
နေပြည်တော် ဇွန် ၁၅
အမှတ်(၂) သံမဏိစက်ရုံ (ပင်း ပက်) စီမံကိန်း ပြန်လည်စတင် ဆောင်ရွက်နိုင်ရေး ကြီးကြပ်ရန် ကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည် တော်ရှိ စက်မှုဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။
တက်ရောက်
အစည်းအဝေးသို့ အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်) စီမံကိန်း ပြန်လည်စတင်ဆောင်ရွက်နိုင်ရေးကြီးကြပ်ရန် ကော်မတီဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြား ရေးမှူးချုပ်၊ အမှတ်(၁) အကြီးစား စက်မှုလုပ်ငန်း ဦးဆောင်ညွှန်ကြား ရေးမှူး၊ ကော်မတီအဖွဲ့ဝင်များ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်းနှင့် စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိ သူများ တက်ရောက်ကြသည်။
အမြန်ပြီးစီးရန်လို
ဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အတွက် လိုအပ်သော သံမဏိများကို ရေရှည်စဉ်ဆက် မပြတ် ထုတ်လုပ်နိုင်ရေးအတွက် သံသတ္တုရိုင်းမှ သံစိမ်းများကို ထုတ်လုပ်ပေးမည့် အမှတ် (၂)သံမဏိစက်ရုံ(ပင်းပက်) ပြန်လည် လည်ပတ်နိုင်ရေးအတွက် ဆောင် ရွက်လျက်ရှိသည့်လုပ်ငန်းများကို အမြန်ပြီးစီးအောင် ဆောင်ရွက် ရန်လိုကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်နေစဉ် လုပ်ငန်းပြီးစီး ရမည့်ပမာဏ၊ ပြီးစီးရမည့် အချိန်တို့ကို ကြိုတင်တွက်ချက် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ဆောင်ရွက်ရမည့် လုပ်ငန်းတစ်ခု ချင်းအလိုက် အချိန်ဇယားများ ရေးဆွဲ၍ ဆောင်ရွက်သွားရန်နှင့် အချိန်မီပြီးစီးရေး ကြပ်မတ် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြည်ပ ကျွမ်းကျင်ပညာရှင်များ လာရောက်ချိန်တွင် ကျန်ရှိနေ သည့် စီမံကိန်းလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်မည် ဖြစ်သဖြင့် လုပ်ငန်းများပြီးမြောက် စေရေးဦးတည်ပြီး ပြောဆို ဆက်ဆံရမည်ဖြစ်ကြောင်း၊ ယခင် ဆောင်ရွက်ခဲ့သော လုပ်ငန်းစဉ် များနှင့် ဘဏ္ဍာရေးကိစ္စရပ်များ ကို အကြောင်းအရာတစ်ခုချင်းစီ အလိုက် ရှင်းရှင်းလင်းလင်းဖြစ် အောင် ဆောင်ရွက်ထားရမည်ဖြစ် ကြောင်း၊ လုပ်ငန်းများဆောင်ရွက် ရာတွင် စံချိန်စံညွှန်း၊ ဆောင်ရွက် ရမည့် လုပ်ငန်းနယ်ပယ်များကို ကြိုတင်သတ်မှတ် ဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ ဆောင်ရွက်ရ မည့် လုပ်ငန်းစဉ်အလိုက် စီမံကိန်း စီမံခန့်ခွဲမှု လုပ်ထုံးလုပ်နည်း (Work Scope, Cost, Time, Quality) သတ်မှတ်ချက်များနှင့် အညီ စီမံဆောင်ရွက်ကြရမည် ဖြစ်ကြောင်း မှာကြားသည်။
ထို့နောက် အမှတ်(၁) အကြီး စားစက်မှုလုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူးက အမှတ် (၂)သံမဏိစက်ရုံ (ပင်းပက်) ၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်ငွေလုံး ငွေရင်းအသုံးစရိတ် (ဆောက်လုပ် ရေး) မူလခွင့်ပြုရန်ပုံငွေပါ လုပ်ငန်းများကို လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြား ရေးမှူးချုပ်က အမှတ်(၁)သံမဏိ စက်ရုံ (မြင်းခြံ)နှင့် အမှတ် (၂)သံမဏိစက်ရုံ (ပင်းပက်) တို့၏ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေအပေါ် လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေ များကိုလည်းကောင်း တင်ပြကြ ရာ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူ များက ဖြည့်စွက်ရှင်းလင်းတင်ပြ ပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြား ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ ကြောင်း သိရသည်။ သတင်းစဉ်