
အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း(၂၀၂၁-၂၀၃၀) ရေးဆွဲရေးဆိုင်ရာ
ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
=====================================================================================
နေပြည်တော် ဒီဇင်ဘာ ၁၁
အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ရေးဆွဲရေးဆိုင်ရာ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော် ထွန်း၊ ပညာရေး၊ နည်းပညာနှင့် သက်မွေးပညာကဏ္ဍ ဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (Education and TVET Sector Coordination Group-ETVSCG)၏ Co-chair များဖြစ်ကြသော ဖင်လန်နိုင်ငံ သံအမတ်ကြီး Ms. Riikka Laatu နှင့် UNESCO Myanmar ၏ Head of Office, Ms. Kim Min Jeong၊ ပညာရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်း ဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပညာရေးဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ETVSCG အဖွဲ့ဝင်များ ပါဝင်ဆွေးနွေးကြသည်။
အဓိကတန်ဖိုးထား
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက NESP(2016-2021) ဆောင်ရွက်ခဲ့ရာတွင် ရရှိခဲ့သည့် အောင်မြင်မှုများ၊ တွေ့ကြုံခဲ့သည့်စိန်ခေါ်မှုများကို NESP Mid-Term Review တွင် ဖော်ပြထားပါကြောင်း၊ အမျိုးသားပညာရေးမဟာ ဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁) NESP 1 ၏ အောင်မြင်မှုများ၊ စိန်ခေါ်မှုများကို အခြေခံပြီး NESP Mid-Term Review ၏ တွေ့ရှိချက်များ၊ ထောက်ခံအကြံပြုချက်များ၊ ဆန်းစစ်မှု များနှင့် NLD Manifesto 2020 တို့ကို ဖြည့်စွက်ကာ NESP2 အား ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ၊ ဆက်စပ်ဝန်ကြီး ဌာနများ၊ ဆရာ ဆရာမ ကျောင်းသားများ၊ ပညာရေးတွင် ပါဝင်သူများအားလုံး အတူတကွပူးပေါင်း ရေးဆွဲပြုစုကြ မည်ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနသည် ကျောင်းနေ အရွယ်အားလုံး ပညာရေးအဆင့်တိုင်းတွင် မည်သည့်ခွဲခြား မှုမျှ မရှိရေး၊ မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရှိရေး၊ ကျောင်းထွက်သူမရှိရေးနှင့် မည်သူမျှသင်ယူမှု မဆုံးရှုံးစေ ရေး အခြေခံမူဝါဒများနှင့်အတူ လူသားကောင်းဖြစ်မှု၊ ပူးပေါင်း ဆောင်ရွက်တတ်မှု၊ တာဝန်ခံမှုနှင့် တာဝန်ယူမှု၊ ဆန်းသစ်တီထွင်မှုတို့ကို အဓိကတန်ဖိုးထား ဦးတည် ဆောင်ရွက်လျက်ရှိပါကြောင်း။
ပညာရေးပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရာတွင် အောင်မြင်မှုများရှိသကဲ့သို့ အထက်တန်းနှင့် အလယ်တန်း ကျောင်းထွက်မှု၊ ဒေသဆိုင်ရာဈေးကွက်လုပ်သား လိုအပ်မှု တို့ရှိနေသေးခြင်း၊ တက္ကသိုလ်ကိုယ်ပိုင်အုပ်ချုပ်မှု၊ ကျောင်းများနှင့် စက်ရုံအလုပ်ရုံများ ပူးပေါင်းဆောင်ရွက်မှု တို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်ခြင်း၊ ဒစ်ဂျစ်တယ် ခေတ်၏ စိန်ခေါ်မှုများဖြစ်သော ၂၁ ရာစု ကျွမ်းကျင်မှုနှင့် တတ်မြောက်မှုများ စသည့် စိန်ခေါ်မှုများကို ရင်ဆိုင်နေရပါ သေးကြောင်း။
21st Century Skills နှင့် Competencies များ ပြည့်မီ အောင်မြင်စေရန်အတွက် အရည်အသွေးပြည့်မီသော ပညာရေးဆီသို့ ဦးတည်နေသည့်လမ်းကြောင်းပေါ်တွင် ဆက်လက်လျှောက်လှမ်းလိုပါကြောင်းနှင့် ပေါင်းစပ်သင်ယူမှု ပုံစံဖြင့် ဘဝတစ်သက်တာ သင်ယူနိုင်မည့်အခွင့်အလမ်းများ (Blended Lifelong Learning Opportunities ) ကိုလည်း ပေးသွားမည်ဖြစ်ပါကြောင်း၊ တစ်နည်းအားဖြင့် ဒစ်ဂျစ်တယ် ခေတ်၏ စိန်ခေါ်မှုများကို ဖြေရှင်းပေးနိုင်မည့် High-tech နှင့် Learning High-touch Learning များ၏ အခန်းကဏ္ဍ သည် အလွန်အရေးပါနေပြီဖြစ်ပါကြောင်း၊ ထို့အတူ စဉ်ဆက်မပြတ် သင်ယူခြင်း၊ ပညာရေးတွင် ပိုမိုရင်းနှီး မြှုပ်နှံလာခြင်း၊ တိုင်းရင်းသားမျိုးနွယ်စုများနှင့် ဖွံ့ဖြိုးမှု အားနည်း၍ ပညာရေးလက်လှမ်းမမီသည့်သူများအား ဦးစားပေးဆောင်ရွက်ခြင်း၊ ဆရာ ဆရာမများ၏ စွမ်းဆောင် ရည်များကို တိုးတက်လာစေရန် ဆောင်ရွက်ပေးခြင်းအပြင် လုပ်ငန်းခွင်နယ်ပယ်တိုးတက်စေခြင်း၊ နည်းပညာနှင့် အခြေခံအဆောက်အဦများ စဉ်ဆက်မပြတ်ပံ့ပိုးပေးခြင်း တို့သည် အရည်အသွေးပြည့်မီသော ပညာရေးကဏ္ဍ တိုးတက်စေရေးအတွက် လွန်စွာအရေးကြီးပါကြောင်း။
ထည့်သွင်းရေးဆွဲထား
NESP (2021-2030)ပါ မဟာဗျူဟာများ၊ လုပ်ငန်း အစီအစဉ်များ ရေးသားပြုစုရာတွင် ပံ့ပိုးကူညီပေးပါသော ဖွံ့ဖြိုးမှုမိတ်ဖက်များ၏ အကြံပြုချက်များ၊ ဝေဖန် သုံးသပ် ချက်များနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်မှုများသည် ပညာရေး ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွင် လွန်စွာတန်ဖိုးရှိပြီး အရေးပါ သည့်အတွက် ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျေးဇူးအထူး တင်ရှိပါကြောင်း၊ ဖွံ့ဖြိုးမှုမိတ်ဖက်များအားလုံး၏ ထောက်ခံ အကြံပြုချက်များကို NESP (2021-2030) ၏ Table of Contents များတွင် ထည့်သွင်းရေးဆွဲထားပါကြောင်း၊ ထို့အပြင် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်း အစီအစဉ်ခွဲများတွင်လည်း ကျန်ရစ်နေသေးသည့် လုပ်ငန်း များရှိပါက ထပ်မံထည့်သွင်းပေးစေလိုပါကြောင်း၊ ပညာ ရေးဝန်ကြီးဌာနအနေဖြင့် Education Stakeholders များ ဖြင့် ဆောင်ရွက်လျက်ရှိသည့် NESP Consultation Meetings ၂၁ ခုကိုလည်း ဝေမျှထားပါကြောင်း၊ ယင်းအစည်းအဝေး ၂၁ ခုအနက် အစည်းအဝေး ၁၀ ခုကို အောင်မြင်စွာ ကျင်းပ ပြီးစီးခဲ့ပြီး ယနေ့အစည်းအဝေးမှာ (၁၁) ကြိမ်မြောက် အစည်းအဝေးဖြစ်ပါကြောင်း။
