အမ်းမြို့နယ်ရှိ နေရပ်စွန့်ခွာစခန်းများ၌ ခိုလှုံနေကြသော အသက် ၁၈ နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေးခြင်းနှင့် ဒုတိယအကြိမ်ထိုးနှံရန် ကျန်ရှိသူများအား ဆက်လက်ထိုးနှံပေးလျက်ရှိ

 

အမ်း   စက်တင်ဘာ  ၄


ရခိုင်ပြည်နယ်  အမ်းမြို့နယ်တွင်  နေရပ်စွန့်ခွာစခန်းများ၌  ခိုလှုံနေကြသော  အသက် ၁၈ နှစ်အထက် ပြည်သူများအား   ကိုဗစ်-၁၉   ရောဂါ   ကာကွယ်ဆေးပထမအကြိမ်   ထိုးနှံပေးခြင်းနှင့်   ဒုတိယအကြိမ်   ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား ရွှေအမ်းတောင်ခန်းမ၌ စက်တင်ဘာ ၄ ရက် နံနက် ၉ နာရီက မြို့နယ်ကျန်းမာရေးဝန်ထမ်းများက   ကာကွယ်ဆေးထိုးနှံပေးခြင်းကို   ဆက်လက်ဆောင်ရွက်ပေးလျက် ရှိသည်။


အမ်းမြို့နယ်တွင်  ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေးကို မိုးလုံ လေလုံအားကစားခန်းမ     နေရပ် စွန့်ခွာခိုလှုံနေသော တိုက်ပွဲရှောင် စခန်း(၂)ရှိ     အသက် ၁၈ နှစ် အထက်     ပြည်သူ    ၅၈၂  ဦးတွင် ထိုးနှံရန် ကျန်ရှိသူများနှင့် ကမ်း ဒိတ်ဓမ္မာရုံ နေရပ်စွန်ခွာခိုလှုံနေသူ ပြည်သူ ၃၇ ဦးနှင့်  ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံရန်     ကျန်ရှိ သူများအား မြို့နယ်ကျန်းမာရေး ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များ နှင့်အညီ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို      ဆက်လက် ဆောင်ရွက်ပေးလျက်ရှိသည်။


အဆိုပါ   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ်  အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ် ရေးမှူး  ဦးရွှေအေး၊ ကျန်းမာရေး ဦးစီးဌာနမှ    ဒေါက်တာ  အောင် ကျော်မိုးနှင့် ဝန်ထမ်းများ၊ မြို့နယ် ရဲတပ်ဖွဲ့မှူး   ရဲမှူး  ကျော်ဆန်း၊ မြို့နယ်  ဌာနဆိုင်ရာ   တာဝန်ရှိ သူများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန   မြို့နယ် ဦးစီးမှူး၊  မြို့နယ်မီးသတ်တပ်ဖွဲ့ ဝင်များ၊    မြန်မာနိုင်ငံ  ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊       စေတနာ့ ဝန်ထမ်း  ပံ့ပိုးကူညီရေး  အဖွဲ့ဝင် များ     ပူးပေါင်းပါဝင်၍        ပါးစပ် နှင့်   နှာခေါင်းစည်းများ   ဖြန့်ဝေ ပေးခြင်း၊     လက်သန့်ဆေးရည် ဖြင့်     လက်ကို    သန့်စင်အောင်    ဆေးကြောပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်း ချက်များနှင့်အညီ  ကူညီဆောင် ရွက်ပေးလျက်ရှိသည်။


ထို့နောက်ကိုဗစ်-၁၉ ရောဂါ     ကာကွယ်ဆေး    ပထမအကြိမ် ထိုးနှံရန်အတွက်   နေရပ်စွန့်ခွာ ခိုလှုံနေသော    ပြည်သူများဖြစ် သည့်  စျေးရပ်ကွက်ဆွေမျိုးများ နေအိမ်၊      စျေးတောင်ရပ်ကွက် ဆွေမျိုးများ နေအိမ်၊ လေယာဉ် ကွင်းရပ်ကွက်     ဆွေမျိုးနေအိမ်၊ ပျဉ်းတောကျေးရွာ     ဆွေမျိုးများ ၌     နေထိုင်ကြသူ   ၁၂၂၆ ဦးနှင့် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူ များအား     ဆက်လက်ထိုးနှံပေး ခြင်း    ဆောင်ရွက်ပေးမည်ဖြစ် ကြောင်း    မြို့နယ်    ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန့်ရေးကော်မတီထံ မှ သိရသည်။


ဝင်းအိမွန်(ပြန်/ဆက်)