အမျိုးသမီးများဘဝမြှင့်တင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ဘားအံ     ဇွန်     ၈
၂၀၂၃ ခုနှစ် ဇူလိုင် ၃ ရက်တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အမျိုးသမီးများဘဝမြှင့်တင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ဇွန် ၈ ရက် နံနက် ၈ နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် ကရင်ပြည်နယ်  ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ပြည်နယ်၏ ကုန်ထုတ် လုပ်မှုနှင့် စီးပွားရေးကောင်းမွန်မှုသည် ပြည်နယ် အတွင်းရှိ အမျိုးသမီးများနှင့် မိန်းကလေးငယ်များ  အလုပ်အကိုင်အခွင့်အလမ်း   ရရှိမှုအပေါ်   များစွာ မူတည်နေပြီး     အမျိုးသမီးများ   အလုပ်အကိုင်နှင့် ဝင်ငွေရရှိမှုမှနေ၍     ပြည်နယ်၏   ကုန်ထုတ်လုပ်မှု စွမ်းအားနှင့် တစ်ဦးချင်းဝင်ငွေကို တိုးတက်စေမည် ဖြစ်သည့်အတွက် ပြည်နယ်အတွင်းရှိ အမျိုးသမီး တိုင်း ဝင်ငွေပုံမှန်ရရှိရေး ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။ 
ထို့နောက်     ပြည်နယ်ဝန်ကြီးချုပ်နှင့်     ဇနီး၊ ပြည်နယ်တရားလွှတ်တော်         တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် အလုပ်ရုံဆွေးနွေး ပွဲသို့   တက်ရောက်လာသူများက   အသိပညာပေး နံရံကပ်ပိုစတာများကို လှည့်လည်ကြည့်ရှုအားပေး ကြသည်။   ယင်းနောက်   အလုပ်ရုံဆွေးနွေးပွဲကို  ဆက်လက်ကျင်းပရာ ပြည်နယ်တရားရေး၊ ဥပဒေ၊  ကျန်းမာရေး၊ မှုခင်းရဲတပ်ဖွဲ့၊ လူမှုဝန်ထမ်းဦးစီးဌာန တို့မှ  တာဝန်ရှိသူများက  တရားမျှတမှုနှင့်   အမျိုး သမီးအခွင့်အရေးများ ရရှိအောင် ဆောင်ရွက်ပေးနေ မှုကဏ္ဍ၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့နှင့်  ကရင်အမျိုးသမီးများအဖွဲ့တို့မှ ကြိုတင်အသိပညာ ပေး အကာအကွယ်ပေးမှုကဏ္ဍ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ သမဝါယမ၊ အသေးစား စက်မှုလက်မှု၊ ပညာရေးနှင့် လေ့ကျင့်ရေး၊ အလုပ် သမား ညွှန်ကြားရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက  အသက်မွေးဝမ်းကျောင်း သင်တန်းများနှင့် အလုပ် အကိုင်အခွင့်အလမ်းများကဏ္ဍတို့ကို    ဦးဆောင် ဆွေးနွေးကြပြီး အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက် လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေး ခဲ့ကြကာ    ပြည်နယ်လူမှုရေးဝန်ကြီး   ဦးစိုးလွင်က    နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။ 
စောမျိုးမင်းသိန်း(ပြန်/ဆက်)