
နေပြည်တော် ဖေဖော်ဝါရီ ၁၅
အမျိုးသားရေဥပဒေရေးဆွဲပြုစုရေး ဗဟို ကော်မတီ၏ (၁/၂၀၂၄) ညှိနှိုင်းအစည်း အဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းဝေး ခန်းမ၌ ကျင်းပရာ အမျိုးသားရေဥပဒေ ရေးဆွဲပြုစုရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက် အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ အမျိုးသားရေ ဥပဒေရေးဆွဲပြုစုရေး ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီး များနှင့် တာဝန်ရှိသူများ တက်ရောက်ကြ ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများက ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် တက်ရောက်ကြသည်။
အလေးထားအားပေးဆောင်ရွက်
ဦးစွာ အမျိုးသားရေဥပဒေရေးဆွဲပြုစု ရေးဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ် ကြီး မြထွန်းဦးက ရေဆိုင်ရာဘက်စုံစီမံ ခန့်ခွဲမှုများ စနစ်တကျဆောင်ရွက်နိုင်ရန် နှင့် လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် အတွက် တည်ဆဲဥပဒေ၊ နည်းဥပဒေများ အားလုံးကို လွှမ်းခြုံနိုင်မည့် ရေဥပဒေ တစ်ရပ်ပေါ်ပေါက်ရေးအတွက် နိုင်ငံတော် မှ အလေးထားအားပေးဆောင်ရွက်လျက် ရှိကြောင်း၊ ထို့ကြောင့် နိုင်ငံအတွင်း အတည်ပြုပြဋ္ဌာန်းထားသော ရေနှင့် ဆက်နွှယ်သည့် တည်ဆဲဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့် ချိတ်ဆက်လွှမ်းခြုံ သည့် အမျိုးသားရေဥပဒေရေးဆွဲပြဋ္ဌာန်း နိုင်ရေးအတွက် အမျိုးသားရေဥပဒေ ရေးဆွဲပြုစုရေးဗဟိုကော်မတီ (Steering Committee)ကို နိုင်ငံတော်မှ ဖွဲ့စည်းပေး ခဲ့ခြင်းဖြစ်ကြောင်း။
အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီကို ၂၀၁၃ ခုနှစ်တွင် ဖွဲ့စည်းပြီး နောက် အမျိုးသားအဆင့် ရေမူဝါဒရေးဆွဲ ရေးနှင့် အမျိုးသားရေဥပဒေရေးဆွဲရေးတို့ အတွက် တွန်းအားပေးဆောင်ရွက်ခဲ့ပါ ကြောင်း၊ ကော်မတီ၏ အကြံပေးအဖွဲ့မှ ပြုစုတင်ပြခဲ့သည့် အမျိုးသားအဆင့် ရေမူဝါဒကို ၂၀၁၅ ခုနှစ်တွင် ထုတ်ပြန်နိုင် ခဲ့ပြီး အမျိုးသားရေဥပဒေမူကြမ်း ရေးဆွဲ ရေးအတွက် ပြည်သူ့အကြံပြု အလုပ်ရုံ ဆွေးနွေးပွဲများကို ကျင်းပခဲ့ကြောင်း၊ အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီအနေဖြင့် ရေဥပဒေရေးဆွဲ ပြဋ္ဌာန်းရေးကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်ရေးအတွက် အမျိုးသားရေ ဥပဒေပြုစုရေး Task Force အဖွဲ့ကို ဖွဲ့စည်း ပေးခဲ့ကြောင်း၊ နိုင်ငံအတွင်းရှိ ရေအရင်း အမြစ်များ စီမံခန့်ခွဲမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု အတွက် အရေးပါသည့် အမျိုးသားရေ ဥပဒေပေါ်ပေါက်ရေးအတွက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်တွင် ပြင်ဆင်ဖွဲ့စည်းပေး ခဲ့ပြီး ရေဥပဒေရေးဆွဲပြဋ္ဌာန်းရေးကို တာဝန်တစ်ရပ်အဖြစ် သတ်မှတ်ပေးခဲ့ ကြောင်း။
ဒုတိယမူကြမ်းကိုပြင်ဆင်လျက်ရှိ
အမျိုးသားရေဥပဒေ ရေးဆွဲပြဋ္ဌာန်း နိုင်ရေးကို အရှိန်အဟုန်မြှင့်တင်ဆောင် ရွက်နိုင်ရေးအတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက အမျိုးသား ရေဥပဒေပြုစုရေး Task Force အဖွဲ့ကို ၂၀၂၃ နိုဝင်ဘာ ၂၈ ရက်တွင် ပြင်ဆင် ဖွဲ့စည်းခဲ့ကြောင်း၊ အမျိုးသားရေဥပဒေ ပထမမူကြမ်းအပေါ် ဌာနအဖွဲ့အစည်း များ၏ သဘောထားမှတ်ချက်နှင့် အကြံပြုချက်များကို စုစည်း၍ အမျိုးသား ရေဥပဒေ ဒုတိယမူကြမ်းကို ပြင်ဆင် တည်းဖြတ်လျက်ရှိကြောင်း၊ အမျိုးသား ရေဥပဒေပေါ်ပေါက်ရေးသည် ရေအရင်းအမြစ်ဘက်စုံစီမံခန့်ခွဲမှု အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့်အလျောက် ဗဟိုကော်မတီ အဖွဲ့ဝင်များနှင့် ဝန်ကြီးဌာန၊ အဖွဲ့အစည်း များမှ ကိုယ်စားလှယ်များ အနေဖြင့် အမျိုးသားရေဥပဒေ(မူကြမ်း) ရေးဆွဲပြုစု ရေး၊ အတည်ပြုရေးနှင့် ဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်များ အောင်မြင်စွာ အကောင်အထည်ဖော် နိုင်ရေးအတွက် ကဏ္ဍအလိုက် ဝိုင်းဝန်းအကြံပြု ကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်း ပြောကြားသည်။
ထို့နောက် အမျိုးသားရေဥပဒေရေးဆွဲ ပြုစုရေး ဗဟိုကော်မတီအတွင်းရေးမှူး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း က အမျိုးသားရေဥပဒေမူကြမ်း ရေးဆွဲ ရေးနှင့်စပ်လျဉ်းသည့် နောက်ခံသမိုင်း၊ အမျိုးသားအဆင့် ရေမူဝါဒ၊ ရေဥပဒေ ရေးဆွဲရေးဆောင်ရွက်ခဲ့မှုနှင့် ရှေ့လုပ်ငန်း စဉ်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် အစည်းအဝေးသို့ တက် ရောက်လာသည့် အမျိုးသားရေဥပဒေ ရေးဆွဲပြုစုရေး ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီး များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများက ဖြန့်ဝေထားသည့် အမျိုးသားရေဥပဒေ (ဒုတိယမူကြမ်း)၊ အမျိုးသားရေဥပဒေ ပြုစုရေးလုပ်ငန်းစဉ်များနှင့် အမျိုးသား ရေဥပဒေရေးဆွဲပြုစုရေး ဗဟိုကော်မတီ ၏ လုပ်ငန်းတာဝန်များ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြ ကြသည်။
ပေါင်းစပ်ညှိနှိုင်းပေး
ထို့နောက် အမျိုးသားရေဥပဒေ ရေးဆွဲပြုစုရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက ရှင်းလင်းဆွေးနွေးတင်ပြ ချက်များနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်း ပေးပြီး နိဂုံး ချုပ် အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်