
နေပြည်တော် နိုဝင်ဘာ ၃၀
အမျိုးသမီးတစ်ဦးကို တရုတ်ယောကျ်ားထံ ရောင်းစား ခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် များ ချမှတ်ခဲ့ကြောင်း သိရသည်။
နေပြည်တော် ဥတ္တရသီရိမြို့နယ် တောင်ညိုအုပ်စု ထန်းတောရပ်ကွက်နေ မ---၂၉/၂၀ နှစ်အား တစ်မြို့ တည်းနေ ရွှေမင်းသူ (ခ) ကိုစိုင်း(ခ) ဂျစ်တူး၊ ဒေါ်ပု (ခ) ဒေါ်ပုလေးနှင့် မခိုင်သိန်းဦး (ခ) သဲဦးတို့က ပါဆန်(ခ) ပန်ဆန်းမြို့တွင် အလုပ်ကောင်းကြောင်း၊ တစ်လလျှင် (၂/၃) သိန်းကျပ်ခန့် ရရှိမည်ဖြစ် ကြောင်း လိမ်လည်စည်းရုံးပြောဆို၍ တရုတ်ပြည်သို့ ခေါ်ဆောင်သွားပြီး တရုတ်ယောကျ်ားထံ အဓမ္မ ရောင်းစားခဲ့သဖြင့် တောင်ညိုနယ်မြေရဲစခန်း (ပ)၈၁/၂၀၂၀၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/၃၂ ဖြင့် အမှုရေးဖွင့်ခဲ့ပြီး ဥတ္တရခရိုင် တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ နိုဝင်ဘာ ၂၈ ရက် တွင် တရားခံ ရွှေမင်းသူ (ခ) ကိုစိုင်း (ခ) ဂျစ်တူး အား လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့်ထောင်ဒဏ် (၁၅) နှစ် ကျခံစေ ရန်နှင့် တရားခံ ဒေါ်ပု (ခ) ဒေါ်ပုလေးနှင့် မခိုင်သိန်းဦး (ခ) သဲဦးတို့ နှစ်ဦးအား လူကုန်ကူးမှု တားဆီး ကာကွယ်ရေးဥပဒေပုဒ်မ ၃၂ အရ အလုပ်နှင့် ထောင် ဒဏ် ၁၀ နှစ်စီကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်