အမှန်တရားကို အစွဲမျက်မှန်ချွတ်၍ ရှာဖွေစေလိုပါသည်

Type
ကိုရေချမ်း ပြဿနာတစ်ရပ်ကို ဖြေရှင်းရာတွင် သက်ဆိုင်သည့် အကြောင်းအရာတို့ကို ရှုထောင့်ပေါင်းစုံမှ ဘက်စုံ ထောင့်စုံ၊ အပြန်ပြန်အလှန်လှန် ရှုမြင်သုံးသပ် ဆင်ခြင်ပြီး အနီးစပ်ဆုံးဖြစ်နိုင်ခြေကို ဓမ္မဓိဋ္ဌာန် ကျကျ ကောက်ချက်ချ ယူရပါသည်။ ဤသို့ ကောက်ချက်ချသော်လည်း ဧကန်စင်စစ် အမှန်ပင်ဟု တထစ်ချဆွဲယူ၍ မရပါ။ အနီးစပ်ဆုံး ဖြစ်နိုင်ခြေဟုသာ ဆိုကြပါသည်။ ကောက်ချက် ဆွဲကြပါသည်။ ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ကိုသော် လည်းကောင်း၊ အကြောင်းကိစ္စတစ်ခုကိုသော် လည်းကောင်း ချဉ်းကပ်ရာ၌ တချို့က အစွဲကင်း သည်။ တချို့က အစွဲကပ်ပါလာသည်။ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကို ချဉ်းကပ်သည်ဖြစ်စေ၊ အကြောင်းအရာတစ်စုံတစ်ခုကို ရှုမြင်သည်ဖြစ်စေ အစွဲနှင့်ချဉ်းကပ်သူသည် အစွဲမျက်မှန်တပ်ထား သည်ဖြစ်၍ မိမိချဉ်းကပ်သော ပုဂ္ဂိုလ်၊ မိမိလေ့လာ သောအကြောင်းအရာ၏ ပုံသဏ္ဌာန်အဖြစ်သနစ်ကို အရှိကိုအရှိအတိုင်း မြင်နိုင်စွမ်းအားမရှိပါ။ အစွဲကင်းသူကသာ မိမိချဉ်းကပ်သည့် ပုံရိပ်ကို အမှန်ကို အမှန်အတိုင်း မြင်နိုင်စွမ်းရှိပါသည်။ အစွဲမျက်မှန်တပ်ပြီး ဖြေရှင်းမရ သတင်းစာပညာတွင်လည်း အစွဲကင်းစွာ ကျင့်သုံးရပါသည်။ အဖြစ်အပျက် အကြောင်းအရာ တို့ကို အရှိကို အရှိအတိုင်း၊ အမှန်ကို အမှန်အတိုင်း မှန်မှန်ကန်ကန် ရှုမြင်သုံးသပ်ရပါသည်။ ပို၍လည်း မသုံးသပ်ရ၊ လို၍လည်း မသုံးသပ်ရပေ။ အကြောင်း အရာတစ်ခုကို ရှုမြင်သုံးသပ်ရာ၌ ဘက်စုံထောင့်စုံမှ ခိုင်ခိုင်မာမာ ရှုမြင်ဖွေရှာပြီး ရှုထောင့်ပေါင်းစုံမှ အမြင်များကိုချပြ၍ အကောင်းဆုံးဝေဖန် သုံးသပ် ရပါသည်။ အကြောင်းအရာတစ်ခု၊ အဖြစ်အပျက် တစ်ခုကို မှန်ကန်ကြောင်း သက်သေအထောက် အထားများ ခိုင်ခိုင်မာမာရယူထားရသည်။ တရားရေးဘက်တွင်လည်း ဤနည်းတူဖြစ်သည်။ သက်သေအထောက်အထားများ အားလုံးကို ခိုင်မာစွာရယူ တင်ပြကြရသည်။ အကြောင်းအရာတစ်ခုကို တင်ပြရာတွင် ဖြစ်စေ၊ သုံးသပ်ရာတွင်ဖြစ်စေ၊ ဖြေရှင်းရာတွင် ဖြစ်စေ အစွဲမျက်မှန်တပ်ပြီး သုံးသပ်ဖြေရှင်း တင်ပြ၍ မရနိုင်ပေ။ စာရေးဆရာတို့သည်လည်း ထိုနည်းလည်းကောင်းပင် ဖြစ်သည်။ စာရေးဆရာ သည် လူ့အကြောင်း၊ လူ့အတ္ထုပ္ပတ္တိကို ရေးသားရာ၌ မိမိရေးသော အတ္ထုပ္ပတ္တိရှင်နှင့်ပတ်သက်၍ အစွဲမျက်မှန်တပ်ထားလျှင် မိမိရေးသားသော အတ္ထုပ္ပတ္တိရှင်၏ ပုံရိပ်သည် အရှိကိုအရှိအတိုင်း ပေါ်လာလိမ့်မည်မဟုတ်ပေ။ အစွဲမျက်မှန် တပ်မထားသော စာရေးဆရာ၏ အမြင်၌သာ သူရေးသော အတ္ထုပ္ပတ္တိရှင်၏ပုံရိပ်က အရှိအတိုင်း ပေါ်လာနိုင်သည်ဟု စာရေးဆရာကြီးပါရဂူမှ ရှင်းပြဖူးသည်။ တစ်သံတည်း၊ တစ်မျိုးတည်းထွက် ထို့ကြောင့် အစွဲမျက်မှန်တပ်ထားလျှင် လူတို့နှင့်ပတ်သက်၍ဖြစ်စေ၊ အကြောင်းအရာ တို့နှင့်ပတ်သက်၍ဖြစ်စေ ပြောဆိုရာ၌ “အားလုံး ကောင်းပါသည်” ၊ “အားလုံး မကောင်းပါ” ဟူ၍ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ မှန်သည် ဖြစ်စေ၊ မမှန်သည်ဖြစ်စေ တစ်သံတည်း၊ တစ်မျိုး တည်းထွက်လာတတ်သည်။ အဖြစ်အပျက် အကြောင်းအရာများသည် အစွဲမျက်မှန်တပ်ပြီး ကြွေးကြော်နေကြသော ပုဂ္ဂိုလ်များ၏ လက်ထဲ ရောက်သွားသောအခါ ဝေဖန်စရာ၊ ထောက်ပြစရာ များဖြစ်လာ၍ ထောက်ပြရခြင်းဖြစ်ပါသည်။ အစွဲဟူသည် ပြင်ရ၊ ဖျက်ရ အလွန်ခက်သောကိစ္စ ဖြစ်၍ မှားယွင်းသော အစွဲကိုမစွဲမိရန် အလွန်အရေး ကြီးပါသည်။ အစွဲဟူသည် သူ့အလိုလို ဖြစ်လာသည် မဟုတ်။ တစ်စုံတစ်ရာသော ပယောဂကြောင့် ဖြစ်လာရသည်။ ဥပမာ ကြည်လင်သန့်ရှင်းနေသော ရေကို အရောင်ဆိုးလိုက်သကဲ့သို့ မည်သို့မျှ အဖြူ ပြန်မဖြစ်သော အရောင်ပြောင်းသကဲ့သို့ပင် ဖြစ်သည်။ မည်သို့အမှန်ကိုရှင်းပြရှင်းပြ လက်မခံ အားလုံးထက်ဆိုးသည့်အစွဲကြီးမှာ ယုံကြည်မှု ဝါဒ ဖြစ်သည်။ ရှေးက မျိုးချစ်လူငယ်များသည် မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် နည်းလမ်းရှာကြံ ကြသောအခါတွင် ကွန်မြူနစ်ဝါဒကို လက်ခံခဲ့ကြ သည်။ မြန်မာလူငယ်ခေါင်းဆောင်တချို့ ကွန်မြူနစ် ဝါဒစွဲဖြင့် လှုပ်ရှားမှုပြုလုပ်ကြရာ လွတ်လပ်ရေး