အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

နေပြည်တော်  မေ  ၉ 


အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ  စီမံခန့်ခွဲမှု ကော်မတီအောက်ရှိ       ပို့ဆောင်ဆက်သွယ်ရေး လုပ်ငန်းကော်မတီ၏ ညှိနှိုင်းအစည်းအဝေးကို ယနေ့  မွန်းလွဲ  ၂  နာရီတွင်  ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 


လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့      လုပ်ငန်း ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း၊ ဒုတိယဥက္ကဋ္ဌ (၁) ကာကွယ်ရေးဝန်ကြီးဌာနအမြဲတမ်း အတွင်းဝန်၊    အတွင်းရေးမှူး၊   ညွှန်ကြားရေးမှူးချုပ်၊  ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနနှင့် ကော်မတီအဖွဲ့ဝင် များ ပါဝင်တက်ရောက်ကြသည်။

 


ဂြိုဟ်တုဆက်သွယ်ရေးစနစ်များနှင့် ရွေ့လျား 
မိုဘိုင်းတာဝါယာဉ်များ အသင့်ပြင်ဆင်ထား


အစည်းအဝေးတွင်     လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးက ဘင်္ဂလားပင်လယ်အော်၌ မကြာမီ ဖြစ်ပေါ်လာနိုင်သည့်    ဆိုင်ကလုန်းမုန်တိုင်းသည် မြန်မာနိုင်ငံအတွင်း      ဖြတ်ကျော်ဝင်ရောက်နိုင်မှု အခြေအနေအပေါ်        သဘာဝဘေးအန္တရာယ် ကျရောက်နိုင်သော ဒေသများတွင် မိမိတို့ ပို့ဆောင် ဆက်သွယ်ရေးလုပ်ငန်းကော်မတီနှင့် သက်ဆိုင်သည့် ကိစ္စရပ်များ   ထိရောက်စွာ   စီမံဆောင်ရွက်နိုင်ရန် အတွက်     ညှိနှိုင်းအစည်းအဝေး     ခေါ်ယူခြင်းဖြစ် ကြောင်း၊ မေ ၆ ရက်တွင် ကျင်းပခဲ့သည့် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ  အရေးပေါ်အစည်းအဝေးတွင်  ကော်မတီဥက္ကဋ္ဌက  မုန်တိုင်းမဝင်ရောက်မီ  ပြင်ဆင်သည့်လုပ်ငန်းများ၊ ရွှေ့ပြောင်းသည့်လုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေး တွင် အသုံးပြုမည့်ပစ္စည်းများ၊ ဆက်သွယ်ရေးဆိုင်ရာ  ပစ္စည်းများ၊  အစားအသောက်များ၊  ကျန်းမာရေး ဆိုင်ရာကိစ္စရပ်များ စသည်တို့ကို ယခုကတည်းက  တည်မြဲအမိန့်ပါအတိုင်း တိုင်းဒေသကြီးနှင့် ပြည်နယ် များတွင်ရှိသည့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု အဖွဲ့များ  ပေါင်းစပ်ကာ  တာဝန်များခွဲဝေ၍ စီမံ ဆောင်ရွက်သွားရန်  လိုအပ်ပါကြောင်း  လမ်းညွှန်မှု ပြုထားပြီးဖြစ်ရာ    မုန်တိုင်းဝင်ရောက်နိုင်သည့် ဒေသများတွင် ဆက်သွယ်မှု မပြတ်တောက်စေရေး အတွက်   အင်တာနက်နှင့်    တယ်လီဖုန်းအသုံးပြု နိုင်သော       ဂြိုဟ်တုဆက်သွယ်ရေးစနစ်များနှင့် ရွေ့လျားမိုဘိုင်းတာဝါယာဉ်များကို    အသင့်ပြင်ဆင် ထားရှိရေး ကြိုတင်စီမံဆောင်ရွက်ထားရန်လိုအပ် ကြောင်း။  

 


မုန်တိုင်းအန္တရာယ်ကျရောက်သည့် ဒေသများသို့  လိုအပ်သည့် ကယ်ဆယ်ရေးနှင့် ကူညီထောက်ပံ့ရေး လုပ်ငန်းများ    အမြန်ဆုံးဆောင်ရွက်ပေးနိုင်ရန် မော်တော်ယာဉ်များ၊ ယန္တရားများ အသင့်စုဖွဲ့ထားပြီး  ကုန်းလမ်း၊ ရေလမ်းတို့ဖြင့် ပို့ဆောင်နိုင်ရေးအတွက် ချဉ်းကပ်လမ်းကြောင်း၊  အရန်ချဉ်းကပ်လမ်းကြောင်း များ ကြိုတင်စီမံပြုစုထားရန် လိုအပ်ကြောင်း၊ မိမိတို့ လုပ်ငန်းကော်မတီအနေဖြင့်  ထိရောက်စွာ  ကူညီ ဆောင်ရွက်ပေးနိုင်ရန်အတွက်   သက်ဆိုင်ရာ   တိုင်း ဒေသကြီးနှင့်  ပြည်နယ်များတွင်   ဖွဲ့စည်းထားသည့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု   အဖွဲ့အောက်ရှိ  ပို့ဆောင်ဆက်သွယ်ရေး  လုပ်ငန်းကော်မတီများနှင့်  ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်     လိုအပ်ကြောင်း ဆွေးနွေးမှာကြားသည်။  

 


ကယ်ဆယ်ရေး လုပ်ငန်းများ 
အမြန်ဆုံးတုံ့ပြန်ဆောင်ရွက်နိုင်ရေး


ယင်းနောက် အစည်းအဝေးတက်ရောက်လာ ကြသည့် ကော်မတီအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီး နှင့်  ပြည်နယ်များမှ  တက်ရောက်လာကြသူများက   မိမိတို့နှင့်    သက်ဆိုင်သည့်    ကဏ္ဍများအလိုက် ကယ်ဆယ်ရေးလုပ်ငန်းများ      အမြန်ဆုံး    တုံ့ပြန် ဆောင်ရွက်နိုင်ရေးနှင့် ဆက်သွယ်မှုမပြတ်တောက် စေရေးဆိုင်ရာ ကြိုတင်စီမံဆောင်ရွက်ထားရှိမှု အခြေ အနေများကို    အသေးစိတ်    ရှင်းလင်းတင်ပြရာ ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးက လိုအပ်သည်များ  ညှိနှိုင်းပေါင်းစပ် ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရ သည်။ 


သတင်းစဉ်