အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း(၂၀၂၁-၂၀၃၀) ရေးဆွဲရေးအတွက် ဆရာသမဂ္ဂများ၊ ဆရာအသင်းအဖွဲ့များ၊ ဆရာ ဆရာမများ ညှိနှိုင်းဆွေးနွေးပွဲကျင်းပ

အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း(၂၀၂၁-၂၀၃၀) ရေးဆွဲရေးအတွက်

ဆရာသမဂ္ဂများ၊ ဆရာအသင်းအဖွဲ့များ၊ ဆရာ ဆရာမများ ညှိနှိုင်းဆွေးနွေးပွဲကျင်းပ

==================================================================================================

 

နေပြည်တော် ဒီဇင်ဘာ ၁၄

 

အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) (National Education Strategic Plan - NESP) (2021-2030) ရေးဆွဲရေးအတွက် ဆရာသမဂ္ဂများ၊ ဆရာအသင်း အဖွဲ့များ၊ ဆရာဆရာမများနှင့် လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃)မှ အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ပညာရေးဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ ဆရာသမဂ္ဂများ၊ ဆရာအသင်းအဖွဲ့များ၊ ဆရာ ဆရာမများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ အွန်လိုင်းဖြင့် ပါဝင်ဆွေးနွေးကြသည်။

 

စိစစ်တွေ့ရှိရမည်

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ယနေ့ ဆွေးနွေးပွဲသို့ အချိန်ပေးပြီး တက်ရောက်လာကြသည့် ဆရာ ဆရာမများအားလုံးကို တန်ဖိုးထားလေးစားပါ ကြောင်း၊ အားလုံး၏ ပူးပေါင်းဆောင်ရွက်မှုသည် ပညာရေး အရည်အသွေးအတွက် အရေးကြီးပါကြောင်း၊ အားလုံး ဆက်လက်ပြီး ညီညီညွတ်ညွတ်နှင့် ပူးပေါင်းဆောင်ရွက် ပေးကြရန် မေတ္တာရပ်ခံပါကြောင်း၊ ပညာရေး ၄ ဒသမ ၀ သို့ ခုန်ကျော်သွားခြင်း၊ ကျောင်းသား ကျောင်းသူများကို ဗဟိုချက်တွင်ထားခြင်း (Leapfrogging to Education 4.0: Student at the Core, November 2017, FICCI, page-19)၊ OECD အနာဂတ်ပညာရေးနှင့် ကျွမ်းကျင်မှုများ ၂၀၃၀၊ OECD သင်ယူမှုနယ်ပယ် ၂၀၃၀ (OECD Future of Education and Skills 2030: OCED Learning Compass 2030 Pg-12) စသည်တို့ကို လေ့လာပါက စက်မှု နှင့် ပညာရေးယှဉ်တွဲပြောင်းလဲမှုများကို စိစစ်တွေ့ရှိရမည် ဖြစ်ပါကြောင်း။

 

၁၈ ရာစုတွင် ရေနွေးငွေ့စက်ရုံများ ဆန်းသစ်တီထွင် ဖန်တီးနိုင်ခဲ့သည်ကို စက်မှုပြောင်းလဲရေး ၁.၀ (Industry 1.0) ဟု သတ်မှတ်ခဲ့ပါကြောင်း၊ ထိုကာလ၌ ပညာရေး ၁.၀ (Education 1.0) ဆိုသည်မှာ ဆရာများမှာ အနည်းဆုံး ပညာအရည်အချင်း သတ်မှတ်ချက်မရှိခဲ့ပါကြောင်း၊ သင်ရိုး ညွှန်းတမ်းမှာလည်း သတ်မှတ်ချက်မရှိဘဲ တစ်ဦးမှ တစ်ဦး သို့သာ သင်ကြားပို့ချခဲ့ကြောင်း၊ သုတေသနမှာလည်း စုဝေး ၍ ဘာသာရေးနှင့် လူမှုရေးဆိုင်ရာများသာ ဆွေးနွေးပြီး ပူးပေါင်းဆောင်ရွက်မှု၊ အဆောက်အအုံနှင့် အထောက်အပံ့ တို့မှာလည်း အကန့်အသတ်ဖြင့်သာ ရှိခဲ့ပါကြောင်း။

 

သင်ကြားပို့ချ

 

