
အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲ ၁၆ သင်းအဆင့် နောက်ဆုံးပွဲစဉ် များကို ဩဂုတ် ၈ ရက်က ယှဉ်ပြိုင် ကစားခဲ့ရာ ကိုလံဘီယာနှင့် ပြင်သစ်အသင်းတို့ နိုင်ပွဲကိုယ်စီ ရရှိပြီး ထိုက်ထိုက်တန်တန် နောက်တစ်ဆင့် တက်လှမ်းနိုင် ခဲ့သည်။
ကိုလံဘီယာနှင့် ဂျမေကာ အသင်းတို့ပွဲစဉ်ကို ယနေ့ မွန်းလွဲ ၂ နာရီခွဲက ယှဉ်ပြိုင်ကစားခဲ့ရာ ကိုလံဘီယာအသင်းက ပွဲချိန် ၅၁ မိနစ်တွင် ရရှိခဲ့သော အူစမီ၏ တစ်လုံးတည်းသော သွင်းဂိုးဖြင့် အနိုင်ရရှိပြီး ကွာတားဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ သွင်းဂိုးခွင့်ပြုပေးလိုက် ရခြင်းသည် ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ဂျမေကာအသင်းအတွက် ပထမဆုံးအကြိမ် ခွင့်ပြုပေးလိုက်ရသည့် သွင်းဂိုးလည်း ဖြစ်ခဲ့ သည်။ ထို့အပြင် ကိုလံဘီယာ အသင်းအနေဖြင့် ဂျမေကာအသင်းကို အနိုင်ရရှိကာ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲ နောက်ဆုံး ရှစ်သင်း အဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်းမှာ အသင်း သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်ဖြစ် ကြောင်း သိရသည်။
ကိုလံဘီယာအသင်းသည် အဆိုပါ ပြိုင်ပွဲ နောက်ဆုံး ရှစ်သင်းအဆင့်တွင် နာမည်ကြီး အင်္ဂလန်အသင်းနှင့် ဩဂုတ် ၁၂ ရက်တွင် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။
ပြင်သစ်နှင့် မော်ရိုကိုအသင်းတို့ ပွဲစဉ် ကို ယနေ့ ညနေ ၅ နာရီခွဲက ယှဉ်ပြိုင်ကစားခဲ့ရာ ပြင်သစ်အသင်းက ခြေအသာ၊ ဂိုးအသာဖြင့် ပွဲကို ထိန်းချုပ်ကစားနိုင်ခဲ့ပြီး လေးဂိုးပြတ် အနိုင်ရရှိကာ နောက်တစ်ဆင့် တက်လှမ်းနိုင် ခဲ့သည်။ နောက်တစ်ဆင့် တက်လှမ်းနိုင်ရေး အသင်းကို အကောင်းဆုံးပြင်ဆင်လာသော် လည်း မော်ရိုကိုအသင်း၏ ကြိုးပမ်းအားထုတ်မှု လိုအပ်ချက်များစွာရှိနေခဲ့ပြီး ဂိုးပြတ်ရှုံးနိမ့် ခဲ့သည့်အတွက် ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ ကို ၁၆ သင်းအဆင့်ဖြင့် လက်ပြနှုတ်ဆက်ခဲ့ ရပြီဖြစ်သည်။
ပြင်သစ်အသင်းသည် ကွာတားဖိုင်နယ် တွင် ဩစတြေးလျအသင်းနှင့် ဩဂုတ် ၁၂ ရက် တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
အောင်ဇော်