အမ်းမြို့နယ်၌ ကိုဗစ် - ၁၉ ကပ်ရောဂါ ဒုတိယလှိုင်းကြောင့် ရောဂါကူးစက်ခံပြည်သူများအတွက် အာဆီယံအပေါင်းသုံးနိုင်ငံအစီအစဉ်ဖြင့် ဂျပန်နိုင်ငံမှ လှူဒါန်းသည့် ဆန်ထောက်ပံ့ပေးအပ်ပွဲကျင်းပ

 

အမ်း   ဒီဇင်ဘာ   ၁


ရခိုင်ပြည်နယ်   အမ်းမြို့နယ်တွင်  ကိုဗစ်-၁၉ ကပ်ရောဂါ ဒုတိယလှိုင်း ကြောင့်   ရောဂါကူးစက်ခံရသူ   ပြည်သူများအတွက်  အာဆီယံအပေါင်း သုံးနိုင်ငံ ၏ APTERR Tier 3 အစီအစဉ်ဖြင့်  ဂျပန်နိုင်ငံမှ လှူဒါန်းသည့် ဆန်ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို  ယမန်နေ့   မွန်းလွဲ  ၂  နာရီ က    မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန   အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 


အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ထက် က  အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေး  ဦးစီးဌာနဦးစီးအရာရှိ     ဦးဝင်းဇော်က  ဆန်ထောက်ပံ့ပေးအပ်ရ​ခြင်းအကြောင်းများကို ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးစိုးမင်းထက်နှင့်တာဝန်ရှိသူများ က ကိုဗစ်-၁၉ ကပ်ရောဂါ  ဒုတိယလှိုင်းတွင် ရောဂါကူးစက်ခြင်းခံခဲ့ရသည့် ပြည်သူ ၁၇၃ ဦးအား APTERR Tier 3  အစီအစဉ်ဖြင့်  ဂျပန်နိုင်ငံမှလှူဒါန်း သော ဆန်များကို ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ကြသည်။

 


အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးအောင်ဇော်ထက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့    ဥက္ကဋ္ဌနှင့်    မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊    ရပ်ကွက်​/ ကျေးရွာ    အုပ်ချုပ်ရေးမှူးများ၊    ရောဂါ ကူးစက်ခြင်းခံခဲ့ရသည့်  ပြည်သူများတက်ရောက်ခဲ့ကြကြောင်း  သိရ သည်။    

                                                
စိုးမင်းထွန်း(ပြန်/ဆက်)