အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်) အမြန်ဆုံးပြီးစီးနိုင်ရေး ဆောင်ရွက်လျက်ရှိ

 

နေပြည်တော်  နိုဝင်ဘာ ၁၀


ရှမ်းပြည်နယ်  တောင်ကြီးမြို့ရှိ အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်)သို့   နိုဝင်ဘာ  ၆  ရက်က စက်မှု ဝန်ကြီးဌာန     ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်နှင့် တာဝန်ရှိသူ များ သွားရောက်ကြည့်ရှုစစ်ဆေး ကြောင်း သိရသည်။

 


ကြည့်ရှုစစ်ဆေးစဉ်   ဒုတိယ ဝန်ကြီးက အလုပ်ရုံခွဲများအလိုက် လျှပ်စစ်နှင့်      သက်ဆိုင်သည့် ပြုပြင်ရမည့် အစိတ်အပိုင်းများကို အချိန်မီပြီးစီးအောင်    ပူးပေါင်း ဆောင်ရွက်ရန်၊ ပြုပြင်ပြီးစီးသည့် စက်ပစ္စည်းအစိတ်အပိုင်းများနှင့် ပတ်သက်၍       ထိန်းသိမ်းရေး လုပ်ငန်းများကို  ပုံမှန်ဆောင်ရွက် ရန်၊       ခွင့်ပြုဘဏ္ဍာရန်ပုံငွေများ အလေအလွင့်မရှိစေရန်နှင့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက် များကို    လိုက်နာဆောင်ရွက်ရန်၊ စီမံကိန်းလုပ်ငန်းများ   အမြန်ဆုံး ပြီးစီးနိုင်ရေးနှင့်      စက်ရုံစတင် လည်ပတ်ပါက လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုမရှိစေရေး ကြိုတင် စီမံထားရန်၊         လိုအပ်သော ကုန်ကြမ်းများကို        ကြိုတင် စုဆောင်း၍ စနစ်တကျထိန်းသိမ်း ထားရန်      တာဝန်ရှိသူများကို မှာကြားသည်။

 


ထို့ပြင်   ခေတ္တစက်ရုံမှူးနှင့် တာဝန်ရှိသူတို့က     အလုပ်ရုံ အလိုက် လုပ်ငန်းဆောင်ရွက်မှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်း စဉ်များကို  ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက    လိုအပ်သည် များကို မှာကြားပြီး အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်) အလုပ်ရုံ ခွဲအသီးသီးရှိ    စက်ပစ္စည်းများ စစ်ဆေးပြုပြင်နေမှုနှင့်  စမ်းသပ် မောင်းနှင်နေမှု၊  Grizzily  with double desk vibrating screen (250 Ton/Hour) တည်ဆောက် ရန် မြေပြုပြင်ခြင်း၊ Waste Heat Boiler တွင် Wall Tube များကို Magnetic Particle Testing(MT) နှင့် Ultrasonic Testing(UT) ဆောင်ရွက်မှု၊ Heat Recovery Power   Station   တွင်  11  kV Cable    များကို   DC   Hi-pot Testing ဆောင်ရွက်နေမှု အခြေ အနေတို့ကို    လှည့်လည်ကြည့်ရှု စစ်ဆေးကြောင်း သိရသည်။ 


သတင်းစဉ်