အတွက် လက်တွဲမဆောင်ရွက်ဘဲ မြန်မာအချင်းချင်း တိုက်ခိုက်ကြသည်။ ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ကွန်မြူနစ်ခေါင်းဆောင်များကို ဖယ်ထုတ် ရသည့်သမိုင်းကို မှတ်သားမိကြမည်ဖြစ်သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရသောအခါ လွတ်လပ်ရေးတိုက်ပွဲတွင် အတူလက်တွဲခဲ့သည့် ရဲဘော်သုံးကျိပ်အချို့သည်ပင် နှစ်ပေါင်းများစွာ တောခို၍ အစိုးရကို ပြန်လည်တော်လှန်ခဲ့သည်။ ရဲဘော်သုံးကျိပ်အချို့နှင့် အချို့သခင်များသည် ကွန်မြူနစ်ဝါဒကို သေသည့်တိုင်အောင် ကိုင်စွဲခဲ့ကြ သည်။ နိုင်ငံရေး အန်တုခြင်း၊ အာဏာဖီဆန်ခြင်း၊ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာသမားများပါမကျန် ဆန့်ကျင်ခြင်း၊ ရက်စက်ခြင်းပြုလုပ်ခဲ့ကြသော ကွန်မြူနစ်ဝါဒသည် မြန်မာ့သမိုင်းတွင် အမည်းစက် ကြီးများ စွန်းထင်းကျန်ခဲ့သည်။ မကောင်းမှန်း သိလျက်နှင့် ဝါဒမှိုင်းထဲတွင် နစ်မြုပ်နေကြသည်။ အမှန်တွင် ဝါဒထက် ခေါင်းဆောင်လုပ်သူ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အမြင်၊ အစွဲ၊ စရိုက်၊ ဉာဉ်ကြောင့် ဟုသာ ဆိုနိုင်သည်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ အစွဲကြောင့်ဟု ဆိုရမည်ဖြစ်သည်။ နိုင်ငံရေး၊ ပုဂ္ဂိုလ်ရေးဝါဒစွဲများ မည်သို့မျှလည်းပြင်မရ၊ မည်သို့မျှလည်း မပြင် ကြသည့် နိုင်ငံရေး၊ ပုဂ္ဂိုလ်ရေးဝါဒစွဲများ မျက်မှောက် ကာလတွင်လည်း ရှိနေဆဲဖြစ်သည်။ မြန်မာနိုင်ငံတွင် ကွန်မြူနစ်တို့၏ လှုပ်ရှားမှုများကို လွတ်လပ်ရေး ကြိုးပမ်းစဉ်ကာလမှစ၍ ၁၉၈၈ ခုနှစ်ကုန်ပြီးသည် အထိ ရှိခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ မြန်မာလူမျိုး များသည် တစ်ခုခုကို ယုံကြည်သည်နှင့် အားလုံး လိုက်ယုံသည့် အစွဲအလမ်းကြီးသည်ဟု ဆိုရမလို ဖြစ်သည်။ ၁၉၈၈ ခုနှစ်အလွန် ကာလတွင် ကွန်မြူနစ် ဝါဒ ပျောက်ကွယ်သွားပြီဟုဆိုသော်လည်း ဒီမိုကရေစီ အမည်ခံကာ အသွင်ပြောင်းနေသည်ဟုပင် ဆိုရမလို ဖြစ်နေသည်။ ရှေးလူကြီးသူမများ၏ ဆိုစကားအရ သံသရာတစ်ပတ်လည်တတ်သည်ဟု