အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ အော့ကလန်တွင် သေနတ်ပစ်ခတ်မှုကြောင့် သုံးဦးသေဆုံး

အော့ကလန်    ဇူလိုင်    ၂၀


နယူးဇီလန်နိုင်ငံ၏  အကြီးဆုံးမြို့ဖြစ်သည့်အော့ကလန်တွင် အမျိုး သမီး ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ မကျင်းပမီ     နာရီပိုင်းအလိုတွင် သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှု ကြောင့် ၎င်းအပါအဝင် လူသုံးဦး သေဆုံးခဲ့ရသည်။ 


ဇူလိုင် ၂၀ ရက် နံနက် ၇ နာရီ  ခွဲဝန်းကျင်တွင်  ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခု၌ သေနတ်သမား တစ်ဦးက  ပစ်ခတ်ခဲ့သည်။  ပစ်ခတ် သူမှာလည်း သေဆုံးသွားခဲ့သည်ဟု ရဲများက အတည်ပြုသည်။ အဆိုပါ ပစ်ခတ်မှုကြောင့်   လူခြောက်ဦး ထက်မနည်း ဒဏ်ရာရရှိခဲ့သည်။ 


အဆိုပါ  ပစ်ခတ်မှုဖြစ်ပွားရာ နေရာနှင့်    ၄  ကီလိုမီတာအကွာ တွင်     နယူးဇီလန်အမျိုးသမီး အသင်းသည်  နော်ဝေအသင်းနှင့် အဖွင့်ပွဲ   ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။  ယင်းဖြစ်ရပ်ဖြစ်ပွား ပြီးနောက် အခင်းဖြစ်ပွားရာနေရာ တစ်ဝိုက်ကို   ပိတ်ဆို့ထားသည်။ 


အမျိုးသမီး    ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး အမျိုးသား      လုံခြုံရေးအတွက် ခြိမ်းခြောက်မည့်ကိစ္စမရှိဟု နယူး ဇီလန်   ဝန်ကြီးချုပ်   ခရစ်ဟစ်ပ် ကင်က ပြောသည်။ 


ဘောလုံးပွဲ လာရောက်ကြည့်ရှု သည့်ခရီးသွားများနှင့် နယူးဇီလန် နိုင်ငံသားများ၏    လုံခြုံရေးသည် ပထမဦးစားပေးဖြစ်သည်ဟု ၎င်းက  ပြောသည်။      

အင်န်အိတ်ချ်ကေ