အမျိုးသမီးတစ်ဦးကို တရုတ်နိုင်ငံသားနှင့် လက်ထပ်ပေါင်းသင်းစေ၍  တရုတ်နိုင်ငံသို့ပို့ဆောင်ရန် စီစဉ်ခဲ့သူအား လူကုန်ကူးမှုဖြင့် ထောင်ဒဏ်ချမှတ်

 

နေပြည်တော်  မတ်  ၂၉
အမျိုးသမီးတစ်ဦးကို  တရုတ် နိုင်ငံသားနှင့်  လက်ထပ်ပေါင်း သင်းစေ၍    တရုတ်နိုင်ငံသို့ ပို့ဆောင်ရန်    စီစဉ်ခဲ့သူအား လူကုန်ကူးမှုဖြင့်    အလုပ်နှင့် ထောင်ဒဏ်  အနှစ် ၂၀ ချမှတ်ခဲ့ ကြောင်း သိရသည်။
ဖြစ်စဉ်မှာ    ရန်ကုန်တိုင်း ဒေသကြီး  မင်္ဂလာဒုံမြို့နယ်နေ ဒေါ်ရီရီသန်း(မိ)၊  အောင်ဟိန်း ကျော်   (တိမ်းရှောင်)၊ အိဖြူ (တိမ်းရှောင်) တို့က ရန်ကုန်တိုင်း ဒေသကြီး      မှော်ဘီမြို့နယ်နေ  မ ---  ၃၃  နှစ် ကို  တရုတ်နိုင်ငံသား ကျူရှိချိုင်   (တိမ်းရှောင်)နှင့် လက်ထပ်ပါက ငွေကျပ်သိန်း ၃၀ မှ သိန်း ၇၀ အထိ  တင်တောင်း မည်။   တရားဝင်လက်ထပ်ပါက တရုတ်နိုင်ငံအထိ  ခေါ်ဆောင် မည်ဟု     စည်းရုံးပြောဆို၍  လက်ထပ်စာချုပ်တွင်  လက်မှတ် ရေးထိုးကာ  ပေါင်းသင်းစေခဲ့ပြီး  တရုတ်နိုင်ငံသို့    ခေါ်ဆောင်ရန် မန္တလေးမြို့သို့     ခေါ်ဆောင် သွားစဉ်     ဖမ်းဆီးရမိသဖြင့် မှော်ဘီမြို့မရဲစခန်း    (ပ)၄၇ /  ၂၀၁၉၊   လူကုန်ကူးမှု  တားဆီး ကာကွယ်ရေး  ဥပဒေပုဒ်မ ၂၈/ ၃၂ ဖြင့် မြောက်ပိုင်းခရိုင်  တရား ရုံးသို့      တရားစွဲတင်ပို့ခဲ့ရာ တရားခံ ဒေါ်ရီရီသန်းအား  မတ် ၂၅ ရက်တွင် လူကုန်ကူးမှုတားဆီး ကာကွယ်ရေး    ဥပဒေပုဒ်မ ၂၈/ ၃၂ အရ   အလုပ်နှင့်ထောင်ဒဏ် အနှစ် ၂၀ ကျခံစေရန်  အမိန့်ချမှတ် ခဲ့ပြီး တိမ်းရှောင်တရားခံများအား  တရားခံပြေး ကြေညာခဲ့ကြောင်း သိရသည်။            သတင်းစဉ်