အမှတ် (၃)စက်မှုသင်တန်းကျောင်း (သာဂရ)၏ စက်မှုကျွမ်းကျင် တစ်နှစ်သင်တန်း အမှတ်စဉ်(၁၂)မှ စက်မှုကျွမ်းကျင်လုပ်သား စုစုပေါင်း ၁၂၁ ဦး မွေးထုတ်

 

နေပြည်တော်   နိုဝင်ဘာ   ၄


မြန်မာနိုင်ငံ၏ စက်မှုကဏ္ဍဖွံ့ဖြိုး တိုးတက်စေရေး စက်မှုထုတ်ကုန် ပစ္စည်းများ  ပိုမိုတိုးတက်ထုတ်လုပ် နိုင်ရေးနှင့် လူငယ်များ  အလုပ် အကိုင်အခွင့်အလမ်း တိုးတက်ရရှိ ရေးတို့အတွက် စက်မှုဝန်ကြီးဌာန တွင်    စက်မှုသင်တန်းကျောင်း ခြောက်ကျောင်းဖွင့်လှစ်၍   စက်မှု ဘာသာရပ်နှင့်  သက်ဆိုင်သည့် ပညာရပ်များကို       လေ့ကျင့် မွေးထုတ်ပေးလျက်ရှိရာ အမှတ် (၃)စက်မှုသင်တန်းကျောင်း (သာဂရ) ၏   စက်မှုကျွမ်းကျင်   တစ်နှစ် သင်တန်း    အမှတ်စဉ်     (၁၂) သင်တန်းဆင်းပွဲ  အခမ်းအနားကို ယနေ့နံနက်ပိုင်းက   ပဲခူးတိုင်း ဒေသကြီး    ရေတာရှည်မြို့နယ် သာဂရစက်မှုဇုန်ရှိ      အဆိုပါ သင်တန်းကျောင်းခန်းမ၌ ကျင်းပ သည်။  

 


ဦးစွာ     စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဦးရင်မောင်ညွန့် က      နိုင်ငံတော်၏    စက်မှု ကဏ္ဍ   ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံ     လိုအပ်ချက်ဖြစ်သည့် စက်မှုကျွမ်းကျင်     လုပ်သားများ လေ့ကျင့်         မွေးထုတ်နိုင်ရေးကို စက်မှု၀န်ကြီးဌာန     အနေဖြင့် တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်း အကောင်အထည်ဖော်  ဆောင် ရွက်ပေးလျက်ရှိကြောင်း၊    သင် တန်းသား       သင်တန်းသူများ အနေဖြင့်  ဝန်ကြီးဌာနအတွက် လိုအပ်လျက်ရှိသော      စက်ရုံ/အလုပ်ရုံများတွင်    တတ်နိုင်သမျှ ပြန်လည်       တာဝန်ထမ်းဆောင် သွားကြစေလိုကြောင်း၊ ကိုယ်ကျင့် တရား အကျင့်စာရိတ္တ ကောင်းမွန် ပြီး    အများအကျိုးကို   သယ်ပိုး ဆောင်ရွက်လိုသည့်        လူငယ် လူရွယ်များဖြစ်အောင်   ပြုစု ပျိုးထောင်သွားကြရန်၊ တိုင်းပြည် နှင့် လူမျိုး ဂုဏ်သိက္ခာကို  မြှင့်တင် နိုင်ရန်အတွက်      စိတ်ဓာတ် ကောင်းကောင်း၊      စည်းကမ်း ကောင်းကောင်းဖြင့်               စက်မှု သင်တန်းကျောင်းဆင်း      တစ် ယောက်၏ ဂုဏ်သိက္ခာနှင့်အညီ ပြုမှုနေထိုင် လုပ်ကိုင်ဆောင်ရွက် သွားကြရန်   တိုက်တွန်းကြောင်း ပြောကြားသည်။

 


ယင်းနောက်  ဒုတိယဝန်ကြီး နှင့် တာဝန်ရှိသူများက သင်တန်း တွင် ဆုရရှိသူများကို ဆုများချီးမြှင့် ပြီး   သင်တန်းသားတစ်ဦးချင်းစီ ကို   သင်တန်းဆင်းလက်မှတ်များ ပေးအပ်သည်။

