
နေပြည်တော် ဧပြီ ၁၈
ရခိုင်ပြည်နယ် အမ်းမြို့ရှိ မြို့ဦးဘုန်းတော်ကြီး ကျောင်းတိုက်အတွင်း နှစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်လှူဒါန်းရန်အတွက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် တပ်ရင်း/ တပ်ဖွဲ့များမှ စုပေါင်း လှူဒါန်းသည့် အလှူငွေများ ပေးအပ်လှူဒါန်း ခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းတိုက် ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြ သည်။
ဦးစွာ တိုင်းမှူးနှင့် အရာရှိ၊ စစ်သည်၊ မိသားစု များက အဆိုပါကျောင်းတိုက် ဆရာတော်ထံမှ ငါးပါး သီလ ခံယူဆောက်တည်ကြသည်။ ထို့နောက် တိုင်းမှူးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများက တိုင်းစစ်ဌာနချုပ်နှင့် တပ်ရင်း/ တပ်ဖွဲ့များမှ စုပေါင်း လှူဒါန်းသည့် အလှူငွေကျပ်သိန်း ၃၀ နှင့် လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစု တို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်