ဆိုသကဲ့သို့ ဖြစ်နေပြီလားပင် ထင်မှတ်ရသည်။ ၁၉၈၈ ခုနှစ်လွန် ကာလ နိုင်ငံရေးသမားနှင့် လူငယ်အချို့၏လုပ်နည်း လုပ်ဟန်များကို အကဲခတ်ကြည့်နိုင်ပါသည်။ လွန်ခဲ့သောကာလများက ဖြစ်ပျက်ခဲ့သော မြန်မာ့နိုင်ငံရေးအခြေအနေများအား မှန်ပါသည်/မှားပါသည်ဟု မပြောဆိုလိုတော့ပါ။ မှန်သည်ဟု ပြောလျှင်လည်း လက်မခံ၊ မှားသည်ဟုပြောလျှင် လည်း လက်မခံ။ အာဏာရှင်ကို လက်မခံ၊ ဒီမိုကရေစီ ကိုသာ လိုလားသည်ဆိုပြီး မိမိတို့ အယူအဆသာ မှန်သည်၊ မိမိတို့ဝါဒသာ မှန်သည်ဟု တရားသေစွဲထား သည်။ တရားသေဆုပ်ကိုင်ထားသော နိုင်ငံရေး လောကတွင် အမှန်တရားကို မည်သို့မျှ ရှင်းပြ မရသည့် အနေအထားဖြစ်နေသည်။ မည်သို့ပင်ဖြစ်စေ ယနေ့ဖြစ်စဉ်အမှန်များကို အစွဲမျက်မှန် မတပ်ဘဲ ရှုမြင်ကြရန် တိုက်တွန်းချင်ပါသည်။ ကြီးမားသည့်ပြစ်မှုများကျူးလွန် မဲစာရင်းမမှန်ကန်မှု၊ မဲမသမာမှု၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျော်လွန်ဖောက်ဖျက်မှုတို့ကြောင့် နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပေါ်လာသည်ကို လုံးဝလက်မခံဘဲ တရားသေဝါဒ ဆုပ်ကိုင်ထားသော နိုင်ငံရေးသမားများက ပြည်သူကို ခုတုံးလုပ်ကြသည်။ ဒီမိုကရေစီကို ခုတုံးလုပ်ကြသည်။ အာဏာရှင်ကို အကြောင်းပြကြသည်။ ဝါဒမှိုင်းတိုက်ခံထားရသူများ၊ အစွဲမျက်မှန်တပ်ခြင်းခံရသူများ၊ မသိနားမလည် သောပြည်သူများ၊ ပညာတတ်သိ နားလည်ပါလျက် ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲ စွဲနေသူများသည် ဖြစ်စဉ်အမှန်ကို မည်သို့မျှ လက်မခံကြပါ။ လက်မခံရုံသာမက ကွန်မြူနစ်များကဲ့သို့ အာဏာဖီဆန်ရေး၊ တော်လှန်ပုန်ကန်ရေး ကြီးမားသည့်ပြစ်မှုများကို ကျူးလွန်ရန်ပင် ကြံစည်လုပ်ဆောင်နေကြသည်ကို တွေ့ရမည် ဖြစ်သည်။ အခြေခံပြည်သူများ၏ စိတ်ရင်းမှာ အေးအေး ချမ်းချမ်း ရှာဖွေလုပ်ကိုင်စားသောက် နေထိုင်နိုင် ရေးဖြစ်သည်။ ထမင်းတစ်ဝမ်းကို မပူမပင် ရှာဖွေ စားသောက်လုပ်ကိုင်နိုင်ရေးဖြစ်သည်။ သို့သော် နိုင်ငံရေးသမား၊ အဟောင်း/အသစ် များ၊ ထိုမှ ပေါ်ထွက်လာသည့် နိုင်ငံရေးပါတီကြီး