၁၉ ရာစုတွင် လျှပ်စစ်ကို ဆန်းသစ်တီထွင် ဖန်တီးနိုင် ခဲ့၍ ထုတ်ကုန်အမြောက်အမြားထုတ်လုပ်ရန် ဆောင်ရွက် နိုင်ခဲ့သည်ကို စက်မှုပြောင်းလဲရေး ၂.၀ (Industry 2.0)ဟု သတ်မှတ်ခဲ့ပါကြောင်း၊ ထိုကာလ၌ ပညာရေး ၂.၀ (Education 2.0) ဆိုသည်မှာ အချိန်ပြည့်ဆရာများ၊ အနည်း ဆုံးပညာအရည်အချင်း သတ်မှတ်ချက်များရှိခဲ့ပြီး သင်ရိုး ညွှန်းတမ်းနှင့် စာသင်ခန်းတွင်း သင်ကြားခြင်းရှိခဲ့ပါကြောင်း၊ ဆရာက လူအများစုကို စံသတ်မှတ်ထားသည့် သင်ရိုး ညွှန်းတမ်းဖြင့် သင်ကြားပို့ချပါကြောင်း၊ လူမှုရေးသိပ္ပံနှင့် သိပ္ပံနယ်ပယ်များတွင် သုတေသနဆောင်ရွက်လာခဲ့ပြီး ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမှာလည်း အကန့် အသတ်ဖြင့် ရှိခဲ့ပါကြောင်း၊ တက္ကသိုလ်များ ပေါ်ပေါက်လာ ပြီး စာသင်ခန်းမများ၊ အိပ်ဆောင်များ၊ အပန်းဖြေနေရာများ ရှိလာခဲ့ပါကြောင်း၊ ကျောင်းလခမှ ဝင်ငွေရရှိသလို အစိုးရ ကျောင်းများကို နိုင်ငံတော်ဘဏ္ဍာမှ ထောက်ပံ့လာခဲ့ပါ ကြောင်း၊ သုတေသနနှင့် ဖွံ့ဖြိုးရေးရန်ပုံငွေများ ထူထောင် ခဲ့ပြီး နိုင်ငံအစိုးရတို့က ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အုပ်ချုပ်မှုစနစ်ကို သတ်မှတ်ဆောင်ရွက်ခဲ့ပါကြောင်း။

 

၂၀ ရာစုတွင် အလိုအလျောက်နည်းပညာ၊ အီလက် ထရောနစ်၊ အိုင်တီတို့ကို ဆန်းသစ်တီထွင် ဖန်တီးနိုင်ခဲ့သည် ကို စက်မှုပြောင်းလဲရေး ၃.၀ (Industry 3.0) ဟု သတ်မှတ် ခဲ့ပါကြောင်း၊ ထိုကာလအတွင်း ပညာရေး ၃.၀ (Education 3.0) ဆိုသည်မှာ အချိန်ပြည့်ဆရာများ၊ အနည်းဆုံးပညာ အရည်အချင်း သတ်မှတ်ချက်များရှိခဲ့ပါကြောင်း၊ စံသတ်မှတ်ထားသည့် သင်ရိုးညွှန်းတမ်းများဖြစ်သော် လည်း အွန်လိုင်းသင်ယူခြင်း အခွင့်အလမ်းရှိလာခဲ့ပြီး နည်းပညာအသုံးချ၍ သုတေသနကို ပူးပေါင်းဆောင်ရွက် ခြင်း အားပေးကူးပြောင်းလာခဲ့ပါကြောင်း၊ ဆက်သွယ်ရေးနည်းပညာအားကောင်းလာပြီး ပူးပေါင်းဆောင်ရွက်မှုမှာ လည်း တိုးတက်လာခဲ့ပါကြောင်း၊ နည်းပညာနှင့် အခြေခံ အဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံလာခဲ့ကြပြီး ဘဏ္ဍာ ရေးမှာလည်း ကျောင်းလခအပေါ်တွင်သာ အခြေပြုလာခဲ့ ပါကြောင်း၊ ပညာရေးအဆင့်အတန်း သတ်မှတ်ချက်များ ရှိလာ၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်လာခဲ့ပါ ကြောင်း။

 

ဉာဏ်ရည်တု (AI)၊ အင်တာနက်ပစ္စည်းများ Internet of Things (IOT)၊ Cloud Computing, များပြားသော အချက်အလက်များ စုစည်းထားခြင်း (Big Data)၊ စက်ရုပ် တီထွင်အသုံးချမှုပညာ (Robotics) စသည်များ ဆန်းသစ် တီထွင်ဖန်တီးနိုင်ခဲ့သည်ကို စက်မှုပြောင်းလဲရေး ၄.၀ (Industry 4.0) ဟု သတ်မှတ်ပါကြောင်း။

