
အမ်း သြဂုတ် ၁၁
အမ်းမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေး အတွက် အထောက်အကူဖြစ်စေမည့် အောက်ဆီဂျင် စက်ရုံတည်ဆောက်နေမှု အခြေအနေကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးအောင်နှင့် အဖွဲ့ဝင် များက သြဂုတ် ၁၀ ရက်က သွားရောက်ကြည့်ရှုပြီး လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်းသည်။
ယင်းအောက်ဆီဂျင်စက်ရုံကို အမ်းမြို့နယ် အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေးကော်မတီအဖွဲ့ က ဦးဆောင်၍ ဇူလိုင် ၁၄ ရက်မှစတင် အကောင် အထည်ဖော်ဆောင်ရွက်ပြီး စုစုပေါင်းအလှူရှင် ၅၅၆ ဦးမှ လှူဒါန်းငွေကျပ် ၁၅၂၅၁၀၀၀၀ လှူဒါန်းကြောင်း သိရသည်။
အောက်ဆီဂျင်စက်ရုံတည်ဆောက်ရန် မြေနေရာ ကို အေးရိပ်သာကျောင်း ဆရာတော်က လှူဒါန်းပြီး အောက်ဆီဂျင်စက်ရုံ အဆောက်အအုံကို တည်ဆောက်လျက်ရှိရာ ၄၀ ရာခိုင်နှုန်းခန့် ပြီးစီး ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ အောက်ဆီဂျင်စက်ရုံပြီးစီးပါက တစ်ရက် လျှင် အောက်ဆီဂျင် လီတာ ၄၀ ဆံ့ အလုံး ၁၀၀ ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်းနှင့် မြို့နယ်အတွင်း အရေး ပေါ်လူနာများနှင့် ရောဂါကူးစက်ခံရသူများအတွက် လိုအပ်သည့် အောက်ဆီဂျင်ကို ထောက်ပံ့ပေးနိုင်မည်ဖြစ်ကြောင်း မြို့နယ် အောက်ဆီဂျင်စက်ရုံဖြစ်မြောက် ရေးကော်မတီထံမှ သိရသည်။
စိုးမင်းထွန်း