အမျိုးသမီးတစ်ဦးကို တရုတ်အမျိုးသားနှင့် အဓမ္မလက်ထပ် ပေါင်းသင်းစေပြီး ငွေကြေး အကျိုးအမြတ်များ ခေါင်းပုံဖြတ်ရယူခဲ့သူကို လူကုန်ကူးမှုဖြင့် ထောင်ဒဏ်ချမှတ်

 

နေပြည်တော်   စက်တင်ဘာ   ၂၁


အမျိုးသမီးတစ်ဦးကို  တရုတ်အမျိုးသားနှင့်  အဓမ္မလက်ထပ်ပေါင်းသင်းစေပြီး ငွေကြေး အကျိုးအမြတ်များ ခေါင်းပုံဖြတ်ရယူခဲ့သူကို အလုပ်နှင့်ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။

 


ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်က္ကံမြို့သစ်နေ သာယာအောင် (ခ)အာယာ က ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်နေ မ ---  ၂၄ နှစ်ကို တရုတ်နိုင်ငံရှိ မီးလုံးစက်ရုံတွင် အလုပ်လုပ်ရမည် လစာ(၈)သိန်းကျပ်ခန့်ရမည်၊  စားရိတ်ငြိမ်း  ပို့ဆောင် ပေးမည်ဟု   စည်းရုံးပြောဆို၍   တရုတ်နိုင်ငံသို့  တရုတ်မယားအဖြစ် အဓမ္မလက်ထပ် ပေါင်းသင်းစေပြီး ငွေကြေးအကျိုးအမြတ်များ ခေါင်းပုံဖြတ်ရယူခဲ့သဖြင့် ကမာရွတ်မြို့မ ရဲစခန်း(ပ) ၂၃၂၉/ ၂၀၁၉၊  လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ ဖြင့် အမှုရေး ဖွင့်၍ အနောက်ပိုင်းခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ   ယနေ့တွင် တရားခံ သာယာ အောင်(ခ)အာယာ ကို လူကုန်ကူးမှုတားဆီး ကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့် ထောင်ဒဏ် (၁၂) နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။     

သတင်းစဉ်