အမျိုးသမီးများအား တရုတ်ယောကျ်ားနှင့် လက်ထပ်ရန် စည်းရုံးပြောဆိုပြီး ငွေကြေးခေါင်းပုံဖြတ်ရယူရန် စီစဉ်ခဲ့သူများအား လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ်ချမှတ်

 

နေပြည်တော်   ဇန်နဝါရီ    ၂
အမျိုးသမီးများအား    တရုတ် ယောကျ်ားနှင့်       လက်ထပ်ရန် စည်းရုံးပြောဆိုပြီး ငွေကြေး ခေါင်း ပုံဖြတ်ရယူရန်  စီစဉ်ခဲ့သူများအား လူကုန်ကူးမှုဖြင့်      အလုပ်နှင့် ထောင်ဒဏ်  အနှစ် ၂၀ စီ ချမှတ်ခဲ့ ကြောင်း သိရသည်။
ဧရာဝတီတိုင်း    ဒေသကြီး ဟင်္သာတခရိုင် ဟင်္သာတမြို့နယ် နေ သင်းသင်းခိုင်(ခ) အေးသင်းခိုင် နှင့်   မအကြီးမ (ခ) ဇင်မာဦး(ခ) မိုင်လေးတို့က ရန်ကုန်တိုင်းဒေသ ကြီး ဒလမြို့နယ်နေ မ---၊ ၁၇/ ၂၀၂၃ နှစ် ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်နေ မ----၊ ၂၇/၂၀၂၃ နှစ်နှင့်      ဘိုကလေးမြို့နယ်နေ  မ---၊    ၂၃/၂၀၂၃   နှစ်တို့အား တရုတ်နိုင်ငံသို့ပို့ဆောင်၍ တရုတ် ယောကျ်ားနှင့်လက်ထပ်ရန် စည်းရုံး ပြောဆိုပြီး     ငွေကြေးများအား ခေါင်းပုံဖြတ်ရယူရန် စီစဉ်ခဲ့သဖြင့် ဟင်္သာတမြို့မရဲစခန်း (ပ) ၁၇၄/ ၂၀၂၃၊    လူကုန်ကူးမှု   တားဆီး နှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)/ ၄၄  ဖြင့်    အမှုရေးဖွင့်ခဲ့သည်။ အဆိုပါအမှုအား    ဟင်္သာတခရိုင် တရားရုံးသို့    တရားစွဲတင်ပို့ခဲ့ရာ တရားရုံးရာကြီးအမှုအမှတ် ၄၂/ ၂၀၂၃ ဖြင့်    လက်ခံစစ်ဆေးခဲ့ပြီး  ၂၀၂၃ ခုနှစ် ဒီဇင်ဘာ  ၂၉ ရက်တွင် တရားခံ    သင်းသင်းခိုင်  (ခ)  အေးသင်းခိုင်နှင့်   မအကြီးမ(ခ)ဇင်မာဦး(ခ) မိုင်လေး   တို့အား လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး  ဥပဒေပုဒ်မ   ၃၈(က)/၄၄ အရ   အလုပ်နှင့် ထောင်ဒဏ် နှစ် ၂၀ စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။
အလားတူ     ဧရာဝတီတိုင်း ဒေသကြီး ဟင်္သာတခရိုင် ဟင်္သာတ မြို့နယ်နေ     သင်းသင်းခိုင်(ခ)အေးသင်းခိုင်နှင့်    မအကြီးမ(ခ) ဇင်မာဦး(ခ)မိုင်လေးတို့က တစ်မြို့  နယ်တည်းနေ မ ----၊ ၁၄/၂၀၂၃ နှစ်အား တရုတ်နိုင်ငံသို့ပို့ဆောင်၍ တရုတ်ယောကျ်ားနှင့် လက်ထပ် ရန်   စည်းရုံးပြောဆိုပြီး  ငွေကြေး များအား    ခေါင်းပုံဖြတ်ရယူရန် စီစဉ်ခဲ့သဖြင့်      ဟင်္သာတမြို့မ ရဲစခန်း (ပ) ၁၇၅/၂၀၂၃၊ လူကုန် ကူးမှုတားဆီးနှိမ်နင်းရေး  ဥပဒေ ပုဒ်မ   ၃၈(က)/၄၄ ဖြင့် အမှုရေး ဖွင့်ခဲ့သည်။      အဆိုပါအမှုအား ဟင်္သာတခရိုင်တရားရုံးသို့ တရား စွဲတင်ပို့ခဲ့ရာ တရားရုံးရာကြီးအမှု အမှတ်   ၄၉/၂၀၂၃  ဖြင့်  လက်ခံ စစ်ဆေးခဲ့ပြီး၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်တွင် တရားခံသင်းသင်းခိုင် (ခ) အေးသင်းခိုင်နှင့်    မအကြီးမ (ခ) ဇင်မာဦး  (ခ)    မိုင်လေးတို့အား  လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ    ၃၈(က)/၄၄ အရ အလုပ်နှင့်ထောင်ဒဏ်နှစ် ၂၀ စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။                   သတင်းစဉ်