အမ်းမြို့နယ် ဒါးလက်ကျေးရွာအုပ်စုနှင့် ကဇူးကိုင်းကျေးရွာအုပ်စုတို့မှ နေရပ်ပြန်ကြမည့် တိုက်ပွဲရှောင်အိမ်ထောင်စုဝင်များသို့ ထောက်ပံ့ငွေနှင့် လူသုံးကုန်ပစ္စည်းမျိုးစုံ ထောက်ပံ့ပေးအပ်၊ နေရပ်ဒေသများသို့ မော်တော်ယာဉ်များဖြင့် ပြန်လည်ပို့ဆောင်

 

နေပြည်တော် နိုဝင်ဘာ  ၁၁


ရခိုင်ပြည်နယ် အမ်းမြို့ရှိ ယာယီတိုက်ပွဲရှောင်စခန်းအသီးသီးတွင် ခေတ္တခိုလှုံ  နေထိုင်လျက်ရှိသော အမ်းမြို့နယ်အတွင်း   ဒါးလက် ကျေးရွာအုပ်စုနှင့်   ကဇူးကိုင်း ကျေးရွာအုပ်စုများ   အတွင်းရှိ ကျေးရွာ ၂၅ ရွာတို့မှ နေရပ်ပြန် ကြမည့်    ယာယီတိုက်ပွဲရှောင် ဒေသခံပြည်သူ အိမ်ထောင်စုဝင် များကို  ဆဋ္ဌမအကြိမ်မြောက် ထောက်ပံ့ငွေနှင့်    လူသုံးကုန် ပစ္စည်းမျိုးစုံ  ထောက်ပံ့ပေးအပ် ခြင်းကို နိုဝင်ဘာ ၁၀ ရက်တွင် အမ်းခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ   အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်   ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်  အောင်ကျော်မင်း၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင် များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ယာယီတိုက်ပွဲရှောင်ပြည်သူများ တက်ရောက်ကြသည်။

 


ဦးစွာ     ဒုတိယတိုင်းမှူးက အမှာစကား    ပြောကြားသည်။ ထို့နောက်  ဒုတိယတိုင်းမှူးက ရခိုင်ပြည်နယ်    အစိုးရအဖွဲ့က ထောက်ပံ့သည့် အိမ်ထောင်စု တစ် စုလျှင် ငွေကျပ် ငါးသိန်းနှုန်းစီဖြင့် အိမ်ထောင်စု   ၂၂၉   စုအတွက် ထောက်ပံ့ငွေကျပ်  ၁၁၄၅ သိန်းကို လည်းကောင်း၊   ခရိုင်အုပ်ချုပ်ရေး မှူးက ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာနက   ထောက်ပံ့ သည့် နေရပ်ပြန် ပြောင်းရွှေ့စရိတ် အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် တစ်သိန်းနှုန်းစီဖြင့် ငွေကျပ် ၂၂၉ သိန်းကိုလည်းကောင်း၊   မြို့နယ် အုပ်ချုပ်ရေးမှူးက  ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု    ဦးစီးဌာနက ထောက်ပံ့သည့်   လူတစ်ဦးလျှင် ရိက္ခာဆန်      တစ်ရက်အတွက် နှစ်ဘူးနှုန်းဖြင့် အိမ်ထောင်စု ၂၂၉ စုရှိ လူဦးရေ  ၁၀၃၂  ဦးအတွက် တစ်လစာ   ရိက္ခာဆန်ဖိုးငွေကျပ် ၉၂၈၈၀၀၀  ကို   လည်းကောင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနဦးစီးအရာရှိ   ဒေါ်မေ ထားဇော်က အိမ်ထောင်စု တစ်စု လျှင် တစ်ပုံးနှုန်းဖြင့် လူသုံးကုန် ပစ္စည်း ၁၇ မျိုး ပါဝင်သော Family Kit ပုံး ၂၂၉ လုံးကိုလည်းကောင်း ယာယီတိုက်ပွဲရှောင်  အိမ်ထောင် စုဝင်များ၏     ကိုယ်စားလှယ် များထံ       အသီးသီးထောက်ပံ့   ပေးအပ်ကြသည်။

 


ဆက်လက်၍ ယနေ့နံနက် ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့နှင့် တပ်မတော်မှ   စီစဉ်ဆောင်ရွက် ပေးမှုဖြင့်  ယာယီတိုက်ပွဲရှောင် အိမ်ထောင်စုဝင်များက ၎င်းတို့၏ နေရပ်ဒေသသို့    မော်တော်ယာဉ် များဖြင့် ပြန်လည်ထွက်ခွာကြရာ အမ်းတပ်နယ်မှ နယ်မြေခံတပ်မ တော်သားများ၊     မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊    မီးသတ်တပ်ဖွဲ့ ဝင်များ၊ ဌာနဆိုင်ရာ   ဝန်ထမ်းများ က      အိမ်ထောင်စုဝင်များ၏ အိမ်သုံးပစ္စည်းများကို   မော်တော် ယာဉ်များပေါ်သို့    ကူညီသယ်ယူရွှေ့ပြောင်းပို့ဆောင်ပေးကြသည်။

 

ထိုသို့  ဆောင်ရွက်နေမှုများကို ဒုတိယတိုင်းမှူးနှင့်  ဌာနဆိုင်ရာ တာဝန်ရှိသူများက  လှည့်လည် ကြည့်ရှုပြီး နေရပ်ပြန်တိုက်ပွဲရှောင် ပြည်သူများကို     ရင်းရင်းနှီးနှီး  လိုက်လံနှုတ်ဆက်အားပေးစကားပြောကြားခဲ့ကြောင်း  သတင်းရရှိ သည်။                      

သတင်းစဉ်