
နေပြည်တော် မေ ၂၄
အမျိုးသမီးနှစ်ဦးကို ပြည့်တန်ဆာအဖြစ် အဓမ္မခိုင်းစေကာ ငွေကြေးအကျိုးအမြတ် ရယူခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ် နှင့် ထောင်ဒဏ် ၁၁ နှစ် စီရင်ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သိရသည်။
ဖြစ်စဉ်မှာ စစ်ကိုင်းဒေသကြီး မော်လိုက်မြို့နေ မ ... (၃၀)နှစ် နှင့် မ ... (၂၆) နှစ်တို့ကို ပြည့်တန်ဆာအဖြစ် အဓမ္မခိုင်းစေ၍ ငွေကြေးအကျိုးအမြတ်များ ခေါင်းပုံဖြတ်ရယူခဲ့သဖြင့် ပခုက္ကူမြို့မ ရဲစခန်း (ပ) ၂၁၄/၂၀၂၁၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ ၂၄/၃၂ ဖြင့် အမှုရေးဖွင့်ခဲ့ပြီး ပခုက္ကူခရိုင်တရားရုံးသို့ တရားစွဲ တင်ပို့ခဲ့ရာ မေ ၂၃ ရက်တွင် တရားခံ နိုင်ဝင်းဌေးနှင့် မမိုးသဲဖြူ(ခ) မိုးမိုး(ခ) အိသန္တာမိုးတို့ကို လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့် ထောင်ဒဏ် ၁၁ နှစ်စီ ချမှတ်ခဲ့ ကြောင်း သိရသည်။
သတင်းစဉ်