
တိုကျို ဖေဖော်ဝါရီ ၂၈
ဂျပန်အာကာသစူးစမ်းလေ့လာရေးအေဂျင်စီ ဂျာဆာသည် လျှောက်လွှာပေါင်း ၄၁၂၇ ခုလက်ခံရရှိသည့်အနက် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို အေဂျင်စီ၏ အာကာသယာဉ်မှူးအသစ်များအဖြစ် ရွေးချယ် ခဲ့သည်။
ဆူဝါမာကိုတိုသည် အမေရိကန်ပြည်ထောင်စု တွင် နေထိုင်ပြီး ကမ္ဘာ့ဘဏ်တွင်အလုပ်လုပ်နေသူဖြစ်သည်။ အသက် ၄၆ နှစ်ရှိ ၎င်းကို အသက်အကြီး ဆုံး ဂျာဆာအာကာသယာဉ်မှူးအဖြစ် ရွေးချယ်ခဲ့ပြီး အသက် ၂၈ နှစ်ရှိ တိုကျိုမြို့နေ ဂျပန်ကြက်ခြေနီအဖွဲ့ တွင် ခွဲစိတ်ဆရာဝန်အဖြစ် လုပ်ကိုင်နေသော ယုနီဒါ အာယုကို ဂျာဆာ၏ အငယ်ဆုံးအာကာသယာဉ်မှူး အဖြစ် ရွေးချယ်ခဲ့သည်။
ဆူဝါသည် တိုကျိုတက္ကသိုလ်တွင် ဘွဲ့ရရှိခဲ့ပြီး ပရင်စတန်တက္ကသိုလ်မှ ဒေါက်တာဘွဲ့ရရှိခဲ့သည်။ ကမ္ဘာ့ဘဏ်တွင် ၎င်းသည် ရာသီဥတုပြောင်းလဲ ခြင်းနှင့် ဘေးဒုက္ခကာကွယ်တားဆီးရေးနှင့် သက်ဆိုင် သော လုပ်ငန်းအစီအစဉ်များတွင် ပါဝင်ခဲ့သည်။
ယုနီဒါသည် တိုကျိုတက္ကသိုလ်တွင် ၂၀၁၉ ခုနှစ် က ဘွဲ့ရရှိခဲ့သည်။ သူမသည် ၂၄ နှစ်အတွင်း အာကာသ ယာဉ်မှူးအဖြစ် ရွေးချယ်ခဲ့သည့် ပထမဆုံး အမျိုး သမီးဖြစ်သည်။
ဆူဝါနှင့် ယုနီဒါတို့သည် ၎င်းတို့၏ လက်ရှိအလုပ် များမှ ထွက်ပြီး ဧပြီလတွင် ဂျာဆာနှင့် ချိတ်ဆက်လုပ်ကိုင်တော့မည်ဖြစ်သည်။ ၎င်းတို့သည် နာဆာ၌ လိုအပ်သော လေ့ကျင့်မှုများကို သွားရောက်လုပ်ကိုင်တော့မည်ဖြစ်သည်။
အင်န်အိတ်ချ်ကေ