အမျိုးသမီးများအား တရုတ်မယားအဖြစ် ပို့ဆောင် ရောင်းစားကာ ငွေကြေးအကျိုးအမြတ်ရယူခဲ့သူကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ်ချမှတ်

နေပြည်တော်   မေ   ၂၈
အမျိုးသမီးများအား တရုတ်မယားအဖြစ် ပို့ဆောင်ရောင်းစားကာ ငွေကြေးအကျိုးအမြတ်ရယူခဲ့သူကို  လူကုန်ကူးမှုဖြင့်  အလုပ်နှင့် ထောင်ဒဏ်  (၁၅)  နှစ်  ချမှတ်ခဲ့ကြောင်း  မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ငွေကြေးအကျိုးအမြတ်ရယူ
ရှမ်းပြည်နယ်၊   မိုင်းပျဉ်းမြို့နယ်နေ  ကျကော၊  ၄၂ နှစ်၊ (ဘ)ဦးပါအဲ က တစ်မြို့နယ်တည်းနေ မ----၊ ၁၇/၂၃ နှစ်၊ မ----၊ ၁၇/၂၃ နှစ်၊ မ----၊ ၁၆/၂၃ နှစ်နှင့် မ----၊ ၁၇/၂၃ နှစ်တို့ကို မိုင်းပေါက် မြို့ရှိ ထမင်းဆိုင်တွင် အလုပ်လုပ်ကိုင်ပါက တစ်လလျှင် ယွမ် ၂၀၀၀  ရရှိမည်ဖြစ်ကြောင်း  ပြောဆိုစည်းရုံးကာ  တရုတ်မယား အဖြစ်ပို့ဆောင်ရောင်းစား၍ ငွေကြေးအကျိုးအမြတ်ရယူခဲ့သဖြင့် မိုင်းပျဉ်း မြို့မရဲစခန်း(ပ)၇/၂၀၂၃၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ-၃၅/၄၄ ဖြင့် အမှုရေးဖွင့်ခဲ့ပြီး ကျိုင်းတုံခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ  မေ  ၂၇  ရက်တွင်  တရားခံ  ကျကော  အား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ -၃၅ အရ အလုပ်နှင့် ထောင်ဒဏ် (၁၅) နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။    
သတင်းစဉ်