သည် ပြည်သူများအား အစွဲမျက်မှန်တပ်ပေးရေးကို ၁၉၈၈ ခုနှစ် ဆူပူလှုပ်ရှားမှုကာလမှ ယနေ့ ကာလအထိ တစိုက်မတ်မတ်လုပ်ဆောင်ခဲ့သည်။ အာဏာရှင် ဆန့်ကျင်ရေး၊ အနိုင်ကျင့်ဖိနှိပ်မှု တွန်းလှန်ရေးအတွေးများကို ပြည်သူများအား ရိုက်သွင်းပေးခဲ့သည်။ ဒီမိုကရေစီကို မျက်နှာဖုံး စွပ်ပြီး အာဏာတည်ဆောက်ရေးကို ကြိုးပမ်း အားထုတ်ခဲ့သည်။ အမုန်းဇာတ်ခင်းကာ ပြည်သူ များ၏ ထောက်ခံအားပေးမှုကို ရယူခဲ့သည်။ အရောင်ဆိုးခံထားရသောအစွဲ ဖြစ်ပေါ်ခဲ့သော နိုင်ငံရေးအပြောင်းအလဲနှင့် လက်ရှိဖြစ်ပေါ်နေသော တိုင်းပြည်အခြေအနေတို့ အပေါ် ပြင်ပမှ ဝေဖန်သူများက အဖြစ်မှန်ကို သေချာစွာလေ့လာကြည့်ရှုခြင်းမပြုဘဲ တပ်ပြီး သား အစွဲမျက်မှန်ဖြင့် ရှုမြင်၍ တရားသေ၊ တစ်ဖက်သတ် စွပ်စွဲပြောဆို နေကြသည်။ ပါတီကြီးအာဏာ ပြန်ရရေးကိုသာမြင်ပြီး ဥပဒေ ရှုထောင့်မှမမြင်ဘဲ “တောင်းတာ ဒီမိုကရေစီ၊ ပေးတာကျည်ဆန်”ဟု တောင်စဉ်ရေမရ ပရမ်းပတာပြောဆိုနေကြသည်။ ဖြစ်ချင်နေသည်၊ မြင်ချင်နေသည်တို့ကိုသာ ဇွတ်အတင်းပုံဖော် နေကြသည်။ ဆူပူအကြမ်းဖက် တိုက်ခိုက်မှုများ၊ မင်းမဲ့စရိုက်ဆန်စွာလုပ်ဆောင်မှုများ၊ မြို့ရွာများရှိ လမ်းများပေါ်တွင် အတားအဆီးများပြုလုပ်ကာ လုံခြုံရေးတပ်ဖွဲ့များအား ပြန်လည်တိုက်ခိုက်ကြ သည့် လုပ်ဆောင်မှုများကို “လုံခြုံရေး တပ်ဖွဲ့များ က အပြစ်မဲ့ပြည်သူတွေကို မတရား လုပ်နေပါ တယ်”ဟူ၍ ဗီဒီယိုရိုက်ယူကြကာ လူမှုကွန်ရက် ပေါ်တွင် မျှဝေနေကြသည်မှာ အရောင်ဆိုးခံထားရ သော အစွဲဖြင့် လုပ်ကိုင်နေကြခြင်းသာ ဖြစ် သည်။ ပြည်သူများအနေဖြင့် အစွဲမျက်မှန်တပ်ဆင် ရှုမြင်ကာ စိတ်ခံစားချက်ဖြင့် ဥပဒေဘောင် အပြင်ဘက်သို့ ရောက်မှန်းမသိရောက်နေကြခြင်း ဖြစ်သည်။ ထို့ကြောင့် လက်ရှိ ပကတိဖြစ်ပျက် နေသည်များကို တစ်ထိုင်တည်း ဆုံးဖြတ်ချက် မချဘဲ ဓမ္မဓိဋ္ဌာန်ကျကျ မှန်မှန်ကန်ကန်ရှုမြင်ပြီးမှ လုပ်ကိုင်ဆောင်ရွက်ကြဖို့ လိုအပ်ပါသည်။ တပ်မတော်ကို အဆိုးဝါဒဖြင့် ရှုမြင်ရန်မသင့်ပေ။ တပ်မတော်အနေဖြင့် မဲမသမာမှုများ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖောက်ဖျက်ပြီး အာဏာရယူရေး ဆောင်ရွက်မှုများကြောင့် မလွှဲမရှောင်သာ နိုင်ငံ့ တာဝန်ရယူပြီး ဒီမိုကရေစီလမ်းကြောင်းကို တည့်မတ်အောင် ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။ ဒီမိုကရေစီမှသွေဖည်မည်မဟုတ် နိုင်ငံတော်၏ လိုအပ်ချက်အရ အရေးပေါ် အခြေအနေ ကြေညာခဲ့ရသော်လည်း ဒီမိုကရေစီ လမ်းကြောင်းမှ သွေဖည်သွားမည်မဟုတ်ကြောင်း အကြိမ်ကြိမ်ပြောကြားထားပြီး ဖြစ်သည်။ နိုင်ငံရေး ပါတီကြီးသည်သာ ဒီမိုကရေစီလမ်းကြောင်း အတိုင်းမသွားဘဲ အာဏာရှင်လမ်းကြောင်းသို့ သွားနေသဖြင့် ပြန်လည်တည့်မတ်ပေးနေခြင်း ဖြစ်သည်။ အစွဲမျက်မှန်မတပ်ဘဲ သေချာစွာ မြင်အောင်ကြည့်လျှင် မြင်နိုင်ပါသည်။ ရိုးသားစွာ နေထိုင်ခဲ့ကြသည့် ပြည်သူများမှာ အပြစ်မရှိပါ။ အချိန်ကာလရှည်ကြာစွာ ပြည်သူများအား အစွဲ မျက်မှန်တပ်ပေးရေး ကြိုတင်စီမံဆောင်ရွက် ခဲ့သဖြင့် ပြည်သူများကိုတပ်ပေးခဲ့သော အစွဲ မျက်မှန်ကို ပြန်လည်ချွတ်ယူရန် အတော်ခက်ခက် ခဲခဲ လုပ်ယူနေရပါသည်။ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုများကို အင်အားသုံးကာ ပိတ်ပင်တားဆီးခြင်းမရှိပေ။ အရေးပေါ်ကာလဖြစ်၍ လုံခြုံရေးတပ်ဖွဲ့များက မေတ္တာရပ်ခံ နားလည်သဘောပေါက်အောင် ပြောကြားပေးနေသည်ကို ပြည်သူများ၏ ဗီဒီယို မှတ်တမ်းများကို ပြန်ကြည့်လျှင် တွေ့နိုင်ပါသည်။ ဆူပူအကြမ်းဖက်မှုများ၊ လုယက်ဖျက်ဆီးမှုများ၊ မင်းမဲ့စရိုက်ဆန်စွာ လုပ်ဆောင်မှုများ၊ လက်နက် စွဲကိုင် အကြမ်းဖက်တိုက်ခိုက်မှုများကိုသာ အသက်သာဆုံးနည်းလမ်း၊ အင်အားအနည်းဆုံး ထိန်းသိမ်းမှုများဖြင့်သာ လုပ်ဆောင်နေသည်ကို တွေ့ရမည်ဖြစ်သည်။ အပြစ်မရှိသော၊ ရောနှော လိုက်ပါလာကြသော ကလေးသူငယ်များ၊ ကျောင်းသား ကျောင်းသူ လူငယ်လူရွယ်များအား ခေတ္တထိန်းသိမ်းထားရာမှ မိဘရင်ခွင်သို့ စနစ်တကျ ပြန်လည်လွှတ်ပေးနေသည်ကို တွေ့ရမည်ဖြစ်သည်။ ပြည်သူများအား ကာကွယ်ပေးနေ တပ်မတော်အနေဖြင့် မင်းမဲ့စရိုက်ဆန်စွာ ဆူပူ အကြမ်းဖက်၊ မီးရှို့ဖျက်ဆီးသူများ၊ ပြည်သူ များအပေါ် အကြောင်းမဲ့ စွပ်စွဲတိုက်ခိုက်နေသူများ၊ လက်နက်စွဲကိုင် ရန်ပြုသူများအား တားဆီးနှိမ်နင်း နေခြင်းဖြစ်သည်။ မင်းမဲ့စရိုက်ဆန်စွာ အကြမ်းဖက် တိုက်ခိုက်မှုများအား မည်သည့်နိုင်ငံမှ အားပေး ထောက်ခံခြင်းမရှိပေ။ နိုင်ငံတကာတွင် ဖြစ်ပွားခဲ့ သော မင်းမဲ့စရိုက်ဆူပူမှုများကို နိုင်ငံအစိုးရတိုင်းက ထိရောက်စွာ နှိမ်နင်းခဲ့ကြသည်ချည်းသာ ဖြစ်သည်။ မြန်မာနိုင်ငံတွင် အကြမ်းဖက်ဆူပူမှု နှိမ်နင်းရေးကို နိုင်ငံတကာစံနှုန်းများထက် လျော့နည်းစွာ ဆောင်ရွက်လျက်ရှိသဖြင့် ပျော့ညံ့သည်ဟုပင် ပြောဆိုမှုများ ရှိနေသည်ကို ကြားသိနေရသည်။ သွေးထိုးလှုံ့ဆော် မြှောက်ပင့်ပေးနေသူများ သည် ထိပ်တိုက်တွေ့ဆုံသည့်ရှေ့တန်းတွင် မရှိပါ။ ပြည်ပနိုင်ငံများမှလည်းကောင်း၊ လုံခြုံသည့်နေအိမ် နေရာများမှလည်းကောင်း ဖန်တီးနေကြခြင်းဖြစ် သည်ကို မြင်အောင်ကြည့်ဖို့ လိုမည်ဖြစ်သည်။ လူငယ်များအနေဖြင့် ထိပ်တိုက်တွေ့ဆုံကြ၍ ရှေ့တန်းတွင် အသက်သေဆုံး၊ ထိခိုက်ဒဏ်ရာရမှု များ ရှိနေခြင်းသည် နောက်ကွယ်မှ သွေးထိုး လှုံ့ဆော်မှုများ၊ ကြိုတင် အစွဲကပ်အောင် လုပ်ဆောင်မှုများကြောင့်ဖြစ်သည်။ လူငယ်လူရွယ် များ လမ်းမများပေါ်သို့ထွက်ကာ ထိပ်တိုက်တွေ့ အောင် ဖန်တီးပေးနေသူများအား အပြစ်တင်ရမည့် အစား တည်ဆဲအစိုးရအပေါ်၊ လုံခြုံရေးတပ်ဖွဲ့ဝင် များအပေါ် အပြစ်တင်မှုများ၊ အမုန်းပွားမှုများ ဖြစ်နေသည်မှာ မိမိတို့တွင် တစ်စုံတစ်ရာ အစွဲကပ် နေမှုကြောင့်ဖြစ်သည်ကို သတိပြုမိရန် လိုပါသည်။ ထိုအစွဲကို ခွာချရန် အရေးကြီးပါသည်။ ထို့ကြောင့် မိဘပြည်သူ ဆွေမျိုးအသိုက်အဝန်း များအနေဖြင့် စိတ်မချမ်းမြေ့ဖွယ်ရာ ဖြစ်ပေါ်နေ မှုများ အေးငြိမ်းစေရေး၊ တိုင်းပြည်တည်ငြိမ်အေးချမ်း သာယာရေးအတွက် မိမိတို့စိတ်တွင် ဖြစ်ပေါ်နေ သော ဒေါသ၊ မောဟများနှင့် စိတ်ခံစားချက်များ အား တတ်နိုင်သမျှလျှော့ချကာ လက်ရှိပကတိ ဖြစ်ပေါ်နေသော အမှန်တရားများကို အစွဲမျက်မှန် ကိုချွတ်ပြီး ရှာဖွေကြစေလိုပါကြောင်း။ ။