အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ရေးဆွဲရေးအတွက် အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ကဏ္ဍခွဲအလိုက်လုပ်ငန်းအဖွဲ့များတို့နှင့် ညှိနှိုင်းဆွေးနွေး

 

 

နေပြည်တော် ဒီဇင်ဘာ ၁၆

 

အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) (National Education Strategic Plan-NESP) (2021-2030) ရေးဆွဲရေးအတွက် အစိုးရမဟုတ်သောအဖွဲ့အစည်းများ (NGO)၊ နိုင်ငံတကာအစိုးရမဟုတ် သောအဖွဲ့အစည်းများ (INGO)၊ အရပ် ဘက်အဖွဲ့အစည်းများ(CSO)၊ ကဏ္ဍခွဲ အလိုက်လုပ်ငန်းအဖွဲ့များ (SSWG) တို့နှင့် ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ပညာရေး ဝန်ကြီးဌာန ရုံးအမှတ်(၁၃)မှ အွန်လိုင်း စနစ်ဖြင့် ကျင်းပသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြောကြားရာတွင် အမျိုး သား ပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) သည် ၂၀၁၂ ခုနှစ်က ဆောင်ရွက်ခဲ့သည့် ဘက်စုံလွှမ်းခြုံ နိုင်သောပညာရေးကဏ္ဍ လေ့လာ သုံးသပ်ရေးလုပ်ငန်း (The Comprehensive Education Sector Review - CESR) နှင့် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၀) တို့၏ အဆက်ဖြစ်ပါကြောင်း၊ ရေရှည် တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးမှုပန်းတိုင် (SDG-4)၊ မြန်မာနိုင်ငံ၏ ရေရှည် တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP)၊ OECD’s Learning Compass (2030), ယူနက်စကို၏ Future of Education (2030) တို့နှင့် လိုက်လျောညီထွေ ဖြစ်အောင် ဆောင်ရွက်ရခြင်းဖြစ်သည့် အတွက် အကောင်အထည်ဖော် ဆောင်ရွက်သည့်ကာလမှာ ၁၀ နှစ် ဖြစ်ပါကြောင်း၊ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀)ရေးဆွဲရေးအတွက် ညှိနှိုင်းဆွေးနွေးပွဲ များ ပြုလုပ်ခဲ့ရာ ယနေ့ကျင်းပသော အစည်းအဝေးသည် ၁၅ ကြိမ်မြောက် အစည်းအဝေးဖြစ်ပါကြောင်း၊ ဆွေးနွေး ပွဲတွင် ပါဝါပွိုင့်ဖြင့် တင်ပြနိုင်ရေး အတွက် မဟာဗျူဟာ (Strate- gies) နှင့် လုပ်ငန်းအစီအစဉ် (Components) များကို ရေးဆွဲပြုစုပေးကြပါ သော နိုင်ငံတကာအကြံပေးပညာရှင် များနှင့် ပြည်တွင်း ပြည်ပ အကြံပေး ပညာရှင်များ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ၊ မူကြမ်းရေးဆွဲရေးအဖွဲ့ များ၊ ပူးပေါင်းဆောင်ရွက်သူများအားလုံးနှင့် အစည်းအဝေးသို့ တက်ရောက် လာသည့် အစိုးရမဟုတ်သောအဖွဲ့ အစည်းများ၊ နိုင်ငံတကာအစိုးရမဟုတ် သောအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့ အစည်းများနှင့် ကဏ္ဍခွဲအလိုက် လုပ်ငန်းအဖွဲ့တို့မှ တာဝန်ရှိပုဂ္ဂိုလ်များ ကို ကျေးဇူးတင်ရှိပါကြောင်း၊ COVID-19 ကပ်ရောဂါဖြစ်ပွားမှုနှင့်အတူ အခြေခံပညာကျောင်းများ၊ နည်းပညာ နှင့် သက်မွေးပညာကျောင်းများ၊ တက္ကသိုလ်များ ဘေးကင်းလုံခြုံ၍ ကျန်းမာပျော်ရွှင်သော အရည်အသွေး ရှိ တစ်သက်တာသင်ယူမှု ဝန်းကျင် ကောင်းများဖြစ်ရန် လိုအပ်လာပါ ကြောင်း၊ အရည်အသွေးရှိပညာရေး စနစ်ကို စဉ်ဆက်မပြတ် သင်ယူနိုင်ရေး နှင့် အထူးသဖြင့် တိုင်းရင်းသားဒေသ များ၊ ဝေးလံခေါင်ဖျားဒေသများ၊ ဖွံ့ဖြိုးမှု အားနည်းသောဒေသများရှိ ကျောင်း သူ ကျောင်းသားများ သင်ယူနိုင်ရေးကို လည်း ပညာရေးဝန်ကြီးဌာနက ဦးစား ပေးပါကြောင်း၊ ယနေ့ ခေတ်ကာလ တွင် ဒစ်ဂျစ်တယ်နည်းပညာဖြင့် လေ့လာသင်ယူမှုကို အားပြုဆောင် ရွက်လာရသည်ဖြစ်ရာ High-Tech Learning နှင့် High-Touch Learning တို့ကိုအသုံးပြုကာ ပေါင်းစပ်သင်ယူ မှု ပုံစံ (Blended Learning) ဖြင့် ပြည်ထောင်စုကြီးအတွင်း နေထိုင်သူ များအားလုံး၊ ကျောင်းသူ ကျောင်းသား များ၊ သင်ယူသူများ၊ တစ်သက်တာ လေ့လာသူများ ၂၁ ရာစုကျွမ်းကျင်မှု နှင့် အရည်အသွေးများ ရရှိစေရန် အာမခံနိုင်သည့် အရည်အသွေးရှိသော ကျောင်းများ၊ အဖွဲ့အစည်းများ၊ တက္ကသိုလ်များဖြစ်အောင် ပူးပေါင်း ဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံ လိုပါကြောင်း ပြောကြားသည်။

အစည်းအဝေးတွင် ပညာရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် သက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များ က အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ရေးဆွဲခြင်း လုပ်ငန်းစဉ်များ၊ အခြေခံပညာကဏ္ဍ၊ နည်းပညာနှင့် သက်မွေးပညာကဏ္ဍ၊ အဆင့်မြင့်ပညာ၊ သုတေသနနှင့် ဆန်းသစ်တီထွင်မှုကဏ္ဍတို့ ရေးဆွဲ ရေးကိစ္စများကို ရှင်းလင်းတင်ပြကြ သည်။ ထို့နောက် အစည်းအဝေး တက်ရောက်လာသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် မေးမြန်းဆွေးနွေး အကြံပြုခဲ့ကြကြောင်း သတင်းရရှိ သည်။ သတင်းစဉ်