အမှန်တကယ်အသုံးပြုခဲ့သောဓာတ်အားခများ အပြည့်အဝပေးသွင်းရေး ဆွေးနွေး

 

ရန်ကုန်   အောက်တိုဘာ   ၁၄ 


ရန်ကုန်တိုင်းဒေသကြီးအတွင်း    လျှပ်စစ်ဓာတ်အားသုံးစွဲသူပြည်သူများအား    ဓာတ်အားစဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်ရေးနှင့် ဓာတ်အားသုံးစွဲသူပြည်သူများကလည်း အမှန်တကယ်အသုံးပြုခဲ့သော  ဓာတ်အားခ များကို  အပြည့်အဝပေးသွင်းရေးအတွက်  လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို  ရန်ကုန်တိုင်းဒေသကြီး   သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းနှင့်  အလုံမြို့နယ်ရှိ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေး ရှင်းရုံးမှ တာဝန်ရှိသူများ အောက်တိုဘာ ၁၂ ရက်က အဆိုပါရုံး၌ တွေ့ဆုံဆွေးနွေးသည်။

 


ရန်ကုန်    လျှပ်စစ်ဓာတ်အား ပေးရေးကော်ပိုရေးရှင်း     အမှု ဆောင်အရာရှိချုပ်  ဦးကျော်သူက မီတာဖတ်ရှုရာတွင်    တွေ့ကြုံရ သည့်အခက်အခဲများ၊     ပြည်သူ များ      ဓာတ်အားခပေးဆောင်ရာ တွင်    အဆင်ပြေချောမွေ့စေရေး အတွက်          ပေးဆောင်ရမည့် နောက်ဆုံး  ရက်သတ်မှတ်ချက်ကို ကြိုတင်အသိပေးခြင်း၊     လျှပ်စစ် ဓာတ်အားပေးခွဲရုံများနှင့် နေ့စဉ် ဓာတ်အားသုံးစွဲမှု     အခြေအနေ၊ မြို့နယ်များတွင်   ဓာတ်အားလိုင်း များ  တိုးချဲ့တည်ဆောက်ခြင်းနှင့် ဓာတ်အားဖြန့်ဖြူးရေးစနစ်ကို ပိုမို ကောင်းမွန်စေရန်    ဆောင်ရွက် ချက်များကို    ဝန်ကြီးအား  တင်ပြ ပြီး    ကော်ပိုရေးရှင်းခေတ္တဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက    ဖြည့်စွက် ရှင်းလင်းတင်ပြသည်။

 


ထို့နောက် ဝန်ကြီးက ဓာတ် အား သုံးစွဲသူ ပြည်သူများအနေဖြင့် အမှန်တကယ်     အသုံးပြုခဲ့သော ဓာတ်အားခများ  အပြည့်အဝ  ပေး သွင်းရေးနှင့်  ပေးသွင်းခြင်းမရှိပါက မီတာဖြတ်တောက်မည့်အစီအစဉ် များနှင့်      နောက်ကျဒဏ်ကြေး ပေးဆောင်စေခြင်းများကို ပြည်သူ များ  ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင် အောင်ဆောင်ရွက်ရန်၊ ကျေးလက် ဒေသအားလုံး      ယခုဘဏ္ဍာနှစ် တွင်   လျှပ်စစ်မီးရရှိပြီး  မီးလင်း ရေးဆောင်ရွက်ရန်၊  ဆိုလာနည်း စနစ်ဖြင့်  လျှပ်စစ်မီးရရှိရေး ဦးစား ပေးဆောင်ရွက်ရန်၊     လျှပ်စစ် မီတာခများကို      အွန်လိုင်းမှ ပေးသွင်းနိုင်အောင်   စီမံဆောင် ရွက်ရန်၊           ပြည်သူများအား ဝန်ဆောင်မှုပေးနေသော လုပ်ငန်း ဖြစ်သည့်အတွက်   ဝန်ထမ်းများ အနေဖြင့် ပြည်သူများ၏လိုလား ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး အလေးထား    ဆောင်ရွက်ကြရန် မှာကြားသည်။

 


ယင်းနောက်     Advanced  Metering Infrastructure(AMI) နည်းစနစ်ဖြင့်     မြို့နယ်ခြောက်ခု အတွက် မီတာဖတ်ခြင်း၊ မီတာခ ပေးချေခြင်း၊     သုံးစွဲသည့်ယူနစ် ကြည့်ရှုခြင်း၊       တောင်းခံငွေ၊ ကောက်ခံရငွေ၊ ကြွေးကျန်ရှိမှုများ ကို သိရှိနိုင်သည့်  အခြေအနေများ နှင့် မြို့နယ်ခုနစ်ခုတွင်   AMI စနစ် ဆောင်ရွက်နေမှုများ     မကြာမီ ပြီးစီးမည်ဖြစ်၍ ၁၃ မြို့နယ်တွင် AMI စနစ်ဖြင့် ဆောင်ရွက်သွားမည့် အစီအစဉ်များကို   တာဝန်ရှိသူ များက ရှင်းလင်းတင်ပြသည်။

ဆန်းကျော်ဦး(ပြန်/ဆက်)