
မန္တလေး ဒီဇင်ဘာ ၂၇
သတ္တမအကြိမ်မြောက် အမျိုးသမီးပန်းချီဆရာမ ၅၄ ဦး ၏ COLOURFUL FLOWERS အမည်ရ ပန်းချီပြပွဲဖွင့်ပွဲကို ဒီဇင်ဘာ ၂၇ ရက်က မန္တလေးမြို့ အောင်မြေ သာစံမြို့နယ်ရှိ မန္တလေးတောင်ပန်းချီပြခန်း၌ ဖွင့်ပွဲကျင်းပသည်။
ဖွင့်ပွဲတွင် ဆရာကြီး ဦးခင်မောင်သန်းက အမှာစကား ပြောကြားပြီး ဆရာကြီး တမ္ပဝတီ ဦးဝင်းမောင်၊ ဆရာမကြီး ဒေါ်ချိုချိုအောင်၊ ဆရာမ ဒေါ်ခင်နန်းဆန်တို့က မုဒိတာစကား ပြောကြားသည်။ ထို့နောက် ဆရာမ ဒေါ်ခင်နန်းဆန်က ပြပွဲပြုလုပ်ရခြင်း ရှင်းလင်းပြောကြားသည်။ ပြပွဲတွင် ပန်းချီ ဆရာမ ၅၄ ဦး၏ ပန်းချီကား ၁၄၀ ပြသထားပြီး ပြပွဲကို ဒီဇင်ဘာ ၂၉ ရက်အထိ ပြသထားမည်ဖြစ်သည်။
ခင်ခင်ဝင်း(ပညာရေး)