အမရပူရမြို့နယ်၌ အသက် ၆၅ နှစ်နှင့်အထက်ရှိသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး

မန္တလေး   ဇူလိုင်  ၂၉

 


မန္တလေးမြို့ အမရပူရမြို့နယ်ရှိ အသက်  ၆၅ နှစ်နှင့်အထက်ရှိသူများအား ယနေ့ တွင်       မြို့နယ်ပြည်သူ့ဆေးရုံကြီး၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံ ပေးသည်။ 

 


ထိုးနှံပေး

 


အဆိုပါ   မြို့နယ်၌  ဇူလိုင်  ၂၅ ရက်၊ ၂၇ ရက်နှင့် ၂၈ ရက်အထိ အသက် ၆၅ နှစ် နှင့်အထက်ရှိသူ ၃၅၇ ဦးကို ကိုဗစ်-၁၉ ရောဂါ   ကာကွယ်ဆေး  ထိုးနှံပြီးဖြစ်ရာ ယနေ့တွင်   နံနက်   ၈   နာရီမှစတင်၍ အသုတ်လေးသုတ်ခွဲ၍ ကိုဗစ် -၁၉ ရောဂါ ကာကွယ်ရေး  နည်းလမ်းများနှင့်အညီ  ကျန်းမာရေးဝန်ထမ်းများက   ကာကွယ် ဆေးထိုးနှံပေးကြသည်။

 


ကာကွယ်ဆေး   ထိုးနှံပေးခြင်းနှင့် စပ်လျဉ်း၍ အမရပူရမြို့နယ်အုပ်ချုပ်ရေး မှူး ဦးသီဟံစိုးက “ကာကွယ်ဆေးထိုးနှံဖို့ အတွက် တစ်ရက်ကြိုတင်ပြီး ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကနေတစ်ဆင့် အသက်(၆၅)နှစ်ပြည့်တဲ့သူတွေကို တိုကင် တွေ၊ ဖိတ်စာတွေပေးပါတယ်။ ဆေးထိုးနှံ ပြီးတဲ့အခါမှာ      ဆေးနဲ့ဓာတ်မတည့်တဲ့ အခြေအနေတွေတော့   မတွေ့ရသေးပါ ဘူး။ ကာကွယ်ဆေးထိုးဖို့အတွက် အုပ်စု တွေခွဲဖို့ရှိပါတယ်။ အုပ်စုတွေထဲမှာ ပါဝင် တဲ့    ပရဟိတအဖွဲ့တွေ၊   လူမှုရေးအသင်း အဖွဲ့တွေကို ထိုးပေးမယ်။ ပြီးတော့ နိုင်ငံ့ ဝန်ထမ်းတွေ၊ ဟိုတယ်၊ မိုတယ်၊ တည်းခို ခန်းမှာရှိတဲ့     အလုပ်သမားတွေပါမယ်။ သာသနာ့ဝန်ထမ်းတွေ၊      ဘာသာရေး အသင်းအဖွဲ့တွေ၊  ဆရာတော်၊ သီလရှင် တွေပါမယ်။ ဆေးရုံ၊ အလုပ်ရုံက အလုပ် သမားတွေဆိုပြီး ခွဲထားပါတယ်။ ဒါတွေကို မကြာခင်ကာလမှာ ဆေးထိုးဖို့အတွက် စီမံဆောင်ရွက်နေတာ       ရှိပါတယ်။ ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်း ထိန်းချုပ် နိုင်ဖို့အတွက်က ပြည်သူပါဝင်မှ ရမှာပါ။ ပြည်သူတွေအနေနဲ့   သတ်မှတ်ထားတဲ့  စည်းကမ်းအတိုင်း လိုက်နာပြီး နေထိုင် ပေးကြဖို့     မေတ္တာရပ်ခံလိုပါတယ်”ဟု ပြောသည်။ 

 


မပျက်မကွက်ထိုးနှံ

 


“ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှုန်းက လည်း များပြားလာတော့ ဒီလိုကာကွယ် ဆေးထိုးနှံခွင့်ရတာ     ဝမ်းမြောက်မိပါ တယ်။ ကာကွယ်ဆေးမထိုးရသေးတဲ့သူ တွေအနေနဲ့လည်း     ထိုးခွင့်ရတဲ့အချိန် မပျက်မကွက်ထိုးနှံကြဖို့  တိုက်တွန်းလို ပါတယ်။ ကပ်ရောဂါကြီးလည်း အမြန်ဆုံး ပပျောက်သွားဖို့   ဆုတောင်းနေပါတယ်” ဟု    ကာကွယ်ဆေးလာရောက်ထိုးနှံသူ ဦးမောင်ကြိုင်က ပြောသည်။ 


“ကျွန်မ     အသက် ၆၆ နှစ်ရှိပါပြီ။ ကာကွယ်ဆေး     ထိုးနှံရတော့မယ်လို့ တာဝန်ရှိသူတွေက အကြောင်းကြားတော့ အတိုင်းမသိဝမ်းသာမိပါတယ်။ ကာကွယ် ဆေးထိုးပြီးတဲ့အခါမှာလည်း    ကိုယ့်ကိုယ် ကိုယ်လုံခြုံမှုရှိသွားတယ်လို့ ခံစားမိတယ်” ဟု    ကာကွယ်ဆေးလာရောက်ထိုးနှံသူ တစ်ဦးက ပြောသည်။ 
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စီနိုဖန်း  ထိုးနှံခြင်းမပြုမီ   ကျန်းမာရေး ဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာ ပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်း    အောက်ဆီဂျင်ပါဝင်မှု ပမာဏ    တိုင်းတာပေးခြင်းတို့ကို ဆောင် ရွက်ပေးပြီး    ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေး ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။

 


မန္တလေးခရိုင် ခုနစ်မြို့နယ်အတွင်းရှိ အသက်(၆၅)နှစ်နှင့်အထက် ရှိသူများအား  ကိုဗစ် - ၁၉  ရောဂါ ကာကွယ်ဆေးထိုးနှံပေး ခြင်းကို ဇူလိုင် ၂၅ ရက်မှ စတင်ထိုးနှံပေး လျက်ရှိပြီး    မြို့နယ်တစ်မြို့နယ်လျှင် စုရပ်လေးနေရာခွဲ၍ တစ်ရက်လျှင် စုရပ် တစ်ခုစီ၌ လူဦးရေ ၅၀ အထိ ထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေးများ ထပ်မံရောက်ရှိလာ ပါက ဆက်လက်တိုးမြှင့်ထိုးနှံပေးသွား မည်ဖြစ်ကြောင်း သိရသည်။ 

 


မောင်အေးချမ်း