အမြတ်ဆုံးဆုကဗျာများ စာအုပ်ထွက်ရှိ

 

ကဗျာဆရာ  မျိုးမြတ်မြတ်မြင့်မောင်၏ အမြတ်ဆုံးဆုကဗျာများ စာအုပ်ထွက်ရှိလာ သည်။


ယင်းကဗျာစာအုပ်တွင်   အမြတ်ဆုံးဆု ကဗျာစု၊ ပြည့်သားကောင်းများသို့  ကဗျာစု၊ သံမဏိစိတ်ထား၏ နှလုံးသားသစ္စာကဗျာစု၊ ရှေ့ခရီးကဗျာစု၊     ချစ်သဒ္ဓါသက်နောင် မေတ္တာလက်ဆောင်ကဗျာစုနှင့်   ဝန်ထမ်း တစ်ဦး၏ ဒိုင်ယာရီ   ကဗျာစုတို့ပါဝင်ပြီး အမြတ်ဆုံးဆု၊      မေတ္တာစမ်းရေအမေ၊ ပြည့်သားကောင်းများသို့၊ ညီနောင်ထုကြီး ၏ ပြည်ထောင်စုခရီး၊ မြန်မာဆိုတာ၊  ပင်လုံ ပုံရိပ်၊ လွတ်လပ်ခြင်း၏တန်ဖိုး၊  သံမဏိ စိတ်ထား၏ နှလုံးသားသစ္စာ၊  ရေတပ်သား မှာတမ်း၊ ဇာနည်မော်ကွန်း၊ ပြည်ထောင်စုကြီး ရှေ့ခရီး၊ ဒို့ဘိုးဘွားအမွေအနှစ်မို့၊ ရှင်သန် ခြင်း၊ အမေ့သား၊ စိန်ရတုလွတ်လပ်ရေးမှ သည်၊ ငြိမ်းချမ်းပန်းခင်း၊ သဘာဝဘေးဒဏ် အံတုကျော်လွှား ပြည်တွင်းအား၊ ဟိုစဉ်တုန်း က သက်ထားပျို၊    ခင်တွယ်ရာ ကွာလှမ်း ပင်လယ်ပြာဆီကအလွမ်း၊ ပြည်သူ့အတွက် မီဒီယာ၊ နောင်အစဉ်မသွေ အောင်မြင်စေ ရှေ့ခရီး၊ ဝန်ထမ်းတစ်ဦး၏   ဒိုင်ယာရီ၊ ဂုဏ်ယူကျေနပ်လိုက်ပါအမေ အစရှိသည့် ကဗျာပုဒ်ရေ ၇ဝ ကျော်၏ ရသပေါင်းစုံကို ခံစားနိုင်မည်ဖြစ်သည်။  ထိုကဗျာများမှ တစ်ဆင့် ကဗျာဆရာ၏ ဘဝအတွေးအမြင် များကို တွေ့မြင်နိုင်မည့်အပြင် အမျိုးသား ရေး၊ ငြိမ်းချမ်းရေး၊ ပြည်ထောင်စုအရေး၊ နိုင်ငံ့အရေးအရာများ၊   တပ်မတော်သား အားမာန်၊ မိသားစုချစ်ခြင်း၊   အနာဂတ်နိုင်ငံ နှင့်   ပြည်သူအတွက်      မျှော်လင့်ခြင်း၊ လောကကို         မြတ်နိုးခြင်းနှင့်        စေတနာ အလှတရားများ ပေါ်လွင်စွာ   ဖော်ကျူးတင်ပြ ထားသည်။


“ဤသည်မှာ ကဗျာဆရာ၏   စာပေ တာဝန်       ကျေပွန်ခြင်းပင်ဖြစ်သည်။ တပ်မတော်သား ပီသစွာ တပ်မတော်ကို ချစ်သည်။ တိုင်းပြည်ကို   မြတ်နိုးသည်။ ပြည်သူကို လေးစားသည်။   နိုင်ငံ့ဝန်ထမ်း အကြီးအမှူး တစ်ဦးပီပီ   နိုင်ငံ့အရေးကို တွေးသည်။ ပြည်ထောင်စုအရေးကို အလေး ထားသည်။ ငြိမ်းချမ်းရေးကို လိုလားသည်။ တိုင်းရင်းသားပြည်သူတွေကို   ညီညွတ် စေချင်သည်။ အမှန်ကို မြင်စေ၊ သိစေချင် သည်။ တိုင်းပြည်ကောင်းစားစေချင်သည်၊ ထိုထိုသော   ချစ်ခြင်းမေတ္တာစေတနာများ ထုံမွှမ်းလျက်   ဖွဲ့သီထားသော   ကဗျာများ ဖြစ်၍ အားလုံးက နှစ်သက်လက်ခံ ကြည်ဖြူ မြတ်နိုးကြရမည့် အမွန်အသန့် အခန့်အလှ ကဗျာများပင်ဖြစ်သည်ဟု ကျွန်တော် ဆိုချင် ပါသည်။”ဟု ကဗျာဆရာ ဇော်မင်းမင်းဦးက ၎င်း၏ အမှာစာတွင် မှတ်ချက်ပြု  မှတ်တမ်း တင်ထားသည်။


“အမြတ်ဆုံးဆု ကဗျာများစာအုပ်”ကို တန်ဖိုးငွေကျပ် ၅၀၀၀ ဖြင့်    ဦးမျိုးဆင့် (၀၁၁၄၁) ရှင်မတောင်စာပေ  အမှတ်၂၈(က)၊ ၁/အနော်မာ(၃)လမ်း    သာကေတမြို့နယ် ရန်ကုန်မြို့၊ ဖုန်း - ၀၉၇၉၈၁၈၉၁၄၈  သို့ ဆက်သွယ်ဝယ်ယူရရှိနိုင်ပြီဖြစ်ကြောင်း သိရ သည်။


မြန်မာ့အလင်း