Myanmar Digital Education Platform (MDEP) ကို ထူထောင်ပြီးဖြစ်ပါသဖြင့် Online Training များပေးရာ တွင် အသုံးပြုနိုင်သည့်အပြင် Grade 1၊ 2၊ 3၊ 4၊ 6၊ 7 and 10 များအတွက် Digital Textbooks များနှင့် Video Files များပါ ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ Myanmar Education Channel နှင့် MRTV တို့ကလည်း အခြေခံပညာကျောင်းသား ကျောင်းသူများအတွက် သင်ခန်းစာများကို ထုတ်လွှင့် ပို့ချပေးနေပြီဖြစ်ပါကြောင်း၊ ထို့အပြင် ပညာရေးဝန်ကြီး ဌာနမှ တည်ထောင်ထားသော Learning Management System (LMS) မှတစ်ဆင့် အခြေခံပညာ(BE)၊ အဆင့်မြင့် ပညာ(HE)၊ နည်းပညာ၊ သက်မွေးပညာ(TVET)နှင့် ပုဂ္ဂလိက ပညာရေးတို့မှ ဆရာ ဆရာမများအတွက် Teaching-Learning ဆိုင်ရာ Online Training များ ပေးနိုင်မည် ဖြစ်ကြောင်း၊ TVET ကဏ္ဍအနေဖြင့် MDEP မှတစ်ဆင့် သင်တန်းစုစုပေါင်း ၂၀ ပို့ချပေးရန် အဆင်သင့်ဖြစ်နေပါ ကြောင်း၊ ထိုနည်းတူစွာ HE ကဏ္ဍကလည်း Digital Contents များနှင့် Digital Education Strategy များကို NESP (2021-2030) တွင် ထည့်သွင်းရေးဆွဲရန် ပြင်ဆင် နေပါကြောင်း၊ အရည်အသွေးပြည့်မီပြီး ကျန်းမာရေးအရ တိုးတက်ကောင်းမွန်၍ လုံခြုံစိတ်ချရသော မြန်မာ့ပညာရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပညာရေးဝန်ကြီးဌာန က ရေးဆွဲပြုစုလျက်ရှိသည့် NESP (2021-2030) တွင် အကြံပြုချက်များ၊ ဝေဖန်သုံးသပ်ချက်များနှင့် ထပ်မံ ထည့်သွင်းရေးဆွဲသင့်သည့် အကြောင်းအရာများကို ယနေ့ တက်ရောက်ပေးပါသော လူကြီးမင်းများအနေဖြင့် ပါဝင် ဆွေးနွေးစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ပညာရေး၊ နည်းပညာနှင့် သက်မွေးပညာ ကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့(Education and TVET Sector Coordination Group-ETVSCG)၏ Co-chair ဖြစ်သော ဖင်လန်နိုင်ငံ သံအမတ်ကြီး Ms. Riikka Laatu က ပညာရေးဖွံ့ဖြိုးတိုးတက်ရေး၊ NESP(2021-2030) ပြုစု ရေးဆွဲရေးအတွက် ပူးပေါင်းပံ့ပိုးပေးသွားမည်ဖြစ်ပါ ကြောင်း၊ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးဝန်ကြီးဌာနနှင့်အတူတကွ လက်တွဲဆောင်ရွက် သွားကြမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ သက်ဆိုင်ရာတာဝန်ရှိသူများက ပညာရေးကဏ္ဍအလိုက် တင်ပြကြရာ တက်ရောက်လာသူ များက ရင်းနှီးပွင့်လင်းစွာ ညှိနှိုင်းဆွေးနွေး အကြံပြုကြ ကြောင်း သိရသည်။
သတင်းစဉ်