
ပဲခူး နိုဝင်ဘာ ၂၅
အမျိုးသမီးများအပေါ် အကြမ်း ဖက်မှုပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုအခမ်းအနားကို ပဲခူးမြို့ မြို့တော်ခန်းမ၌ နိုဝင်ဘာ ၂၅ ရက်က ကျင်းပသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုဝင်ဘာ ၂၅ ရက်မှ ဒီဇင်ဘာ ၁ဝ ရက်အထိ အပြည်ပြည် ဆိုင်ရာ အမျိုးသမီးအကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှား မှုအဖြစ် ကျား၊ မ အခြေပြု အကြမ်းဖက်မှုနှင့် ပတ်သက်သည့် အသိပညာပေး သင်တန်းများကို ခရိုင်၊ မြို့နယ်များ၌ ဖွင့်လှစ်ပေး သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော် ၏ အင်အားစုတစ်ရပ်ဖြစ်သည့် အမျိုးသမီးများ၏ အခန်းကဏ္ဍကို မြှင့်တင်ပေးခြင်း၊ အမျိုးသမီးများ၊ အမျိုးသမီးငယ်များအား အကြမ်း ဖက်မှုမှ ကာကွယ်စောင့်ရှောက် ပေးခြင်းတို့သည် အမျိုးသမီးများ ၏ အခွင့်အရေးအပြည့်အဝရရှိ စေရန် ဖြည့်ဆည်းပေးနေခြင်း ဖြစ်ပြီး နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက် မှု လုပ်ငန်းစဉ်များမှာ အထောက် အကူပြုနိုင်မည်ဖြစ်ကြောင်း၊ တိုင်း ဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် အမျိုးသမီး ကော်မတီဝင်များ အနေဖြင့် အရပ်ဘက်လူမှုအဖွဲ့ အစည်းများနှင့်ပူးပေါင်းပြီး အမျိုး သမီးများအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုများ ပပျောက် အောင် အရှိန်အဟုန်တိုးမြှင့် ဆောင်ရွက်သွားကြရန် မှာကြား သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီး ချုပ်နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူ များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး ခရိုင် မြို့နယ်အမျိုးသမီး ကော်မတီဝင်များ၊ လူမှုရေး အသင်းအဖွဲ့များမှ အမျိုးသမီး များအပေါ် အကြမ်းဖက်မှု ပပျောက်ရေး အသိပညာပေး ဗီဒီ ယိုကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြခန်း၌ ပြသထားသည့် အမျိုး သမီးများအပေါ် အကြမ်းဖက်မှု ကာကွယ်စောင့်ရှောက်ရေး အသိ ပညာပေးပိုစတာများနှင့် လှုပ်ရှား မှု မှတ်တမ်းဓာတ်ပုံများကို လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။
တင်စိုး(ပဲခူး)