 

အားကောင်းလာ

 

၂၁ ရာစုတွင် နိုင်ငံများအကြား အပြန်အလှန်မှီခိုမှုရှိ လာပြီး ဗဟိုချုပ်ကိုင်မှုလျှော့ချလာပါကြောင်း၊ အကြမ်းဖက် မှုများ၊ အမျိုးသားရေးဝါဒများ၏ စိန်ခေါ်မှုများရှိလာပါ ကြောင်း၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုတွင် ဆိုက်ဘာ နည်းပညာ (ဆိုရှယ်မီဒီယာ၊ ဉာဏ်ရည်တု(AI)၊ သုံးဖက်မြင် ဖြင့် ပုံနှိပ်ထုတ်ခြင်း (3-D Printing)၊ စက်ရုပ်တီထွင် အသုံးချမှုပညာ (Robotics))၊ အင်တာနက်ပစ္စည်းများ (Internet of Things)၊ များပြားသော သတင်းအချက်အလက် များစုစည်းထားခြင်း (Big Data)၊ ဒစ်ဂျစ်တယ်အသုံးပြုခြင်း (Digitalization)၊ Post-truth သတင်းမှားများ (Fake News) အားကောင်းလာပါကြောင်း၊ စက်မှုလုပ်ငန်းနှင့် စီးပွားရေးလုပ်ငန်းများတွင် ဒစ်ဂျစ်တယ်စီးပွားရေးများ၊ လူမှုရေးဆိုင်ရာ စွန့်ဦးတီထွင်မှုများ အားကောင်းလာပါ ကြောင်း၊ စားသုံးသူများကလည်း ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုများ ဆောင်ရွက်လာပါကြောင်း၊ တန်ဖိုးထားမှု များ စိတ်ခံစားမှုများ အဓိကကျလာပါကြောင်း၊ Corporate Social Responsibility (CSR) မှ Creating Shared Value (CSV) အလေးထား ဆောင်ရွက်လာ၍ ရေရှည်တည်တံ့ခိုင်မြဲ သော ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင် (SDGs) က ပို၍ အဓိကကျ သော အခန်းကဏ္ဍဖြစ်လာပါကြောင်း၊ လူသားများသည် လည်း သဘာဝနှင့် လူသားအတူယှဉ်တွဲ၍ အရေးပါလာပြီး ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှု (Sustainable Development)၊ ရေရှည်တည်တံ့ခိုင်မြဲစေရန် သယံဇာတ အရင်းအမြစ်များကို အသုံးပြု၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု (Green Growth) တို့လည်း အရေးပါလာပါကြောင်း၊ သဘာဝသည်လည်း လူ့စွမ်းအားစုတစ်ရပ်လုံး၏ စွမ်းရည် အသိပညာ၊ အတွေ့အကြုံနှင့် အရည်အသွေးများ (Human Capital)၊ ယဉ်ကျေးမှုနှင့် သက်ဆိုင်သောစွမ်းရည် အသိ ပညာ၊ အတွေ့အကြုံနှင့် အရည်အသွေးများ (Cultural Capital)၊ လူ့အဖွဲ့အစည်းအတွင်း အချင်းချင်း ထိရောက် သော ဆက်ဆံဖြစ်စေခြင်းများ (Social Capital) အရေးပါ လာပါကြောင်း၊ ရွှေ့ပြောင်းနေထိုင်မှုများ၊ မြို့ပြဖွံ့ဖြိုး တိုးတက်မှုများ၊ လူ့သက်တမ်းရှည်ကြာမှုများ အရှိန်အဟုန် မြင့်မားလာပါကြောင်း၊ မွေးဖွားနှုန်း လျော့နည်းလာခြင်း၊ မညီမျှမှုမြင့်မားလာခြင်း၊ သဘာဝပတ်ဝန်းကျင် ပျက်စီးလာ ခြင်း၊ ရာသီဥတုပြောင်းလဲခြင်း၊ လုပ်ငန်းအဖွဲ့အစည်းများ မှာလည်း အသင်းအဖွဲ့ စိတ်ဓာတ်ရှိမှု၊ တစ်သားတည်းရှိမှု၊ လိုက်လျောညီထွေ ပြင်ပြောင်းလွယ်မှု၊ ပွင့်လင်းမြင်သာမှု တို့ကိုအခြေခံ၍ စုပေါင်းအင်အားဖြင့် တာဝန်ယူ တာဝန်ခံ ဆောင်ရွက်ခြင်း၊ ကျောင်းများအချင်းချင်း ပူးပေါင်း ဆောင်ရွက်ခြင်း၊ ကျောင်းနှင့် လူမှုအဖွဲ့အစည်းများလည်း အဆင့်လိုက် ပူးပေါင်းဆောင်ရွက်ခြင်းနှင့် သင်ရိုးညွှန်းတမ်း မှာလည်း အပြန်အလှန် မှီခိုမှုအတွက် ပြင်ဆင်မှုအားကောင်း လာပါကြောင်း၊ လူသားကောင်းအတွက် ပညာရေး၊ ကျယ်ကျယ်ပြန့်ပြန့် နက်နက်နဲနဲ သင်ယူရန်လိုအပ်ပါ ကြောင်း၊ နောက်ခံအခြေအနေနှင့် မျှော်မှန်းချက်မတူသူ များအတွက် စုပေါင်းအင်အားဖြင့် တာဝန်ယူ တာဝန်ခံ၍ ဆုံးဖြတ်ပြီး တစ်သက်တာ ဒစ်ဂျစ်တယ်သင်ယူမှု အခွင့် အလမ်း၊ တစ်သက်တာပေါင်းစပ်သင်ယူမှု အခွင့်အလမ်းများ ပံ့ပိုးဖြည့်ဆည်းဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း။

