
အမ်း စက်တင်ဘာ ၂
ရခိုင်ပြည်နယ် အမ်းမြို့နယ်၌ နေရပ်စွန့်ခွာစခန်းများတွင် ခိုလှုံ နေကြသော အသက် ၁၈ နှစ်နှင့် အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမ အကြိမ်ထိုးနှံပေးခြင်းကို ရွှေအမ်း တောင်ခန်းမ၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက်လျက်ရှိသည်။
အမ်းမြို့နယ်၌ မြို့နယ် ကျန်းမာရေး ဝန်ထမ်းများက ဆီနိုဖမ်းအမျိုးအစား ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးကို ပဲပဒုံ နေရပ်စွန့်ခွာစခန်း(၁)ရှိ အသက် ၁၈ နှစ်နှင့် အထက်ပြည်သူ ၁၈၄ ဦး၊ မိုးလုံလေလုံအားကစားခန်းမ နေရပ်စွန့်ခွာစခန်း(၂)ရှိ အသက် ၁၈ နှစ်နှင့်အထက် ပြည်သူ ၅၈၂ ဦး၊ စုစုပေါင်းပြည်သူ ၇၆၆ ဦးအား မြို့နယ်ကျန်းမာရေးဝန်ထမ်းများ က ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ရေး စည်းကမ်းချက်များနှင့်အညီ ပထမအကြိမ် ထိုးနှံပေးလျက် ရှိသည်။
ထိုသို့ ထိုးနှံပေးခြင်းကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဌေးအောင်၊ ကျန်းမာရေးဦးစီး ဌာနမှ ဒေါက်တာ အောင်ကျော်မိုး နှင့် ဝန်ထမ်းများ၊ မြို့နယ်ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့၊ မြို့နယ်ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ စေတနာ့ ဝန်ထမ်း ပံ့ပိုးကူညီရေးအဖွဲ့ ဝင်များ ပူးပေါင်း၍ လိုအပ်သည် များ ကူညီဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)