အမ်းမြို့နယ်၌ လက်သမား၊ ပန်းရန်သင်တန်းဖွင့်

 

အမ်း  မေ  ၁၂

 


ရခိုင်ပြည်နယ် အမ်းမြို့နယ်၌ ကျေးလက်နေပြည်သူများအား   အလုပ် အကိုင်အခွင့်အလမ်းများ  ရရှိစေရန်နှင့်  မိသားစုဝင်ငွေတိုးပွားလာစေရန်  ရည်ရွယ်၍  လက်သမား၊ ပန်းရန်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန် နေ့က  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  အစည်းအဝေး ခန်းမ၌ ကျင်းပသည်။ 

 


သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်  မြို့နယ်ရဲတပ်ဖွဲ့ မှူး ရဲမှူး ဝင်းခိုင်က အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးညီညီက  အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများ ဖွင့်လှစ်ပေးခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ အဆိုပါသင်တန်းသို့ အမ်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ သင်တန်းသား  ၂၀  တက်ရောက်ပြီး ၂၁ ရက်ကြာ အခမဲ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။    

မြို့နယ်(ပြန်/ဆက်)