 

ပညာရေးက စက်မှုထက်သာလွန်အားကောင်းပါက သုခချမ်းသာပြည့်ဝ(Prosperity)၍ စက်မှုက ပညာရေးထက် သာလွန်အားကောင်းပါက စိတ်ဖိစီးမှု၊ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာများ (Pain) ခံစားရကြောင်းကို သုတေသနအစီရင် ခံစာများ၌ ဖော်ပြထားသည်ကို လေ့လာတွေ့ရှိရပါကြောင်း။

 

အဆင့်မြင့်ကျွမ်းကျင်မှု လိုအပ်လာ

 

“သင်ယူမှု မျိုးဆက် အစီရင်ခံစာ ၂၀၁၇” (Learning Generation Report 2017)တွင် လူမှုအဖွဲ့အစည်းဆိုင်ရာ ပြောင်းလဲမှု၊ စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ရှာဖွေတွေ့ရှိ ချက်များပေါ်တွင် မူတည်ပြီး ရာစုနှစ်ပေါင်းများစွာ ပြောင်းလဲခဲ့ပါကြောင်း၊ နည်းပညာဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်ခြင်း (Automation)၊ (Artificial Intelligence၊ Robotics၊ Cloud Computing၊ Big Data၊ Internet of Things)၊ လုပ်သားဈေးကွက်ပြောင်းလဲလာခြင်းနှင့် အလုပ် အကိုင် အခွင့်အလမ်းအတွက် ပြိုင်ဆိုင်မှုပြင်းထန်လာပြီး အဆင့်မြင့်ကျွမ်းကျင်မှု လိုအပ်လာပါကြောင်း၊ ခေတ်မီ နည်းပညာများကို ဆန်းသစ်တီထွင်ဖန်တီးမှုကြောင့် အလုပ် အကိုင်အများစုမှာ မကြာမီကာလတွင် ပျောက်ကွယ်သွား မည်ဖြစ်ပြီး အရည်အသွေးရှိသည့် ပညာရေးတစ်ခုတည်း ကသာ လိုအပ်သော အဆင့်မြင့်ကျွမ်းကျင်မှုရရှိစေရန်၊ မညီမျှမှုများလျှော့ချရန်၊ အနာဂတ် သုခချမ်းသာပြည့်ဝ စေရန် အာမခံပေးနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဉာဏ်ရည်ဉာဏ်သွေးထက်မြက်မှု (IQ)နှင့် စိတ်ရင့်ကျက် တည်ငြိမ်မှု၊ တစ်ပါးသူကို စာနာပေးနိုင်မှု (EQ) စသည့် ၂၁ ရာစုကို စိန်ခေါ်နိုင်သော အရည်အသွေးရှိသည့် ပညာရေး စနစ်ကို စုပေါင်းအင်အားဖြင့် ဖော်ဆောင်ရန် အရေးကြီးပါ ကြောင်း။

 

