အမရပူရခေတ် အမျိုးသား/ အမျိုးသမီး ဝတ်စားဆင်ယင်မှုပုံဖြင့် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် ထုတ်ဝေရောင်းချမည်

 

နေပြည်တော်   ဧပြီ   ၂၇


ပို့ဆောင်ရေးနှင့်  ဆက်သွယ်ရေး ဝန်ကြီးဌာန       မြန်မာ့စာတိုက် လုပ်ငန်းမှ       အမရပူရခေတ် အမျိုးသား/ အမျိုးသမီး   ဝတ်စား ဆင်ယင်မှုပုံဖြင့်     အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၂၀၀ ကျပ် တန်) နှစ်မျိုးကို  ၂၀၂၂  ခုနှစ် ဧပြီ ၂၉ ရက်   မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်          တန်ခူးလကွယ်နေ့ (သောကြာနေ့)   နံနက် ၉ နာရီခွဲ မှစတင်၍    နေပြည်တော်ဗဟို စာတိုက်ကြီး၊ ရန်ကုန်စာတိုက် ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်ကြီးများတွင်   ရောင်းချ ပေးသွားမည်ဖြစ်သည်။

 


အထူးအစီအစဉ်     တစ်ရပ် အနေဖြင့်      နေပြည်တော်ဗဟို စာတိုက်ကြီး၊  ရန်ကုန်စာတိုက်ကြီး နှင့်    မန္တလေးစာတိုက်ကြီးတို့ တွင်    ၂၀၂၂ ခုနှစ် ဧပြီ ၂၉ ရက်  (သောကြာနေ့) တွင်  ဝယ်ယူ သော စာပို့တံဆိပ်ခေါင်းများပေါ် တွင်          နေ့စွဲ  အမှတ်အသား တံဆိပ်     ရိုက်နှိပ်ပေးမည်ဖြစ် ကြောင်း သိရသည်။    


သတင်းစဉ်