အမ်းမြို့နယ်၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့(အကြို)ပန်းချီဆွဲပြိုင်ပွဲနှင့် မုန့်စားပြိုင်ပွဲများကျင်းပ

 

အမ်း   နိုဝင်ဘာ  ၂၀


ရခိုင်ပြည်နယ်        အမ်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ   လူထုအခြေပြု ဗဟိုဌာနခန်းမတွင်    (၁၀၁)နှစ် မြောက်   အမျိုးသားအောင်ပွဲနေ့  (အကြို)  အထိမ်းအမှတ်အဖြစ် ပန်းချီဆွဲပြိုင်ပွဲနှင့်    မုန့်စားပြိုင်ပွဲ များကို နိုဝင်ဘာ ၂၀ ရက် နံနက် ပိုင်းက ကျင်းပသည်။

 


အဆိုပါ       ပြိုင်ပွဲများကို ကျောင်းသား    ကျောင်းသူများ   ဉာဏ်ရည်ထက်မြက်ပြီး       တီထွင် ဖန်တီးနိုင်စွမ်းရှိစေရန်၊   အချိန်ကို  အကျိုးရှိစွာ အသုံးချတတ်စေရန်၊   စာကြည့်တိုက်သို့ လာရောက်ပြီး စာဖတ်သည့်    အလေ့အထများ ရှိစေရန် ရည်ရွယ်၍  ကျင်းပရခြင်း ဖြစ်ကြောင်း၊     ပြိုင်ပွဲအမှတ်ပေး စည်းကမ်းချက်များ၊   ကိုဗစ်-၁၉ ရောဂါ     ကြိုတင်ကာကွယ်ရေး အသိပညာပေး ဆောင်ရွက်ချက် များကို ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး     ဒေါ်ခင်မာအောင်က အမှတ်(၂) အခြေခံပညာအလယ် တန်းကျောင်းမှ မူလတန်းအဆင့် ကျောင်းသား  ကျောင်းသူများကို ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်း သား ကျောင်းသူ ၂၅ ဦးခန့် ပါဝင် ယှဉ်ပြိုင်ကြသည်။  

 


ဆက်လက်၍    (၁၀၁)  နှစ် မြောက်   အမျိုးသားအောင်ပွဲနေ့ (အကြို)အထိမ်းအမှတ်     စာစီ စာကုံးပြိုင်ပွဲနှင့်   ပန်းချီဆွဲပြိုင်ပွဲ တွင် ပထမဆု၊ ဒုတိယဆု၊ တတိယ ဆုနှင့်       နှစ်သိမ့်ဆုရရှိသည့် ကျောင်းသား ကျောင်းသူများနှင့် ပြိုင်ပွဲဝင်များအား  ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ    မြို့နယ်ဦးစီးမှူး   ဒေါ်ခင်မာ အောင်နှင့် ဝန်ထမ်းများ၊ မူလတန်း ကျောင်းအုပ်ဆရာကြီး   (အငြိမ်း စား) ဦးခင်မောင်ကြည်နှင့် ဆရာမ များက    ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဆုများနှင့်   ဗလာစာအုပ်များကို ချီးမြှင့်ကြသည်။ 

 

အဆိုပါပြိုင်ပွဲအား ကျောင်း သား ကျောင်းသူများ  မြန်မာနိုင်ငံ ၏     သမိုင်းကြောင်းဖြစ်စဉ်များ ကို          သိရှိနားလည်စေရန်နှင့် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန် ထက်မြက်လာစေရန်၊  အသိပညာ ဗဟုသုတများ  တိုးပွားလာစေရန် ရည်ရွယ်၍   ကျန်းမာရေးဝန်ကြီး ဌာနက    ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉    ရောဂါ     ကြိုတင် ကာကွယ်ရေး စည်းကမ်းချက် များနှင့်အညီ   ကျင်းပခဲ့ကြောင်း သိရသည်။  

    
စိုးမင်းထွန်း