အဆင့်မြင့်ပညာ အကြံပေးပညာရှင် ဒေါက်တာ ဂျမေးဆာမီ၏ ‌ဟောပြောပို့ချချက်တစ်ခုတွင် ပညာရေး ပြုပြင်ပြောင်းလဲ ဆောင်ရွက်ရာတွင် စိန်ခေါ်မှုအသစ်များနှင့် အခွင့်အလမ်းများကို ဖော်ပြရာတွင် ဆန်းသစ်တီထွင်မှု အတွက် ပညာရေးတွင် TVET နှင့် တက္ကသိုလ်ပညာရေး ရေရှည်တည်တံ့ခိုင်မြဲ၍ ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်ထားရှိရန်၊ ကျွမ်းကျင်မှုနှင့် ပရော်ဖက်ရှင်နယ် အတွက် စီစဉ်ဆောင်ရွက်ရန်၊ တန်ဖိုးထားမှုနှင့် ကမ္ဘာ့ လူသားကောင်းဖြစ်လာရန်၊ လူ့အဖွဲ့အစည်းအားလုံးသည် သင်ယူသူများဖြစ်လာရန်နှင့် ကျောင်းများ ဖွံ့ဖြိုးတိုးတက် ရေးနှင့် စွမ်းရည်မြှင့်တင်ရန်လိုပါကြောင်း။

