတွင် အတူတကွ လုပ်ဆောင် ကြရန် ပိုမိုခိုင်မာအားကောင်းသည့် ကတိကဝတ်ကို ချမှတ်ရမည်ဖြစ်ကြောင်း သမ္မတယိုးလ်က ပြောသည်။ ထို့အပြင် ကီရှီဒါကလည်း သမိုင်းသစ်ကို ဖန်တီးနေသည်ဟု ယုံကြည်ကြောင်း ပြောသည်။
ဒေသတွင်းစိန်ခေါ်မှုများကို တုံ့ပြန်ဆောင်ရွက်ရာတွင် ၎င်းတို့၏ အစိုးရများအနေဖြင့် ညှိနှိုင်းဆောင်ရွက် သွားရန်အတွက် ခေါင်းဆောင်များက ကတိပြုခဲ့ကြသည်။ ထို့အပြင် အရေးပေါ်တယ်လီဖုန်းလိုင်း ထားရှိရန်၊ ဒုံးကျည်ကာကွယ်ရေးတွင် အတူတကွပိုမိုလုပ်ဆောင်ရန်နှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို တိုးချဲ့ရန် အတွက်လည်း သဘောတူခဲ့ကြသည်။
အင်န်အိတ်ချ်ကေ