
နေပြည်တော် ဇွန် ၉
သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မိုးဇော်ထွန်းသည် ယနေ့ နံနက်ပိုင်းက အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(မန္တလေး)၌ ကျင်းပ သည့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲသို့ တက်ရောက်သည်။
အခမ်းအနားသို့ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(မန္တလေး) ပါမောက္ခ ချုပ် ဦးအောင်ဆန်းဦးနှင့် ဒုတိယ ပါမောက္ခချုပ်၊ ပါမောက္ခ/ဌာနမှူး များ၊ တွဲဖက်ပါမောက္ခများ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများ၊ မောင် မယ် သစ်လွင်များ၊ ကျောင်းသား ကျောင်းသူများ တက်ရောက် ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးက ပညာထူးချွန်ပြီး ကိုယ်ကျင့်တရား ကောင်းမွန်သည့် နိုင်ငံ့သားကောင်း များသည် နိုင်ငံတော်အတွက် အားထားရမည့်သူများ ဖြစ် ကြောင်း၊ အမျိုးသားယဉ်ကျေးမှု နှင့် အနုပညာတက္ကသိုလ်များ၌ မြန်မာ့ရိုးရာ ယဉ်ကျေးမှုအမွေ အနှစ်များဖြစ်သည့် ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပုပညာရပ်များကို လက်ဆင့်ကမ်း ထိန်းသိမ်းသွား နိုင်စေရန် ရည်ရွယ်ချက်ဖြင့် သင်ကြားပေးလျက် ရှိသကဲ့သို့ မြန်မာတိုင်းရင်းသားလူမျိုးများ ၏ ရိုးရာအနုပညာရပ်များကိုပါ သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်သွားကြ ရမည်ဖြစ်ကြောင်း။
(၂၃)ကြိမ်မြောက် မြန်မာ့ ရိုးရာ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးတွင် ပါဝင်အစွမ်းပြ ခွင့် ရရှိတော့မည်ဖြစ်ကြောင်း၊ တက္ကသိုလ်အဆင့် အနုသုခုမ ပညာရပ်များကို ဆုံးခန်းတိုင် အောင် သင်ယူကြပြီး ကိုယ်ကျင့် တရားကောင်းမွန်၍ ထူးချွန် ထက်မြက်သော နိုင်ငံ့ဂုဏ်ဆောင် အနုပညာရှင်ကောင်းများ ဖြစ်ကြ ပါစေဟု ဆန္ဒပြုပါကြောင်း ပြော ကြားသည်။
ထို့နောက် အမျိုးသားယဉ်ကျေး မှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) ပါမောက္ခချုပ် ဦးအောင် ဆန်းဦးက နှုတ်ခွန်းဆက်အမှာ စကား ပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီး က တက္ကသိုလ်မောင်မယ်များ အဖြစ် ရွေးချယ်ခြင်းခံရသော ရုပ်ရှင်နှင့် ပြဇာတ်ပညာဌာနမှ မောင်ကျော်ဝေယံလင်းနှင့် ဂီတ ပညာဌာနက မဆုမြတ်သူတို့အား စလွယ်နှင့် သရဖူတို့ကို ချီးမြှင့်ပြီး အဆိုအကများဖြင့် ဖျော်ဖြေ တင်ဆက်ကြသည့် ကျောင်းသား ကျောင်းသူများကို ဂုဏ်ပြုဆုငွေ များ ချီးမြှင့်သည်။
ထို့နောက် ဒုတိယဝန်ကြီး သည် တက္ကသိုလ် ပင်မအုပ်ချုပ် ရေးရုံး အစည်းအဝေးခန်းမသို့ ရောက်ရှိရာ ပါမောက္ခချုပ်က တက္ကသိုလ်ဆိုင်ရာ အချက် အလက်များနှင့် လုပ်ငန်းဆောင် ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး သည် ကျောင်းသား ကျောင်းသူ များ ပညာသင်ယူနေမှုနှင့် ကျောင်း ပရဝဏ်သာယာလှပရေး ဆောင်ရွက်ထားမှုကို လှည့်လည် ကြည့်ရှုကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်