ဆန်းသစ်တီထွင်သည့် သင်ကြားသင်ယူမှု နည်းလမ်း ဖြင့် ဦးဆောင်ရန်လိုပါကြောင်း၊ ဆန်းသစ်သည့် စွမ်းရည် များ၊ ကျွမ်းကျင်မှုများနှင့် သဘောထားအမြင်များ၊ ဆန်းသစ် တီထွင်၍ ခေတ်မီနည်းပညာများ အသုံးပြုကာ အနာဂတ် အလုပ်အကိုင်များဆောင်ရွက်ရန်လိုပါကြောင်း၊ နည်းပညာဖွံ့ဖြိုးတိုးတက်မှုကြောင့် အလုပ်အကိုင် အခွင့်အလမ်း နည်းလာ၍ ယှဉ်ပြိုင်မှု ပြင်းထန်လာခြင်းနှင့် အလုပ်အကိုင် အသစ်များ ပေါ်ထွက်လာပါကြောင်း၊ လွန်ခဲ့သော ၁၀ နှစ် ခန့်က မရှိခဲ့သည့် ကွန်ပျူတာတွင် လုပ်ငန်းတစ်ရပ်အတွက် အသုံးချနိုင်ရန် ရေးဆွဲထားသူ (App Developer)၊ လူမှု မီဒီယာမန်နေဂျာ (Social Media Manager)/ YouTube အကြောင်းအရာများကို ဖန်တီးသူ (YouTube Content Creator)၊ ဒစ်ဂျစ်တယ်ဆိုင်ရာ ဘေးအန္တရာယ်ကို စီမံ ထိန်းသိမ်းသူ (Digital Risk Manager)၊ မြို့တော်အခက် အခဲများ၊ ဝန်ဆောင်မှုများကို နည်းပညာဖြင့် ဖြေရှင်း ဆောင်ရွက်သည့် မြို့တော် (Smart City)၊ အဆောက်အဦ များကို နည်းပညာအသုံးပြု၍ ပုံစံရေးဆွဲသူ (Smart Building Architect)၊ မောင်းသူမဲ့ကားအတွက် စီမံ ဆောင်ရွက်သော စက်မှုအတတ်ပညာရှင် (Driver-less Car Engineer)၊ Cloud ကွန်ပျူတာအတတ် အထူးပညာရှင် (Cloud Computing Specialist)၊ များပြားသော သတင်း အချက်အလက်များကို စိစစ်သူ (Big Data Analyst)၊ ရေရှည်တည်တံ့ခိုင်မြဲမှုကို စီမံထိန်းသိမ်းသူ (Sustainability Manager)၊ မောင်းသူမဲ့လေယာဉ်ကို မောင်းသူ (Drone Operator) စသည့် အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ထွက်လာပါကြောင်း၊ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် စက်မှုဆိုင်ရာ ပုံကြမ်းရေးဆွဲသူများ (Mechanical Drafters)၊ ကွန်ပျူတာ ပရိုဂရမ်ရေးဆွဲသူနှင့် ဆော့ဖ်ဝဲရေးဆွဲသူများ (Computer Programmers & Software Developers)၊ ဗိသုကာနှင့် မြို့ပြဆိုင်ရာ ပုံကြမ်းရေးဆွဲသူများ (Architectural and Civil Drafters)၊ ကြော်ငြာလုပ်ငန်းနှင့် အရောင်းမြှင့်တင်ရေး မန်နေဂျာများ (Advertising and Promotion Managers)၊ ဆေးဝါးကျွမ်းကျင်ပညာရှင်များ (Pharmacists)၊ အာမခံသူ (Insurance Underwriters)၊ ပတ်ဝန်းကျင်ဆိုင်ရာ စက်မှု ကျွမ်းကျင်သူ (Environmental Engineers)၊ အီလက် ထရောနစ်နှင့် လျှပ်စစ်ဆိုင်ရာ ပုံကြမ်းရေးဆွဲသူ (Electronics and Electrical Drafters)၊ အာမခံကိန်းဂဏန်း ဆိုင်ရာ သင်္ချာပါရဂူများ (Actuaries) ကို ဦးစားပေးလာပါ ကြောင်း၊ စင်ကာပူနိုင်ငံတွင် အစားအသောက်၊ ဆေးဝါး၊ ဒစ်ဂျစ်တယ်နည်းပညာများကို ဦးစားပေးပြီး နည်းပညာ အသစ်များဖြစ်သည့် ကွန်ပျူတာနှင့် အင်တာနက် (Computers and Internet)၊ ဉာဏ်ရည်တု (Artificial Intelligence)၊ ပကတိနည်းပါးဖြစ်အောင် ဖန်တီးခြင်း (Virtual Reality/ Augmented Reality)၊ အတူတကွ ပူးပေါင်းဆောင်ရွက်သည့်နေရာများ (Collaborative Platforms)၊ သုံးဖက်မြင်ပုံနှိပ်ခြင်း (3-D Printing)၊ များပြားသော သတင်းအချက်အလက်များ စုစည်းထားခြင်း (Big Data) ၊ ကွန်ရက်ချိတ်ထားသော ကွန်ပျူတာများအကြား ဆက်သွယ်မှု မှတ်တမ်းတင်နိုင်သော စနစ်ကို အသုံးပြု ထားသော စက်ရုပ်ဆိုင်ရာနည်းပညာ (Blockchain Robotics) ၊ ဉာဏ်ရည်၊ ဉာဏ်စွမ်းရှိသော အီလက်ထရောနစ် နည်းပညာ (Intelligent Electronics)၊ ဆက်သွယ် ထိန်းချုပ်မှု သိပ္ပံ (Cybernetics)၊ လူသားများ၏ အင်္ဂါအဖွဲ့ အစည်းများနှင့် ဇီဝကလပ်စည်း နည်းပညာ (Organ and Human Tissue Technology)၊ ဒစ်ဂျစ်တယ်စက်မှုဆိုင်ရာ ကုန်ထုတ်လုပ်ခြင်း (Digital Industrial Production)၊ မြို့ပြစိုက်ပျိုးရေး (Urban Agriculture)၊ စွန့်ပစ်ပစ္စည်း များကို ပြန်လည်အသုံးချနိုင်ရန် ဆောင်ရွက်သည့် စီးပွား ရေးကျွမ်းကျင်သူ (Circular Economy Specialists)၊ ရေအောက်ကမ္ဘာနည်းပညာ (Deep Ocean Technology)၊ ဘက်ထရီဆိုင်ရာနည်းပညာ (Battery Technology)၊ နေစွမ်းအင်နှင့် လေစွမ်းအင်ဆိုင်ရာ နည်းပညာ (Solar and Wind Energy Technology) တို့သည် ပရော်ဖက်ရှင် နယ်အသစ်များဖြစ်လာပါကြောင်း။

 

၂၁ ရာစု ကျွမ်းကျင်မှုများ၊ စာတတ်မြောက်မှု၊ အခြေခံ သင်္ချာ၊ သိပ္ပံ၊ အိုင်စီတီ၊ ဘဏ္ဍာရေး၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ နီတိ စသည့် အခြေခံတတ်မြောက်မှုများ၊ ရှုပ်ထွေးနက်နဲ သည့် စွမ်းရည်များဖြစ်သည့် သတင်းအချက်အလက် ခွဲခြမ်း စိတ်ဖြာခြင်း (Information Analysis)၊ ဝေဖန်ပိုင်းခြား စဉ်းစားတတ်ခြင်းနှင့် ပြဿနာဖြေရှင်းတတ်ခြင်း (Critical Thinking & Problem Solving)၊ စာမျက်နှာ ၁၀ သို့ v