အမျိုးသမီးများကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားကာ ငွေကြေးအကျိုးအမြတ်ရယူခဲ့သူများအား လူကုန်ကူးမှုဖြင့် ထောင်ဒဏ်ချမှတ်

 

 

နေပြည်တော်   ဧပြီ   ၂၅
အမျိုးသမီးများကို  တရုတ်နိုင်ငံသို့   ပို့ဆောင်ရောင်း စားကာ ငွေကြေးအကျိုးအမြတ် ရယူခဲ့သူများအား  လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၁  နှစ်စီ ကျခံရန်   အမိန့်ချမှတ်ခဲ့ကြောင်း  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ   ပဲခူးတိုင်းဒေသကြီး   တောင်ငူ မြို့နယ်    ကျောက်တိုင်ကျေးရွာအုပ်စု     ရေဆင်း ကုန်းကျေးရွာနေ   ဒေါ်ချို (ခ) ဒေါ်ခင်မာချိုနှင့် ကရင်ပြည်နယ်  မြဝတီမြို့ အမှတ် (၂)ရပ်ကွက်နေ ဒေါ်ငယ်(ခ)  ဒေါ်ခင်နှင်းသက်တို့က ပဲခူးတိုင်း ဒေသကြီး၊   တောင်ငူမြို့နယ်နေ  မ --- ၊  ၃၆ နှစ်၊ မ --- ၊ ၂၁ နှစ် နှင့် မ --- ၊ ၁၉ နှစ် တို့ကို   တရုတ် နိုင်ငံတွင်  အလုပ်ကောင်းကြောင်း၊  စီးပွားရေး အဆင်ပြေကြောင်း  ပြောဆိုစည်းရုံး၍  တရုတ် ယောကျ်ားများထံ ပို့ဆောင်ရောင်းစားကာ  ငွေ ကြေးအကျိုးအမြတ်များ  ရယူခဲ့သဖြင့်  တောင်ငူ မြို့နယ် အမှတ်(၃) နယ်မြေရဲစခန်း  (ပ)  ၃၀၉ / ၂၀၁၉  နှင့်  (ပ) ၃၁၀/ ၂၀၁၉၊ လူကုန်ကူးမှုတားဆီး ကာကွယ်ရေး  ဥပဒေပုဒ်မ၂၄/ ၃၂ တို့ဖြင့် အမှုရေး ဖွင့်၍  တောင်ငူခရိုင်တရားရုံးသို့  တရားစွဲတင်ပို့ ခဲ့ရာ  တရားခံဒေါ်ချို (ခ) ဒေါ်ခင်မာချိုနှင့်   ဒေါ်ငယ် (ခ) ဒေါ်ခင်နှင်းသက်တို့ကို   ဧပြီ   ၂၀   ရက်တွင်   လူကုန်ကူးမှုတားဆီးကာကွယ်ရေး  ဥပဒေပုဒ်မ ၂၄/ ၃၂ အရ    အလုပ်နှင့်ထောင်ဒဏ်  ၁၁ နှစ်စီ  တစ်ပေါင်းတည်းကျခံစေရန်      အမိန့်ချမှတ်ခဲ့ ကြောင်း သိရသည်။                           သတင်းစဉ်