
နေပြည်တော် ဇွန် ၃၀
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ၏ လုပ်ငန်းကော်မတီတစ်ရပ်ဖြစ်သော နိုင်ငံတကာဆက်ဆံရေး လုပ်ငန်းကော်မတီ၏ (၂/၂၀၂၃) ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးဝန်ကြီးဌာန ဧရာဝတီခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် နိုင်ငံတကာဆက်ဆံရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူများ အတွက် ထိရောက်စွာ နိုင်ငံတကာအကူအညီပေးအပ် ရေးအတွက် သက်ဆိုင်သူများအကြား ပေါင်းစပ် ညှိနှိုင်းရန် နည်းလမ်းရှာဖွေရေးအတွက် ဝန်ကြီးဌာန များအကြား ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း အဓိကဆွေးနွေးပြောကြားသည်။
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ (၂) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် က မိုခါမုန်တိုင်းဒဏ်သင့်နေရာများတွင် တုံ့ပြန် ဆောင်ရွက်မှုများကို အစိုးရတစ်ရပ်လုံး/လူမှုအဖွဲ့ အစည်းတစ်ရပ်လုံးဖြင့် ဆောင်ရွက်လျက်ရှိကြောင်း နှင့် ရှေ့ဆက်ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စကို ဆွေးနွေးပြောကြားသည်။
လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်က မုန်တိုင်းဘေးဒဏ်ခံစားခဲ့ရသည့် ပြည်သူများအတွက် နိုင်ငံတကာမှ အကူအညီပေးအပ်မှုအခြေအနေများ ကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ နိုင်ငံတကာဆက်ဆံရေးလုပ်ငန်း ကော်မတီ၏ အတွင်းရေးမှူးဖြစ်သူ နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က မုန်တိုင်းသင့် ဒေသများတွင် လက်တွေ့ကျသည့်နည်းလမ်းဖြင့် အဖြေရှာ၍ တုံ့ပြန်ဆောင်ရွက်ရန် အရေးကြီးကြောင်း ကို အလေးပေးဆွေးနွေးပြောကြားသည်။
ထို့ပြင် ကော်မတီဝင်များက မုန်တိုင်းသင့် ပြည်သူများအတွက် ထိရောက်စွာအကူအညီပေးရေး ပေါင်းစပ်ညှိနှိုင်းနိုင်မှုအခြေအနေများအပေါ် အကြံပြု ဆွေးနွေးကြသည်။ သတင်းစဉ်