အမှတ်(၃) ဓာတ်မြေဩဇာစက်ရုံ (ကျော်စွာ) ပြန်လည်လည်ပတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်

နေပြည်တော်  စက်တင်ဘာ   ၂၃ 


လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် နိုင်ငံတော်၏ စိုက်ပျိုးရေးကဏ္ဍအတွက် လိုအပ်သော ဓာတ်မြေဩဇာ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး အမှတ်(၃) ဓာတ်မြေဩဇာစက်ရုံ(ကျော်စွာ) ပြန်လည်လည်ပတ် ၍ ဓာတ်မြေဩဇာထုတ်လုပ်ဖြန့်ဖြူးနိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိရာ စက်ရုံလည်ပတ်နိုင်ရန် လိုအပ် သော သဘာဝဓာတ်ငွေ့ပိုက်လိုင်း  ဆက်သွယ်ပြုပြင် ခြင်းနှင့် စက်ရုံပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက် နေမှုကို    ယနေ့ နံနက်ပိုင်းက  ဝန်ကြီးရုံးအစည်း အဝေးခန်းမ၌ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး နှင့်   တာဝန်ရှိသူများက ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး လုပ်ငန်းခွင်ဆောင်ရွက်နေမှုတို့ကို Virtual စနစ်ဖြင့် ကြည့်ရှုစစ်ဆေးသည်။

ရှင်းလင်းတင်ပြ


ရှေးဦးစွာ       သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဆက်သွယ်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေကို  မြန်မာ့ရေနံနှင့်  သဘာဝဓာတ်ငွေ့ လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်မင်း နှင့် အမှတ် (၃) ဓာတ်မြေဩဇာစက်ရုံ (ကျော်စွာ)၏ စက်ပစ္စည်းများစစ်ဆေးပြုပြင်နေမှုတို့ကို မြန်မာ့ရေနံ ဓာတုဗေဒလုပ်ငန်း     ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်မြင့်က လည်းကောင်း၊ ကျော်စွာဓာတ်မြေ ဩဇာစက်ရုံ၏ စက်ပစ္စည်းစစ်ဆေးပြုပြင်နေမှုများကို  စက်ရုံမှူးက  လည်းကောင်း  ရှင်းလင်းတင်ပြ သည်။
ရပ်ဆိုင်းစက်ရုံစာရင်းမှ ပယ်ဖျက်နိုင်ရေး


ပိုက်လိုင်းများပြုပြင်ဆက်သွယ်ခြင်းလုပ်ငန်းနှင့်  ဓာတ်မြေဩဇာစက်ရုံ၏  စက်ပစ္စည်းစစ်ဆေး ပြုပြင်နေမှုများအတွက်    တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက အမှတ် (၃) ဓာတ်မြေဩဇာ စက်ရုံ (ကျော်စွာ) ပြင်ဆင်ရေးကို စတင်ဆောင်ရွက် နေပြီဖြစ်၍ ရပ်ဆိုင်းစက်ရုံစာရင်းမှ ပယ်ဖျက်နိုင်ရေးလုပ်ငန်းစဉ်များကို  အမြန်ဆုံးဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊  လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး ကို အလေးထားဆောင်ရွက်ကြရန်လိုကြောင်း၊ စက်ရုံ ၏ စက်ပစ္စည်းယန္တရားသာမက   ကုန်ထုတ်လုပ်မှုနှင့် သက်ဆိုင်သော     အဆောက်အအုံများကိုလည်း အသေးစိတ်စစ်ဆေးရန်လိုကြောင်း၊    မဖြစ်မနေ ဆောင်ရွက်ကြရမည့်    မြို့ပြလုပ်ငန်းများကိုလည်း စိစစ်ပြင်ဆင်ရန်လိုကြောင်း၊   ဝန်ထမ်းအင်အား၊ စက်ယန္တရား   လိုအပ်ချက်များကိုလည်း   စက်ရုံ လည်ပတ်နိုင်သည့်  အခြေအနေအထိ  စဉ်းစား၍ ကြိုတင်ဆောင်ရွက်ရန်  လိုအပ်ကြောင်း၊ ပိုက်လိုင်း ပြင်ဆင်ခြင်းလုပ်ငန်း   ဆောင်ရွက်ရာတွင်   သီးနှံ ယာခင်းများ ဖြတ်သန်းမှုရှိပါက သေချာညှိနှိုင်း၍ သီးနှံလျော်ကြေးပေးဆောင်ရေး     စီမံထားရန်လို ကြောင်း၊ နိုင်ငံတော်တွင်လိုအပ်သည့် ဓာတ်မြေဩဇာ ဖြည့်ဆည်းနိုင်ရေးကို ရည်ရွယ်ကာ လုပ်ငန်းများ အမြန်ပြီးစီးအောင် ကြိုးစားလုပ်ကိုင်ဆောင်ရွက်သွား ကြရန်လိုကြောင်း မှာကြားသည်။


ပြန်လည်လည်ပတ်နိုင်ရေး


လျှပ်စစ်နှင့်  စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏  စိုက်ပျိုးရေးကဏ္ဍ  မြှင့်တင်နိုင်ရေး အတွက် လိုအပ်သော ဓာတ်မြေဩဇာဖြည့်တင်းနိုင်ရန် ရည်ရွယ်၍     အမှတ် (၃)  ဓာတ်မြေဩဇာစက်ရုံ (ကျော်စွာ)ကို ပြန်လည်လည်ပတ်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။    ထို့အတူ   ဓာတ်မြေဩဇာ လိုအပ်ချက်ကို အထိုက်အလျောက်ဖြည့်ဆည်းနိုင်ရေး အမှတ် (၄) ဓာတ်မြေဩဇာစက်ရုံ (မြောင်းတကာ) နှင့်   အမှတ်(၅) ဓာတ်မြေဩဇာစက်ရုံ (ကန်ကြီး ထောင့်) တို့ လည်ပတ်ထုတ်လုပ်လျက်ရှိပြီး နွေစပါး အတွက်    လိုအပ်သော   ဓာတ်မြေဩဇာများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ဖြန့်ဖြူးပေးနိုင် ရေး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန၊   သက်ဆိုင်ရာဌာနများနှင့်   ပူးပေါင်းညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


သတင်းစဉ်