
နေပြည်တော် မတ် ၁၇
အမျိုးသမီးတစ်ဦးကို တရုတ်အမျိုးသား ထံရောင်းစား၍ ငွေကြေးအကျိုးအမြတ် ခေါင်းပုံဖြတ်ရယူခဲ့သူအား လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် အမိန့်ချမှတ် ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတ ခရိုင် မြန်အောင်မြို့နယ်နေ မတင်မာလွင်က တစ်မြို့တည်းနေသူ မ--- ၊ ၃၄/၂၀၂၂ နှစ်ကို တရုတ်နယ်စပ်တွင် စားပွဲထိုးအလုပ် ကို တစ်လလျှင် ငွေကျပ် ၂၅၀၀၀၀ ရမည်ဟု စည်းရုံးပြောဆိုပြီး တရုတ် ယောကျ်ားနှင့် အဓမ္မထိမ်းမြားလက်ထပ်ရန် ငွေကျပ် သိန်း ၅၀ ဖြင့် ရောင်းစားခဲ့ပြီး ငွေကြေးအကျိုးအမြတ်များ ခေါင်းပုံဖြတ် ရယူခဲ့သဖြင့် ကနောင်နယ်မြေ ရဲစခန်း (ပ) ၁၈/၂၀၂၂၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ ဖြင့် အမှုရေးဖွင့်၍ မြန်အောင်ခရိုင် တရားရုံးသို့ တရားစွဲ တင်ပို့ခဲ့ရာ မတ် ၁၆ ရက်တွင် တရားခံ မတင်မာလွင် ကို လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ ဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ကျခံစေရန် အမိန့် ချမှတ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်