အမျိုးသမီးများကို တရုတ်ယောက်ျားနှင့်လက်ထပ်ရန် စည်းရုံးပြောဆိုပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစား၍ အကျိုးအမြတ်ရယူရန် စီစဉ်ခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ်ချမှတ်

 

နေပြည်တော်     ဧပြီ    ၁၂
အမျိုးသမီးများကို            တရုတ်ယောက်ျားနှင့်   လက်ထပ်ရန်စည်းရုံးပြောဆိုပြီး   တရုတ်နိုင်ငံသို့ပို့ဆောင်ရောင်းစား၍  အကျိုးအမြတ်ရယူရန် စီစဉ် ခဲ့သူများကို     လူကုန်ကူးမှုဖြင့်      အလုပ်နှင့် ထောင်ဒဏ်ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ရှမ်းပြည်နယ်  ကျိုင်းတုံမြို့နယ်နေ    မအားမွှေ (ခ) အားမွှေးနှင့် ရန်ကုန်တိုင်းဒေသကြီး သာကေတ မြို့နယ်နေ  စိုင်းသီဟ    (ခ)   ဖိုးဇော်တို့က    ရှမ်း ပြည်နယ် တာလေမြို့နယ်နေ မ---၊ ၂၂/၂၃ နှစ်အား တရုတ်ယောက်ျားနှင့်လက်ထပ်ရန် စည်းရုံးပြောဆို ပြီး   တရုတ်နိုင်ငံသို့  ပို့ဆောင်ရောင်းစား၍ အကျိုး အမြတ်ရယူရန်စီစဉ်ခဲ့သဖြင့်      ချမ်းအေးသာစံ မြို့နယ်   အမှတ်(၃)နယ်မြေရဲစခန်း(ပ) ၂၃၂ /၂၀၂၃၊   လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး      ဥပဒေပုဒ်မ ၃၅/၄၄   ဖြင့်  အမှုရေးဖွင့်ခဲ့ပြီး မဟာအောင်မြေ ခရိုင်တရားရုံးသို့  တရားစွဲတင်ပို့ခဲ့ရာ ၂၄ ဧပြီ ၁၀ ရက်တွင်  တရားခံ  မအားမွှေ (ခ)  အားမွှေး  အား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး  ဥပဒေပုဒ်မ  ၃၅ အရ     အလုပ်နှင့်  ထောင်ဒဏ် ၁၀ နှစ်၊ စိုင်းသီဟ (ခ)  ဖိုးဇော်အား   လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ  ၃၇  အရ  အလုပ်နှင့် ထောင်ဒဏ်သုံးနှစ် ချမှတ်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်  ကျိုင်းတုံမြို့နယ်နေ     မအားမွှေ (ခ) အားမွှေးနှင့် ရန်ကုန်တိုင်းဒေသကြီး သာကေတ မြို့နယ်နေ   စိုင်းသီဟ  (ခ)   ဖိုးဇော်တို့က    ရှမ်း ပြည်နယ် ကျိုင်းတုံမြို့နယ်နေ မ---၊ ၂၂/၂၃  နှစ် အား တရုတ်ယောက်ျားနှင့်လက်ထပ်ရန်   စည်းရုံး ပြောဆိုပြီး   တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစား၍ အကျိုးအမြတ်ရယူရန်   စီစဉ်ခဲ့သဖြင့် ချမ်းအေး သာစံမြို့နယ် အမှတ်(၃) နယ်မြေရဲစခန်း(ပ) ၂၃၃/ ၂၀၂၃၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅/၄၄ ဖြင့်  အမှုရေးဖွင့်ခဲ့ပြီး   မဟာအောင်မြေ ခရိုင်တရားရုံးသို့  တရားစွဲတင်ပို့ခဲ့ရာ ၂၄ ဧပြီ ၁၀ ရက်တွင်   တရားခံ မအားမွှေ (ခ) အားမွှေး အား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်၊ စိုင်းသီဟ(ခ) ဖိုးဇော်အား         လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၇ အရ အလုပ်နှင့် ထောင်ဒဏ်သုံးနှစ် ချမှတ်ခဲ့ကြောင်း သိရသည်။ 
သတင်းစဉ်