အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲ ၁၆ သင်းအဆင့်သို့ နယ်သာလန်၊ အမေရိကန်၊ အင်္ဂလန်နှင့် ဒိန်းမတ်တို့ တက်လှမ်း

 

အမျိုးသမီး   ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု (င) နောက်ဆုံးပွဲစဉ်များကို ဩဂုတ် ၁ ရက် မွန်းလွဲ ၁ နာရီခွဲက ယှဉ်ပြိုင်ကစားခဲ့ရာ နယ်သာလန် အသင်း ဂိုးပြတ်အနိုင်ရပြီး အမေ ရိကန်အသင်း သရေကျခဲ့သည်။ 


နောက်တစ်ဆင့်    တက်ရေး အတွက် အဆုံးအဖြတ်ပွဲစဉ်အဖြစ် ရှိနေသည့် ပေါ်တူဂီနှင့်   လက်ရှိ ချန်ပီယံ   အမေရိကန်အသင်းတို့ ပွဲစဉ်တွင် ပွဲချိန်ပြီးဆုံးသည်အထိ အကြိတ်အနယ်ရှိခဲ့ပြီး ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့သည်။ 



ပေါ်တူဂီအသင်းသည်    ခြေစွမ်းကောင်းတချို့   ထုတ်ပြနိုင်ခဲ့သော် လည်း နိုင်ပွဲရသည်အထိ စွမ်းဆောင်ထားနိုင်ခြင်းမရှိပေ။ 
ယခုပွဲစဉ် ရှုံးနိမ့်ခဲ့သော ပေါ်တူဂီအသင်းသည် အုပ်စုတွင်းပြိုင်ပွဲ သုံးပွဲကစားပြီး   တစ်ပွဲနိုင်၊  တစ်ပွဲသရေ၊  တစ်ပွဲရှုံးရလဒ်ဖြင့် ယခုနှစ်    အမျိုးသမီးကမ္ဘာ့ဖလား ပြိုင်ပွဲကို အုပ်စုအဆင့်ဖြင့် လက်ပြနှုတ်ဆက် ခဲ့ရပြီဖြစ်သည်။ အမေရိကန်အသင်းက   ယခုပွဲ သရေကျခဲ့သော်လည်း တစ်ပွဲနိုင်၊    နှစ်ပွဲသရေရလဒ်ဖြင့်       နယ်သာလန်အသင်းနှင့်အတူ  နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။ 


အဆိုပါ အုပ်စုမှ ဗီယက်နမ်နှင့် နယ်သာလန်အသင်းတို့ ပွဲစဉ်တွင် နယ်သာလန်အသင်းက ခုနစ်ဂိုးပြတ်နိုင်ပွဲရရှိပြီး  အုပ်စုပထမနေရာဖြင့်    ၁၆    သင်းအဆင့်သို့    ထိုက်ထိုက်တန်တန်     တက်လှမ်းနိုင်ခဲ့သည်။   ဗီယက်နမ်အသင်းသည်    အုပ်စုတွင်းပြိုင်ပွဲ   သုံးပွဲယှဉ်ပြိုင်ကစားပြီး ချိန်တွင်    သုံးပွဲစလုံး ဂိုးပြတ်ရှုံးနိမ့်သည့်အတွက်   ပေါ်တူဂီအသင်းနှင့် အတူ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီဖြစ်သည်။ 


အုပ်စု (ဃ) မှ  နောက်ဆုံးပွဲစဉ်များကို ညနေ ၅ နာရီခွဲက တစ်ချိန် တည်း  ယှဉ်ပြိုင်ကစားခဲ့ရာ အင်္ဂလန်၊  ဒိန်းမတ်အသင်းတို့ နိုင်ပွဲကိုယ်စီ ရရှိခဲ့သည်။   တရုတ်နှင့်   အင်္ဂလန်အသင်းတို့ပွဲစဉ်တွင် အင်္ဂလန်က  ခြောက်ဂိုး-တစ်ဂိုး၊  ဟေတီနှင့် ဒိန်းမတ်အသင်းတို့ ပွဲစဉ်တွင် ဒိန်းမတ် က  နှစ်ဂိုး-ဂိုးမရှိဖြင့်  အနိုင်ရရှိခဲ့သည်။ ထို့ကြောင့်  ကမ္ဘာ့ဖလားပြိုင်ပွဲ နောက်တစ်ဆင့်သို့   အင်္ဂလန်၊  ဒိန်းမတ်အသင်းတို့  တက်လှမ်းနိုင်ခဲ့ သည်။                                         

အောင်ဇော်