 


ထို့နောက် ဒုတိယဝန်ကြီးနှင့် တက်ရောက်      လာသူများသည် သင်တန်းသား/   သင်တန်းသူများ လက်တွေ့       ပြုလုပ်ထားသည့် သင်တန်းဆင်း Project များကို လှည့်လည်   အားပေးကြည့်ရှုပြီး (အပေါ်ပုံ) သင်တန်းဆင်း Project ပြိုင်ပွဲတွင်  ဆုရရှိသည့်  အသင်း များကို      ဆုများ   ချီးမြှင့်ပြီး        သင်တန်းသား သင်တန်းသူများနှင့်            အတူ နေ့လယ်စာ                 အတူတကွ     သုံးဆောင်သည်။ 

 


အမှတ်  (၃)  စက်မှုသင်တန်း ကျောင်း  (သာဂရ)  အနေဖြင့် ဖွင့်လှစ်ပြီး   သင်တန်းအမှတ်စဉ် ၁၁  ခုတွင် သင်တန်းသား  ၁၀၂၉ ဦးနှင့်   သင်တန်းသူ   ၃၅၂   ဦး စုစုပေါင်း ၁၃၈၁ ဦးကို အောင်မြင် စွာ မွေးထုတ်ပေးခဲ့ပြီးဖြစ်သည်။ ယခု  စက်မှုကျွမ်းကျင်   တစ်နှစ် သင်တန်း   အမှတ်စဉ်   (၁၂)သင်တန်းကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၉   ရက်တွင်    စတင်ဖွင့်လှစ်၍ Machinery ၊  CAD/ CAM    ၊ Electrical ၊  Electronics   နှင့် Foundry   ဘာသာရပ်တို့ကို လေ့ကျင့်     သင်ကြားပေးခဲ့ပြီး သင်တန်းသား ၁၀၅ ဦး၊ သင်တန်း သူ ၁၆ ဦး စုစုပေါင်း ၁၂၁ ဦးကို သင်တန်းဆင်း      လက်မှတ်များ ပေးအပ်နိုင်ခဲ့သည်။

 


စက်မှုဝန်ကြီးဌာနတွင် နိုင်ငံ တကာမိတ်ဖက် အဖွဲ့အစည်းများ ၏ အကူအညီဖြင့် စက်မှုသင်တန်း ကျောင်း    ခြောက်ကျောင်းကို တည်ထောင်     ဖွင့်လှစ်ထားရှိပြီး နှစ်စဉ်  စက်မှုကျွမ်းကျင်လုပ်သား ၁၀၀၀  ကျော်ကို   လေ့ကျင့်သင် ကြား မွေးထုတ်ပေးလျက်ရှိသည်။ ထို့အပြင် အိန္ဒိယနိုင်ငံ၏ အကူ အညီဖြင့် မုံရွာမြို့နှင့် သထုံမြို့တို့ တွင်  စက်မှုသင်တန်းကျောင်းများ ထပ်မံဖွင့်လှစ်နိုင်ရေး             စီမံ ဆောင်ရွက်လျက်ရှိပြီး           စက်မှု သင်တန်းကျောင်းများမှ   စက်မှု နှင့်   အသက်မွေးပညာဘာသာရပ် ၁၆ မျိုးကို လေ့ကျင့်သင်ကြားပေး လျက်ရှိကာ   တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၏ လိုအပ် ချက်အပေါ်မူတည်၍ သံဂဟေ/ ဓာတ်ငွေ့  ဂဟေဆက်သင်တန်း၊ လျှပ်စစ်သင်တန်း၊  လယ်ယာသုံးအင်ဂျင်အမျိုးမျိုးနှင့်   မော်တော် ဆိုင်ကယ်ပြုပြင်သင်တန်း၊  မော်တော်ယာဉ်ပြုပြင်ထိန်းသိမ်းခြင်းသင်တန်း     စသည့်စက်မှုနှင့် အသက်မွေးပညာ             ရွေ့လျား သင်တန်းများကို ဒေသအရောက် သွားရောက်      ဖွင့်လှစ်သင်ကြား ပေးလျက်ရှိကြောင်း         သိရ သည်။


သတင်းစဉ်